အစက်အပြောက်သည် ပျံ့သွားခြင်းမရှိဘဲ နဂိုနေရာ၌ရှိနေလျှင် ၎င်းသည် အနာစိမ်း၏အမာရွတ်ဖြစ်၏။ ယဇ်ပုရောဟိတ်သည် သူ့အား စင်ကြယ်သောသူဖြစ်သည်ဟု ကြေညာရမည်။
ဝတ်ပြု 13:26 - မြန်မာ့စံမီသမ္မာကျမ်း ယဇ်ပုရောဟိတ်သည် ကြည့်ရှုစစ်ဆေးသောအခါ အစက်အပြောက်ထဲ၌ အမွေးသည် မဖြူ၊ အရေပြားအောက်ရောက်နေဟန်မရှိဘဲ ပါးသွားလျှင် ယဇ်ပုရောဟိတ်သည် သူ့ကို ခုနစ်ရက် သီးခြားထားရမည်။ Common Language Bible သို့ရာတွင်အနာကွက်၌ရှိသောအမွေးသည် မဖြူ၊ အနာတွင်းမနက်၊ အနာ၏အရောင်လည်း ဖျော့နေကြောင်းတွေ့ရှိရလျှင် ထိုသူအားခုနစ် ရက်သီးခြားနေထိုင်စေရမည်။- Garrad Bible သို့ ရာ တွင် ပ ရော ဟိတ် ရှု ကြည့် ရာ၊ တောက် ထိန် ရာ၌ အ မွေး ဖြူ မ ပါ၊ အ ရေ အောက် မ စွဲ မ ရောက်၊ မှေး မှိန် ကြောင်း တွေ့ လျှင် ခု နစ် ရက် ပတ် လုံး လှောင် ထား ပြီး နောက် Judson Bible ယဇ်ပုရောဟိတ်သည် ကြည့်ရှုသောအခါ၊ နူကွက်၌ ဖြူသောအမွေးမရှိ၊ အရေအောက်၌မစွဲ၊ ခပ်မည်းမည်းဖြစ်လျှင်၊ ယဇ်ပုရောဟိတ်သည် ထိုသူကို ခုနစ်ရက်ပတ်လုံး ချုပ်ထားရမည်။ |
အစက်အပြောက်သည် ပျံ့သွားခြင်းမရှိဘဲ နဂိုနေရာ၌ရှိနေလျှင် ၎င်းသည် အနာစိမ်း၏အမာရွတ်ဖြစ်၏။ ယဇ်ပုရောဟိတ်သည် သူ့အား စင်ကြယ်သောသူဖြစ်သည်ဟု ကြေညာရမည်။
ယဇ်ပုရောဟိတ်သည် ကြည့်ရှုစစ်ဆေးရမည်။ အစက်အပြောက်ထဲရှိအမွေးသည်ဖြူသွား၍ ထိုအစက်အပြောက်သည် အရေပြားအောက်ရောက်နေဟန်ရှိလျှင် ၎င်းသည် အပူလောင်နာရှိသောနေရာမှ ပေါ်လာသော အနာကြီးရောဂါဖြစ်၏။ ယဇ်ပုရောဟိတ်သည် သူ့အား မစင်ကြယ်သောသူဖြစ်သည်ဟု ကြေညာရမည်။ အနာကြီးရောဂါဖြစ်၏။
ခုနစ်ရက်မြောက်သောနေ့၌ ယဇ်ပုရောဟိတ်သည် သူ့ကို ကြည့်ရှုစစ်ဆေးရမည်။ အနာသည် အရေပြား၌ ပို၍ပျံ့သွားလျှင် ယဇ်ပုရောဟိတ်သည် သူ့အား မစင်ကြယ်သောသူဖြစ်သည်ဟု ကြေညာရမည်။ အနာကြီးရောဂါဖြစ်၏။