အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




ဝတ်​ပြု 13:36 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ယဇ်ပုရောဟိတ်​သည် သူ့​ကို ကြည့်ရှု​စစ်ဆေး​ရ​မည်​။ ယားနာ​သည် အရေပြား​ပေါ်၌ ပျံ့သွား​လျှင် ယဇ်ပုရောဟိတ်​သည် အမွေး​ဝါ​ရှိ​၊ မ​ရှိ စစ်ဆေး​ရန်​မ​လို​။ သူ​သည် မစင်ကြယ်​။

အခန်းကိုကြည့်ပါ။

Common Language Bible

ယဇ်​ပု​ရော​ဟိတ်​သည်​ထို​သူ​ကို​ထပ်​မံ​စစ်​ဆေး ရ​မည်။ အ​နာ​သည်​ပြန့်​ပွား​လျက်​ရှိ​ကြောင်း တွေ့​ရ​လျှင် အ​မွေး​ဝါ​သည်​မ​ဝါ​သည်​ကို​စစ် ဆေး​ကြည့်​ရန်​မ​လို။ အ​ဘယ်​ကြောင့်​ဆို​သော် သူ​သည်​မ​သန့်​ရှင်း​ကြောင်း​ထင်​ရှား​နေ​ပြီ ဖြစ်​သည်။-

အခန်းကိုကြည့်ပါ။

Garrad Bible

အ ရေ၌ တိုး ကြောင်း ကို တွေ့ လျှင် အ မွေး ဝါ ကို ရှာ ရန် မ လို၊ မ သန့် ဖြစ် ၏။

အခန်းကိုကြည့်ပါ။

Judson Bible

ယဇ်​ပု​ရော​ဟိတ်​သည်​ကြည့်​ရှု​ပြန်၍ အ​နာ​တိုး​ပွား​သည်​မှန်​လျှင်၊ ယဇ်​ပု​ရော​ဟိတ်​သည် ဝါ​သော​အ​မွေး​ကို မ​ရှာ​ရ။ ထို​သူ​သည်​မ​စင်​ကြယ်။

အခန်းကိုကြည့်ပါ။



ဝတ်​ပြု 13:36
4 ပူးပေါင်းရင်းမြစ်များ  

ယဇ်ပုရောဟိတ်​သည် အနာ​ကို ကြည့်ရှု​စစ်ဆေး​ရ​မည်​။ အနာ​သည် အရေပြား​အောက်​ရောက်​နေ​ဟန်​ရှိ​လျက် အနာ​ပေါ်တွင် အမွေး​ဝါ​ပါးပါး​ရှိ​နေ​လျှင် ယဇ်ပုရောဟိတ်​သည် သူ့​အား မစင်ကြယ်​သော​သူ​ဖြစ်​သည်​ဟု ကြေညာ​ရ​မည်​။ ထို​အနာ​သည် ယားနာ​ဖြစ်​၏​။ ခေါင်း​၊ သို့မဟုတ် မေး​တို့​၌​ဖြစ်​သော အနာကြီးရောဂါ​ဖြစ်​၏​။


သူ​သည် သန့်စင်​ပြီးမှ ယားနာ​သည် အရေပြား​ပေါ်၌ ပို၍​ပျံ့သွား​လျှင်


ယားနာ​သည် တန့်​နေ​၍ ယားနာ​ပေါ်၌ အမွေး​မည်း​ပေါက်​နေ​သည်​ဟု ယဇ်ပုရောဟိတ်​မြင်​လျှင် ထို​သူ​သည် ယားနာ​ပျောက်ကင်း​၍ စင်ကြယ်​ပြီ​ဖြစ်​သောကြောင့် ယဇ်ပုရောဟိတ်​သည် သူ့​အား စင်ကြယ်​သော​သူ​ဖြစ်​သည်​ဟု ကြေညာ​ရ​မည်​။


ခုနစ်​ရက်​မြောက်​သော​နေ့​၌ ယဇ်ပုရောဟိတ်​သည် တစ်ဖန်​လာ​၍ ကြည့်ရှု​စစ်ဆေး​ရ​မည်​။ အနာ​သည် အိမ်​နံရံ​ပေါ်၌ ပျံ့သွား​လျှင်