သင်ပြုသောညစ်ညမ်းမှုများကြောင့် သင့်ကိုအညစ်အကြေးများ ကပ်နေလေပြီ။ ငါသည် သင့်ကိုစင်ကြယ်အောင်လုပ်သော်လည်း သင်မစင်ကြယ်နိုင်။ သင့်အပေါ်ကျရောက်သော ငါ့အမျက်ဒေါသမပြေမချင်း သင်စင်ကြယ်ခွင့်ရမည်မဟုတ်။
ဝတ်ပြု 13:55 - မြန်မာ့စံမီသမ္မာကျမ်း အနာစွဲသောပစ္စည်းကို လျှော်ပြီးသည့်နောက် ယဇ်ပုရောဟိတ်သည် ကြည့်ရှုစစ်ဆေးရမည်။ အနာ၏လက္ခဏာသည် ပြောင်းလဲခြင်းမရှိ။ အနာသည်ပျံ့သွားခြင်းမရှိလျှင်လည်း ထိုပစ္စည်းသည် မစင်ကြယ်။ မီးရှို့ပစ်ရမည်။ ထိုပစ္စည်း၏အတွင်း၊ သို့မဟုတ် အပြင်၌ မှိုတက်နေခြင်းဖြစ်၏။ Common Language Bible ထို့နောက်ယဇ်ပုရောဟိတ်သည်ပစ္စည်းကိုစစ် ဆေးရမည်။ ဖားဥကွက်သည်မပြန့်ပွားသော် လည်းအရောင်မပြောင်းလဲလျှင် ထိုပစ္စည်းသည် မသန့်ရှင်းချေ။ ထိုပစ္စည်းသည်အတွင်းအပြင် ဆွေးမြေ့နေကြောင်းတွေ့ရှိရလျှင် ယင်းကို မီးရှို့ဖျက်ဆီးရမည်။- Judson Bible ဆေးလျှော်ပြီးမှ ယဇ်ပုရောဟိတ်သည် ကြည့်ရှုပြန်၍၊ အနာမတိုးပွားသော်လည်း၊ အဆင်းမခြားနားလျှင်၊ မစင်ကြယ်။ မီးရှို့ရမည်။ အတွင်း၌ဖြစ်စေ၊ ပြင်၌ဖြစ်စေ၊ ဆွေးမြေ့ခြင်းရှိ၏။ |
သင်ပြုသောညစ်ညမ်းမှုများကြောင့် သင့်ကိုအညစ်အကြေးများ ကပ်နေလေပြီ။ ငါသည် သင့်ကိုစင်ကြယ်အောင်လုပ်သော်လည်း သင်မစင်ကြယ်နိုင်။ သင့်အပေါ်ကျရောက်သော ငါ့အမျက်ဒေါသမပြေမချင်း သင်စင်ကြယ်ခွင့်ရမည်မဟုတ်။
အနာစွဲသောပစ္စည်းကို လျှော်ရန် မိန့်မှာရမည်။ ထို့နောက် ထိုပစ္စည်းကို နောက်ထပ်ခုနစ်ရက် သီးခြားထားရမည်။
ထိုပစ္စည်းကို ဆေးကြောပြီးသည့်နောက် ယဇ်ပုရောဟိတ်ကြည့်ရှုစစ်ဆေး၍ အနာသည် ပါးသွားလျှင် အနာကို အဝတ်၊ သားရေ၊ တိုင်ချည်၊ ဖောက်ချည်တို့မှ ဖယ်ထုတ်ရမည်။
ထိုပါရမီများမရှိသောသူမူကား မျက်စိမမြင်သောသူ၊ အဝေးမှုန်သောသူဖြစ်ပြီး ယခင်ပြုခဲ့သောမိမိအပြစ်များ စင်ကြယ်စေခြင်းခံရသည်ကို မေ့လျော့နေ၏။