သင့်ထံတောင်းသောသူအား ပေးကမ်းလော့။ သင့်ထံမှ ချေးငှားလိုသောသူကိုလည်း မငြင်းပယ်နှင့်။
လုကာ 6:34 - မြန်မာ့စံမီသမ္မာကျမ်း ပြန်လည်ရရှိမည်ဟုမျှော်လင့်လျက် သူတစ်ပါးအားသင်တို့ချေးငှားလျှင် သင်တို့၌ မည်သည့်ဂုဏ်ယူစရာရှိသနည်း။ အပြစ်သားတို့ပင်လျှင် မူလပမာဏအတိုင်းပြန်လည်ရရှိရန် သူတို့အချင်းချင်းချေးငှားကြ၏။ Common Language Bible ထိုမှတစ်ပါးပြန်လည်ဆပ်ပေးမည်ဟုယုံကြည် သူကိုသာလျှင်သင်တို့ချေးငှားကြပါမူ အဘယ် သို့လျှင်ကောင်းချီးမင်္ဂလာကိုခံစားနိုင်ကြပါ မည်နည်း။ အပြစ်ကူးသူများပင်ပြန်လည်ဆပ် ပေးမည်ဟုမျှော်လင့်လျက်အချင်းချင်းအား ချေးငှားကြ၏။- Garrad Bible ပြန် ရ မည် မျှော် လင့်၍ ချေး ငှါး လျှင် မည် သည့် အ ကျိုး နည်း။ အ ပြစ် သား တို့ ပင် အ ဆပ် ခံ ရ အံ့ သော ငှါ အ ချင်း ချင်း ချေး ငှါး တတ် ကြ၏။ Judson Bible သူတစ်ပါးအား ဥစ္စာချေးငှားသောအခါ ဆပ်ပေးလိမ့်မည်ဟု မျှော်လင့်လျက် ချေးငှားလျှင် အဘယ်ကျေးဇူးတင်သနည်း။ ဆိုးသောသူတို့သည် ကျေးဇူးဆပ်ခြင်းကို ခံလို၍ ဆိုးသောသူချင်းတို့အား ချေးငှားတတ်သည် မဟုတ်လော။- ခေတ်သစ်မြန်မာ သမ္မာကျမ်း သင်တို့အား ပြန်ဆပ်ပေးနိုင်မည်ဟု မျှော်လင့်စရာရှိသောသူတို့ကိုသာ ချေးငှားလျှင် မည်သည့်ဂုဏ်ယူစရာရှိမည်နည်း။ အပြစ်သားတို့ပင်လျှင် ပြန်ဆပ်ပေးမည်ဟု မျှော်လင့်၍ အချင်းချင်းထိုသို့ချေးငှားကြ၏။ မြန်မာ သူတစ်ပါးအား ဥစ္စာချေးငှားသောအခါ ဆပ်ပေးလိမ့်မည်ဟု မျှော်လင့်လျက် ချေးငှားလျှင် အဘယ်ကျေးဇူးတင်သနည်း။ ဆိုးသောသူတို့သည် ကျေးဇူးဆပ်ခြင်းကို ခံလို၍ ဆိုးသောသူချင်းတို့အား ချေးငှားတတ်သည် မဟုတ်လော။- |
သင့်ထံတောင်းသောသူအား ပေးကမ်းလော့။ သင့်ထံမှ ချေးငှားလိုသောသူကိုလည်း မငြင်းပယ်နှင့်။
သင်တို့အတွက် ကောင်းသောအမှုကိုပြုသောသူတို့အပေါ် ကောင်းသောအမှုကိုပြုလျှင် သင်တို့၌ မည်သည့်ဂုဏ်ယူစရာရှိသနည်း။ အကြောင်းမူကား အပြစ်သားတို့ပင်လျှင် ထိုနည်းတူပြုကြ၏။
သို့သော် သင်တို့သည် သင်တို့၏ရန်သူများကို ချစ်ကြလော့။ ကောင်းသောအမှုကိုပြုကြလော့။ မည်သည့်အရာမျှ ပြန်လည်ရရှိရန်မမျှော်လင့်ဘဲ ချေးငှားကြလော့။ ထိုသို့ပြုလျှင် သင်တို့ရရှိမည့်ဆုလာဘ်သည်ကြီးမား၍ သင်တို့သည် အမြင့်ဆုံးသောဘုရား၏သားသမီးများဖြစ်ကြလိမ့်မည်။ အကြောင်းမူကား ထိုအရှင်သည် ကျေးဇူးမသိသောသူနှင့် ဆိုးသောသူတို့အားလည်း ကျေးဇူးပြုတော်မူ၏။