ပညတ်တရား၊ သက်သေခံတော်မူချက်တို့ကိုသာ မေးမြန်းသင့်သည်မဟုတ်လော။ ဤစကားနှင့်အညီ မပြောဆိုကြလျှင် သူတို့ထဲ၌ အရုဏ်အလင်းမရောက်သေး။
လုကာ 8:11 - မြန်မာ့စံမီသမ္မာကျမ်း ပုံဥပမာ၏အဓိပ္ပာယ်ကား ဤသို့ဖြစ်၏။ မျိုးစေ့သည် ဘုရားသခင်၏တရားစကားဖြစ်၏။ Common Language Bible ``ဤပုံဥပမာ၏အနက်အဋ္ဌိပ္ပါယ်ကားဤသို့ တည်း။ မျိုးစေ့သည်ဘုရားသခင်၏နှုတ်ကပတ် တော်ကိုဆိုလို၏။- Garrad Bible ဆို ခဲ့ သော ဥ ပ မာ အ ဓိ ပ္ပါယ် ကား မျိုး စေ့ သည် ဘု ရား သ ခင့် တ ရား တော် ဖြစ်၏။ Judson Bible ထိုဥပမာ အနက်အဓိပ္ပာယ်ကား မျိုးစေ့သည် ဘုရားသခင်၏တရားစကား ဖြစ်၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုပုံဥပမာ၏အဓိပ္ပာယ်မှာ မျိုးစေ့သည် ဘုရားသခင်၏တရားစကားဖြစ်၏။ မြန်မာ ထိုဥပမာ အနက်အဓိပ္ပာယ်ကား မျိုးစေ့သည် ဘုရားသခင်၏တရားစကား ဖြစ်၏။- |
ပညတ်တရား၊ သက်သေခံတော်မူချက်တို့ကိုသာ မေးမြန်းသင့်သည်မဟုတ်လော။ ဤစကားနှင့်အညီ မပြောဆိုကြလျှင် သူတို့ထဲ၌ အရုဏ်အလင်းမရောက်သေး။
မည်သူမဆို နိုင်ငံတော်နှင့်ဆိုင်သောတရားစကားကိုကြား၍ နားမလည်ဘဲနေလျှင် မာရ်နတ်သည်လာ၍ သူ၏စိတ်နှလုံးထဲ၌ကြဲထားသောအရာကို လုယူလေ၏။ လမ်းဘေးတွင်ကြဲခြင်းခံရသည်ဆိုသည်မှာ ထိုသို့သောသူကိုဆိုလို၏။
ထို့နောက် ကိုယ်တော်က“ဤပုံဥပမာကိုနားမလည်ကြသလော။ သို့ဖြစ်လျှင် သင်တို့သည် ပုံဥပမာအားလုံးကို မည်ကဲ့သို့နားလည်ကြမည်နည်း။
လမ်းဘေးတွင်ကျသည်ဆိုသည်မှာ ဤသို့သောသူတို့ကိုဆိုလို၏။ တရားစကားကိုသူတို့ကြားသော်လည်း ယုံကြည်၍ကယ်တင်ခြင်းမခံရစေရန် မာရ်နတ်သည်လာ၍ တရားစကားကို သူတို့စိတ်နှလုံးထဲမှနုတ်ယူလေ၏။
ထို့ကြောင့် ညစ်ညူးခြင်းရှိသမျှနှင့် ပြည့်လျှံကဲလွန်သောမကောင်းမှုတို့ကို ဖယ်ရှား၍ သင်တို့အထဲ၌ ထည့်သွင်းထားသောနှုတ်ကပတ်တော်ကို နူးညံ့သိမ်မွေ့သောစိတ်ဖြင့်ခံယူကြလော့။ ထိုနှုတ်ကပတ်တော်သည် သင်တို့၏စိတ်ဝိညာဉ်ကို ကယ်တင်နိုင်၏။