ယဇ်ပုရောဟိတ်သည် အသားစိုကိုကြည့်ရှုစစ်ဆေး၍ သူ့အား မစင်ကြယ်သောသူဖြစ်သည်ဟု ကြေညာရမည်။ အသားစိုသည် မစင်ကြယ်။ အနာကြီးရောဂါဖြစ်၏။
ဝတ်ပြု 13:16 - မြန်မာ့စံမီသမ္မာကျမ်း အသားစိုသည် ပြန်ဖြူသွားလျှင် သူသည် ယဇ်ပုရောဟိတ်ထံသို့ သွားရမည်။ Common Language Bible အနာသည်ပျောက်ကင်း၍တစ်ဖန်ဖြူလာ လျှင် သူသည်ယဇ်ပုရောဟိတ်ထံသို့သွား ရမည်။- Garrad Bible ထို နောက် အ သား ဆိုး ပြောင်း ၍ ဖြူ ဆွတ် ပြန် လျှင် ပ ရော ဟိတ် ထံ ပြန် လာ ဦး မည်။ Judson Bible အသားစိုသည် ခြားနား၍ဖြူပြန်လျှင်၊ ယဇ်ပုရောဟိတ်ထံသို့ တစ်ဖန်လာရမည်။ |
ယဇ်ပုရောဟိတ်သည် အသားစိုကိုကြည့်ရှုစစ်ဆေး၍ သူ့အား မစင်ကြယ်သောသူဖြစ်သည်ဟု ကြေညာရမည်။ အသားစိုသည် မစင်ကြယ်။ အနာကြီးရောဂါဖြစ်၏။
ယဇ်ပုရောဟိတ်သည်လည်း သူ့ကို ကြည့်ရှုစစ်ဆေး၍ အနာသည် ဖြူသွားလျှင် ယဇ်ပုရောဟိတ်သည် အနာဖြစ်နေသောသူအား စင်ကြယ်သောသူဖြစ်သည်ဟု ကြေညာရမည်။ ထိုသူသည် စင်ကြယ်၏။
ကိုယ်တော်သည် မြို့တစ်မြို့၌ရှိတော်မူစဉ် တစ်ကိုယ်လုံးအနာကြီးရောဂါစွဲကပ်နေသူတစ်ဦးသည် ယေရှုကိုမြင်လျှင် ပျပ်ဝပ်လျက် “သခင်ဘုရား၊ ကိုယ်တော်အလိုရှိလျှင် အကျွန်ုပ်ကို စင်ကြယ်စေနိုင်ပါသည်”ဟု တောင်းပန်လေ၏။