ကိုယ်တော်ကလည်း“ဖန်ဆင်းတော်မူသောအရှင်သည် အစအဦးကပင် သူတို့ကို ယောက်ျားနှင့်မိန်းမအဖြစ် ဖန်ဆင်းတော်မူလျက်
လုကာ 6:3 - မြန်မာ့စံမီသမ္မာကျမ်း ယေရှုကလည်း“ဒါဝိဒ်သည် သူမှစ၍ သူနှင့်အတူရှိသောသူတို့ဆာလောင်ကြသောအခါ မည်သည့်အရာပြုခဲ့သည်ကို သင်တို့မဖတ်ဖူးကြသလော။ Common Language Bible သခင်ယေရှုက ``ဒါဝိဒ်မင်းသည်မိမိနှင့်အဖော် တစ်စုတို့ဆာလောင်မွတ်သိပ်သောအခါ အဘယ် သို့ပြုမူခဲ့ကြောင်းကို သင်တို့မဖတ်ဖူးကြ သလော။- Garrad Bible ယေ ရှု က၊ ဒါ ဝိဒ် မင်း သည် နောက် ပါ တို့ နှင့် တ ကွ ဆာ မွတ် သော အ ခါ ဘု ရား သ ခင့် စံ ရာ တော် သို့ ဝင် ပြီး လျှင်၊ Judson Bible ယေရှုက၊ ဒါဝိဒ်သည် မိမိအဖော်တို့နှင့်တကွ မွတ်သိပ်သောအခါ၊- ခေတ်သစ်မြန်မာ သမ္မာကျမ်း ယေရှုက “ဒါဝိဒ်မင်းသည် မိမိနှင့်နောက်လိုက်များ ဆာလောင်သည့်အချိန်၌ မည်သို့ပြုခဲ့ကြောင်းကို သင်တို့မဖတ်ဖူးကြသလော။ မြန်မာ ယေရှုက၊ ဒါဝိဒ်သည် မိမိအဖော်တို့နှင့်တကွ မွတ်သိပ်သောအခါ၊- |
ကိုယ်တော်ကလည်း“ဖန်ဆင်းတော်မူသောအရှင်သည် အစအဦးကပင် သူတို့ကို ယောက်ျားနှင့်မိန်းမအဖြစ် ဖန်ဆင်းတော်မူလျက်
“ဤကလေးတို့ပြောဆိုနေသောအရာကို ကြားသလော”ဟု မေးမြန်းကြ၏။ ယေရှုကလည်း“ငါကြား၏။ ‘ကလေးသူငယ်များနှင့် နို့စို့ကလေးငယ်များ၏နှုတ်ထဲမှ ချီးမွမ်းခြင်းကို ကိုယ်တော်ပြင်ဆင်တော်မူ၏’ဟူသော ရေးထားချက်ကို သင်တို့မဖတ်ဖူးကြသလော”ဟု သူတို့အား မိန့်တော်မူ၏။
ယေရှုကလည်း“ ‘တိုက်ဆောက်သူများပယ်ထားသောကျောက်သည် ထိပ်ဆုံးထောင့်ချုပ်ကျောက်ဖြစ်လာ၏။ ဤအမှုသည် ထာဝရဘုရားအားဖြင့်ဖြစ်လာ၍ ငါတို့၏မျက်မှောက်၌ အံ့ဩဖွယ်ဖြစ်၏’ဟု ကျမ်းစာထဲ၌ မဖတ်ဖူးကြသလော။
သေသောသူတို့၏ရှင်ပြန်ထမြောက်ခြင်းနှင့်ပတ်သက်၍ ဘုရားသခင်က ‘ငါသည် အာဗြဟံ၏ဘုရား၊ ဣဇက်၏ဘုရား၊ ယာကုပ်၏ဘုရားဖြစ်၏’ဟု သင်တို့အား မိန့်တော်မူခဲ့သောစကားကို မဖတ်ဖူးကြသလော။ ဘုရားသခင်သည် သေသောသူတို့၏ဘုရားမဟုတ်ဘဲ အသက်ရှင်သောသူတို့၏ဘုရားဖြစ်၏”ဟု မိန့်တော်မူ၏။
သေသောသူတို့၏ထမြောက်ခြင်းနှင့်ပတ်သက်၍ မောရှေ၏ကျမ်း၌ ချုံပုတ်အကြောင်းရေးထားသောအခန်းတွင် ဘုရားသခင်က ‘ငါသည် အာဗြဟံ၏ဘုရား၊ ဣဇက်၏ဘုရား၊ ယာကုပ်၏ဘုရားဖြစ်၏’ဟု မောရှေအား မိန့်တော်မူခဲ့သည်ကို သင်တို့မဖတ်ဖူးကြသလော။