ယဇ်ပုရောဟိတ်သည် ကြည့်ရှုစစ်ဆေး၍ အနာသည် အဝတ်၊ တိုင်ချည်၊ ဖောက်ချည်၊ သားရေအသုံးအဆောင်တစ်ခုခု စသည်တို့၌ ပျံ့သွားခြင်းမရှိလျှင်
ဝတ်ပြု 13:54 - မြန်မာ့စံမီသမ္မာကျမ်း အနာစွဲသောပစ္စည်းကို လျှော်ရန် မိန့်မှာရမည်။ ထို့နောက် ထိုပစ္စည်းကို နောက်ထပ်ခုနစ်ရက် သီးခြားထားရမည်။ Common Language Bible ထိုပစ္စည်းကိုဖွပ်လျှော်စေပြီးနောက် ခုနစ်ရက် ထပ်မံ၍သိမ်းထားရမည်။- Garrad Bible အ မှတ် လ က္ခ ဏာ ရှိ သော အ ရာ ကို ဖွပ် လျှော် ရန် မိန့် မှာ သည့် အ တိုင်း ဖွပ် လျှော် ကြ ပြီး လျှင် ပ ရော ဟိတ် သည် ခု နစ် ရက် ပတ် လုံး ဆက် လက် လှောင် ထား ပြီး နောက် ရှု ကြည့် ပြန် ရာ အ မှတ် လ က္ခ ဏာ မ တိုး သော် လည်း အ ရောင် မ ပြောင်း ကြောင်း တွေ့ သော် မ သန့် ချေ။ အ တွင်း အ ပြင် စား နာ ဖြစ် သော ကြောင့် ကျွမ်း လောင် စေ ရ မည်။ Judson Bible အနာစွဲသောအရာကို ဆေးလျှော်စေမည်အကြောင်း၊ ယဇ်ပုရောဟိတ်စီရင်၍ တစ်ဖန် ခုနစ်ရက်ပတ်လုံး လုံခြုံစွာထားရမည်။ |
ယဇ်ပုရောဟိတ်သည် ကြည့်ရှုစစ်ဆေး၍ အနာသည် အဝတ်၊ တိုင်ချည်၊ ဖောက်ချည်၊ သားရေအသုံးအဆောင်တစ်ခုခု စသည်တို့၌ ပျံ့သွားခြင်းမရှိလျှင်
အနာစွဲသောပစ္စည်းကို လျှော်ပြီးသည့်နောက် ယဇ်ပုရောဟိတ်သည် ကြည့်ရှုစစ်ဆေးရမည်။ အနာ၏လက္ခဏာသည် ပြောင်းလဲခြင်းမရှိ။ အနာသည်ပျံ့သွားခြင်းမရှိလျှင်လည်း ထိုပစ္စည်းသည် မစင်ကြယ်။ မီးရှို့ပစ်ရမည်။ ထိုပစ္စည်း၏အတွင်း၊ သို့မဟုတ် အပြင်၌ မှိုတက်နေခြင်းဖြစ်၏။