အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




ဝတ်​ပြု 13:58 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

လျှော်​ပြီး​သော အဝတ်​၊ တိုင်ချည်​၊ ဖောက်ချည်​၊ သားရေ​အသုံးအဆောင်​တစ်ခုခု​စသည်​တို့​၌ အနာ​ပျောက်သွား​လျှင် နောက်တစ်ခါ လျှော်​ရ​မည်​။ ထို့နောက်မှ စင်ကြယ်​လိမ့်မည်​။

အခန်းကိုကြည့်ပါ။

Common Language Bible

သူ​သည်​ပစ္စည်း​ကို​ဖွပ်​လျှော်​သ​ဖြင့်​ဖား​ဥ ကွက်​ပျောက်​လျှင် နောက်​တစ်​ကြိမ်​ထပ်​မံ​ဖွပ် လျှော်​ရ​မည်။ ထို့​နောက်​ပစ္စည်း​သည်​ဘာ​သာ ရေး​ထုံး​နည်း​အ​ရ​သန့်​ရှင်း​လိမ့်​မည်။

အခန်းကိုကြည့်ပါ။

Garrad Bible

ဖွပ် လျှော် ပြီး အ ဝတ်၊ အ တိုင် အ ဖောက်၊ သား ရေ ဖြင့် လုပ် သော အ ရာ ရာ၌ အ မှတ် လ က္ခ ဏာ ကင်း ပျောက် လျှင် မူ ကား ထပ် မံ ဖွပ် လျှော် ပြီး မှ သန့် ရာ ရောက် လိမ့် မည်။

အခန်းကိုကြည့်ပါ။

Judson Bible

ရက်​ကန်း​ပင်၊ ရက်​ကန်း​သား​အ​ဝတ်၊ သား​ရေ​အ​သုံး​အ​ဆောင်​ဟူ​သ​မျှ​ကို ဆေး​လျှော်၍ အ​နာ​ပျောက်​လျှင်၊ ဒု​တိ​ယ​အ​ကြိမ်​ဆေး​လျှော်၍ စင်​ကြယ်​ရ၏။

အခန်းကိုကြည့်ပါ။



ဝတ်​ပြု 13:58
10 ပူးပေါင်းရင်းမြစ်များ  

ဧလိရှဲ​က သူ့​ထံ​လူ​လွှတ်​၍ “​ဂျော်ဒန်​မြစ်​သို့​သွား​ပြီး ခုနစ်​ကြိမ်​ရေချိုး​ပါ​။ သို့ပြုလျှင် သင့်​အသားအရေ​သည် ပြန်ကောင်း​လာ​ပြီး စင်ကြယ်​သွား​လိမ့်မည်​”​ဟု မှာလိုက်​၏​။


ထို့ကြောင့် နေမန်​သည် ဘုရားသခင်​၏​လူ​ပြော​သော​စကား​အတိုင်း ဂျော်ဒန်​မြစ်​သို့​ဆင်းသွား​ပြီး ခုနစ်​ကြိမ်​ရေနှစ်​လိုက်​သောအခါ သူ့​အသားအရေ​သည် သူငယ်​အသားအရေ​ကဲ့သို့​ဖြစ်​ပြီး စင်ကြယ်​သွား​လေ​၏​။


အကျွန်ုပ်​၏​ဒုစရိုက်​ကို အကုန်အစင်​ဆေးကြော​၍ အကျွန်ုပ်​၏​အပြစ်​မှ အကျွန်ုပ်​ကို​စင်ကြယ်​စေ​တော်မူ​ပါ​။


ချည်ချော​၊ သို့မဟုတ် သိုးမွေး​တို့​၏​တိုင်ချည်​၊ ဖောက်ချည်​၊ သားရေ​၊ သို့မဟုတ် သားရေ​ဖြင့်​လုပ်သောပစ္စည်း​တစ်ခုခု စသည်​တို့​၌ မှိုစွဲနာ​ရှိ​၍


အဝတ်​၊ တိုင်ချည်​၊ ဖောက်ချည်​၊ သားရေ​အသုံးအဆောင်​တစ်ခုခု စသည်​တို့​၌ အနာ​ထပ်​ပေါ်လာ​လျှင် ထို​အနာ​သည် ပြန့်ပွား​တတ်​သော​အနာ​ဖြစ်၍ သင်​သည် ထို​အနာစွဲ​သော​ပစ္စည်း​ကို မီး​ရှို့​ပစ်​ရ​မည်​။


ဤသည်ကား စင်ကြယ်​သည်​၊ မစင်ကြယ်​သည်​ကို​ကြေညာ​နိုင်​ရန် သိုးမွေး​အဝတ်​၊ ချည်ချော​အဝတ်​၊ တိုင်ချည်​၊ ဖောက်ချည်​၊ သားရေ​အသုံးအဆောင်​တစ်ခုခု​စသည်​တို့​၌​စွဲ​သည့် မှိုစွဲနာ​နှင့်ဆိုင်သော​ပညတ်တရား​ဖြစ်​၏​”​ဟု မိန့်​တော်မူ​၏​။


ဤ​ကိစ္စ​နှင့်​ပတ်သက်၍ ၎င်း​ကို ငါ့​ထံမှ​ဖယ်ရှား​ပေး​ပါ​မည့်​အကြောင်း သခင်​ဘုရား​ထံ သုံး​ကြိမ်​တိုင်တိုင် ငါ​တောင်းလျှောက်​ခဲ့​၏။


ချစ်​ရ​သော​သူ​တို့၊ ငါ​တို့​၌ ဤသို့​သော ကတိ​တော်​များ​ရှိ​ကြ​သောကြောင့် ကိုယ်ကာယ​နှင့်​စိတ်​ဝိညာဉ်​တို့​၏​အညစ်အကြေး​ရှိသမျှ​တို့​မှ မိမိတို့ကိုယ်ကို​စင်ကြယ်​စေ​၍ ဘုရားသခင်​ကို​ကြောက်ရွံ့​ခြင်း​အားဖြင့် မြင့်မြတ်​သန့်ရှင်း​ခြင်း​နှင့်​ပြည့်စုံ​ကြ​ကုန်စို့။


ထို​အရာ​တို့​သည် စားစရာ၊ သောက်​စရာ​နှင့် အထူးထူး​အပြားပြား​သော​ဆေးကြော​ခြင်း​ဝတ်​များ​နှင့်ဆိုင်​၍ အသစ်​ပြုပြင်​ရာ​ကာလ​တိုင်အောင် ထုံးဖွဲ့​ထား​သော ကိုယ်ကာယ​နှင့်ဆိုင်သည့် ပြဋ္ဌာန်း​ချက်​များ​သာ​ဖြစ်​ကြ​၏။


သစ္စာ​ရှိ​သော​သက်သေ၊ သေ​သော​သူ​တို့​ထဲမှ အဦးဆုံး​ဖွားမြင်​လာ​သူ၊ ကမ္ဘာ​မြေကြီး​၏​ရှင်ဘုရင်​တို့​ကို​အုပ်ချုပ်​သူ ဖြစ်တော်မူ​သော ယေရှု​ခရစ်တော်​ထံမှ​လည်းကောင်း ကျေးဇူး​တော်​နှင့်​ငြိမ်သက်​ခြင်း​သည် သင်​တို့​၌​ရှိ​ပါစေ​သော။ ငါ​တို့​ကို​ချစ်​တော်မူ​၍ မိမိ​၏​သွေး​တော်​အားဖြင့် ငါ​တို့​အပြစ်​များ​မှ ငါ​တို့​ကို​ဖြေလွှတ်​ကာ