တပည့်သည် ဆရာထက် မြတ်သည်မဟုတ်။ သို့သော် ပြည့်စုံစွာသင်ယူတတ်မြောက်သောသူတိုင်းသည် မိမိဆရာကဲ့သို့ဖြစ်လိမ့်မည်။
တပည့်သည်ဆရာထက်မသာ။ သို့ရာတွင်ပညာ သင်ပြီးဆုံးသောအခါတပည့်သည်ဆရာကဲ့ သို့ဖြစ်လိမ့်မည်။''
တ ပည့် သည် ဆ ရာ့ ထက် မ သာ။ အ ပြီး သတ် သင် ပြီး မှ၊ တ ပည့် တိုင်း ဆ ရာ ကဲ့ သို့ ဖြစ် လိမ့် မည်။
တပည့်သည် ဆရာထက်မသာ။ အပြီးသင်ပြီးသော တပည့်တိုင်း မိမိဆရာကဲ့သို့ ဖြစ်လိမ့်မည်။-
တပည့်သည် ဆရာထက် မြတ်သည်မဟုတ်။ သို့သော်လည်း ကောင်းမွန်စွာလေ့ကျင့်သင်ကြားခြင်းကို ခံယူသောသူတိုင်းသည် မိမိဆရာကဲ့သို့ ဖြစ်လိမ့်မည်။
သူတော်ကောင်းယောင်ဆောင်သော ကျမ်းပြုဆရာနှင့်ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား သင်တို့သည် လူတစ်ဦးကို ဂျူးဘာသာဝင်ဖြစ်လာစေရန် ပင်လယ်နှင့်ကုန်းမြေတို့တွင် လှည့်လည်ကြပြီး ဘာသာဝင်ဖြစ်လာသောအခါ ထိုသူကို သင်တို့ထက် နှစ်ဆဆိုးသောငရဲသားဖြစ်စေကြ၏။
သင်သည် မိမိမျက်စိ၌ရှိသောသစ်တုံးကို သတိမမူဘဲ သင့်ညီအစ်ကို၏မျက်စိ၌ရှိသောသစ်အမှုန်အစကို အဘယ်ကြောင့်မြင်သနည်း။
သင်တို့အား ငါအမှန်အကန်ဆိုမည်။ ကျွန်သည် သူ့သခင်ထက် ကြီးမြတ်သည်မဟုတ်။ စေတမန်သည်လည်း သူ့ကိုစေလွှတ်သောသူထက် ကြီးမြတ်သည်မဟုတ်။
‘ကျွန်သည် သူ့သခင်ထက် ကြီးမြတ်သည်မဟုတ်’ဟု သင်တို့အား ငါပြောခဲ့သည့်စကားကို သတိရကြလော့။ လူတို့သည် ငါ့ကိုညှဉ်းဆဲခဲ့လျှင် သင်တို့ကိုလည်း ညှဉ်းဆဲကြလိမ့်မည်။ ငါ့စကားကိုလိုက်နာစောင့်ထိန်းခဲ့လျှင် သင်တို့၏စကားကိုလည်း လိုက်နာစောင့်ထိန်းကြလိမ့်မည်။