မိမိဥစ္စာတိုးပွားစေရန် ဆင်းရဲသောသူကိုနှိပ်စက်သောသူ၊ သို့မဟုတ် ချမ်းသာသောသူကို ပေးကမ်းသောသူသည် အမှန်ပင် ချို့တဲ့နွမ်းပါးခြင်းသို့ရောက်လိမ့်မည်။
လုကာ 6:33 - မြန်မာ့စံမီသမ္မာကျမ်း သင်တို့အတွက် ကောင်းသောအမှုကိုပြုသောသူတို့အပေါ် ကောင်းသောအမှုကိုပြုလျှင် သင်တို့၌ မည်သည့်ဂုဏ်ယူစရာရှိသနည်း။ အကြောင်းမူကား အပြစ်သားတို့ပင်လျှင် ထိုနည်းတူပြုကြ၏။ Common Language Bible သင်တို့အားကျေးဇူးပြုသူများကိုသာကျေး ဇူးတုံ့ပြန်ပါမူ သင်တို့သည်အဘယ်သို့လျှင် ကောင်းချီးမင်္ဂလာကိုခံစားနိုင်မည်နည်း။ အပြစ်ကူးသူများပင်လျှင်ဤသို့ပြုကြ၏။- Garrad Bible သင် တို့ အား ပြု စု သူ တို့ ကို သာ ပြု စု လျှင် မည် သည့် အ ကျိုး နည်း။ အ ပြစ် သား တို့ ပင် ထို သို့ ပြု တတ် ကြ၏။ Judson Bible သင်တို့ကို ကျေးဇူးပြုသောသူတို့အားသာ ကျေးဇူးပြုလျှင် အဘယ်ကျေးဇူးတင်သနည်း။ ဆိုးသော သူတို့သည် ဤမျှလောက် ပြုကြသည်မဟုတ်လော့။- ခေတ်သစ်မြန်မာ သမ္မာကျမ်း သင်တို့အား ကောင်းကျိုးပြုသောသူတို့ကိုသာ ပြန်၍ အကျိုးပြုလျှင် မည်သည့်ဂုဏ်ယူစရာ ရှိသနည်း။ အဘယ်ကြောင့်ဆိုသော် အပြစ်သားတို့ပင်လျှင် ထိုသို့ပြုကြ၏။ မြန်မာ သင်တို့ကို ကျေးဇူးပြုသောသူတို့အားသာ ကျေးဇူးပြုလျှင် အဘယ်ကျေးဇူးတင်သနည်း။ ဆိုးသော သူတို့သည် ဤမျှလောက် ပြုကြသည်မဟုတ်လော့။- |
မိမိဥစ္စာတိုးပွားစေရန် ဆင်းရဲသောသူကိုနှိပ်စက်သောသူ၊ သို့မဟုတ် ချမ်းသာသောသူကို ပေးကမ်းသောသူသည် အမှန်ပင် ချို့တဲ့နွမ်းပါးခြင်းသို့ရောက်လိမ့်မည်။
မြင့်မြတ်သောသူကား မြင့်မြတ်သောအကြံကို ကြံစည်တတ်၏။ မြင့်မြတ်သောအမှု၌ တည်၏။
သင်တို့ကိုချစ်သောသူတို့အား သင်တို့ချစ်လျှင် သင်တို့၌ မည်သည့်ဂုဏ်ယူစရာရှိသနည်း။ အကြောင်းမူကား အပြစ်သားတို့ပင်လျှင် မိမိတို့အားချစ်သောသူတို့ကို ချစ်ကြ၏။
ပြန်လည်ရရှိမည်ဟုမျှော်လင့်လျက် သူတစ်ပါးအားသင်တို့ချေးငှားလျှင် သင်တို့၌ မည်သည့်ဂုဏ်ယူစရာရှိသနည်း။ အပြစ်သားတို့ပင်လျှင် မူလပမာဏအတိုင်းပြန်လည်ရရှိရန် သူတို့အချင်းချင်းချေးငှားကြ၏။
ကောင်းသောအမှုကိုပြုလျက် ကောင်းသောအကျင့်များဖြင့်ကြွယ်ဝကာ ရက်ရောစွာဝေမျှပေးကမ်းတတ်သောသူများဖြစ်ကြ၍