သင့်ကိုမုန်းသောသူ၏မြည်းသည် လဲကျ၍ ဝန်အောက်၌ပိနေသည်ကို သင်တွေ့မြင်လျှင် ရှောင်မသွားဘဲ အမှန်ကူညီရမည်။
လုကာ 5:7 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ သူတို့သည် အခြားသောလှေပေါ်တွင်ရှိသောအပေါင်းအဖော်တို့အား လာ၍ မိမိတို့ကိုကူညီကြရန် အချက်ပြသဖြင့် ထိုသူတို့သည်လာ၍ လှေနှစ်စင်းစလုံးတွင် ငါးကိုအပြည့်ထည့်လိုက်ရာ လှေသည်နစ်လုမတတ်ဖြစ်လေ၏။ Common Language Bible သို့ဖြစ်၍လာရောက်ကူညီရန်အခြားလှေမှ မိမိတို့၏အဖော်တံငါသည်များကိုအချက် ပြ၍ခေါ်ကြ၏။ ထိုသူတို့သည်လာ၍လှေ နှစ်စင်းလုံးပြည့်အောင်ငါးများကိုထည့် ကြရာလှေများနစ်လုမတတ်ရှိတော့၏။- Garrad Bible အ ခြား လှေ ရှိ လုပ် ဖော် တို့ ကို အ ကူ အ ညီ လာ ကြ စေ ရန် လက် ယပ် သည့် အ တိုင်း ရောက် လာ ကြ သော်၊ နှစ် စင်း လုံး အ ပြည့် ထည့် ရ၏။ Judson Bible အခြားသော လှေတစ်စင်း၌ရှိသော အပေါင်းအဖော်တို့သည် လာ၍ကူညီစေခြင်းငှာ သူတို့ကို အမှတ်ပေးသဖြင့်၊ သူတို့သည်လာ၍ လှေနှစ်စင်း နစ်လုမတတ် ငါးနှင့် ပြည့်စေကြ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့ကြောင့် သူတို့သည် အခြားလှေမှ အဖော်တံငါသည်များကို အချက်ပြ၍ အကူအညီတောင်းကြ၏။ ထိုသူတို့သည်လာ၍ လှေနှစ်စင်းလုံးတွင် ငါးများပြည့်အောင်ထည့်ကြသဖြင့် လှေတို့သည် နစ်မြုပ်လုမတတ် ဖြစ်၏။ မြန်မာ အခြားသော လှေတစ်စင်း၌ရှိသော အပေါင်းအဖော်တို့သည် လာ၍ကူညီစေခြင်းငှာ သူတို့ကို အမှတ်ပေးသဖြင့်၊ သူတို့သည်လာ၍ လှေနှစ်စင်း နစ်လုမတတ် ငါးနှင့် ပြည့်စေကြ၏။- |
သင့်ကိုမုန်းသောသူ၏မြည်းသည် လဲကျ၍ ဝန်အောက်၌ပိနေသည်ကို သင်တွေ့မြင်လျှင် ရှောင်မသွားဘဲ အမှန်ကူညီရမည်။
အပေါင်းအသင်းများသောသူသည် ပျက်စီးတတ်၏။ သို့ရာတွင် ညီအစ်ကိုထက် ပို၍ခင်တွယ်တတ်သောမိတ်ဆွေလည်း ရှိ၏။
ထို့ကြောင့် သူတို့သည် လူထုပရိသတ်ကိုချန်ထားခဲ့၍ လှေပေါ်၌ရှိနေသောကိုယ်တော်ကို ခေါ်ဆောင်သွားကြ၏။ အခြားသောလှေများသည်လည်း ကိုယ်တော်နှင့်အတူလိုက်ပါကြ၏။
ထိုအတိုင်းပြုလေရာ ငါးအမြောက်အမြားကိုဖမ်းမိသဖြင့် သူတို့ပိုက်ကွန်များစုတ်လုမတတ်ဖြစ်လေ၏။
ရှိမုန်ပေတရုသည် ထိုအခြင်းအရာကိုမြင်လျှင် ယေရှု၏ခြေတော်ရင်း၌ ပျပ်ဝပ်လျက် “သခင်၊ အကျွန်ုပ်သည် အပြစ်များသောသူဖြစ်၍ အကျွန်ုပ်ထံမှ ကြွသွားတော်မူပါ”ဟု လျှောက်လေ၏။
အချင်းချင်း၏ဝန်ထုပ်ဝန်ပိုးများကို ကူညီထမ်းရွက်ပေးကြလော့။ ထိုသို့ပြုခြင်းအားဖြင့် သင်တို့သည် ခရစ်တော်၏တရားတော်ကို ပြည့်စုံစေကြလိမ့်မည်။
အချင်းစစ်မှန်သောရဲဘော်ရဲဘက်၊ ထိုအမျိုးသမီးတို့ကို ကူညီမစရန် သင့်ကိုလည်း ငါတောင်းပန်၏။ သူတို့သည် အသက်စာစောင်တွင် နာမည်ပါသူများဖြစ်ကြသည့် ကလေမင်မှစ၍ အခြားသောငါ၏လုပ်ဖော်ဆောင်ဖက်များနှင့်တကွ ကောင်းမြတ်သောသတင်းအတွက် ငါနှင့်အတူလက်တွဲလုပ်ဆောင်ခဲ့သူများဖြစ်ကြ၏။