ဂါလိလဲပင်လယ်ကမ်းနားတွင် လမ်းလျှောက်တော်မူစဉ် ညီအစ်ကိုနှစ်ဦးဖြစ်သော ရှိမုန်ဟုခေါ်သည့်ပေတရုနှင့် သူ၏ညီအန္ဒြေတို့သည် တံငါသည်များဖြစ်၍ ပင်လယ်ထဲတွင် ပိုက်ကွန်ချနေကြသည်ကို မြင်တော်မူ၏။
လုကာ 5:3 - မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်သည် ထိုလှေတို့အနက် ရှိမုန်၏လှေပေါ်သို့တက်၍ လှေကို ကမ်းမှအနည်းငယ်ခွာရန် သူ့အား မိန့်တော်မူ၏။ ထို့နောက် ထိုင်၍ လူထုပရိသတ်တို့အား လှေပေါ်မှ သွန်သင်တော်မူ၏။ Common Language Bible ကိုယ်တော်သည်ထိုလှေနှစ်စင်းအနက်ရှိမုန်၏ လှေသို့တက်တော်မူပြီးလျှင်လှေကိုကမ်းမှ အနည်းငယ်ခွာစေရန်ရှိမုန်အားစေခိုင်းတော် မူ၏။ ထိုနောက်ထိုင်၍လူပရိသတ်တို့အား ဟောပြောသွန်သင်တော်မူ၏။ Garrad Bible ရှိ မုန် ပိုင် တစ် စင်း ပေါ် သို့ တက်၍ အ နည်း ငယ် ခွာ စေ ရန် လှေ့ ရှင် ကို ခိုင်း ပြီး လျှင် လှေ ပေါ် တွင် ထိုင် လျက် လူ ပ ရိ သတ် အား ဒေ သ နာ ပေး တော် မူ၏။ Judson Bible ထိုလှေတို့တွင် ရှိမုန်၏ လှေထဲသို့ ဝင်တော်မူပြီးလျှင်၊ လှေကိုကမ်းနားမှာ အနည်းငယ်ခွာဖွင့်စေခြင်းငှာ ရှိမုန်ကို အခွင့်တောင်းတော်မူ၏။ ထိုလှေပေါ်မှာ ထိုင်လျက် လူများတို့ကို ဆုံးမဩဝါဒပေးတော်မူ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ကိုယ်တော်သည် ထိုလှေနှစ်စင်းထဲမှ ရှိမုန်၏လှေပေါ်သို့ တက်၍ ရှိမုန်အား လှေကို ကမ်းနှင့် အနည်းငယ်ခွာပေးရန် မိန့်တော်မူ၏။ ထို့နောက် လှေထဲတွင် ထိုင်လျက် လူထုပရိသတ်တို့ကို ဟောပြောသွန်သင်တော်မူ၏။ မြန်မာ ထိုလှေတို့တွင် ရှိမုန်၏ လှေထဲသို့ ဝင်တော်မူပြီးလျှင်၊ လှေကိုကမ်းနားမှာ အနည်းငယ်ခွာဖွင့်စေခြင်းငှာ ရှိမုန်ကို အခွင့်တောင်းတော်မူ၏။ ထိုလှေပေါ်မှာ ထိုင်လျက် လူများတို့ကို ဆုံးမဩဝါဒပေးတော်မူ၏။ |
ဂါလိလဲပင်လယ်ကမ်းနားတွင် လမ်းလျှောက်တော်မူစဉ် ညီအစ်ကိုနှစ်ဦးဖြစ်သော ရှိမုန်ဟုခေါ်သည့်ပေတရုနှင့် သူ၏ညီအန္ဒြေတို့သည် တံငါသည်များဖြစ်၍ ပင်လယ်ထဲတွင် ပိုက်ကွန်ချနေကြသည်ကို မြင်တော်မူ၏။
အကြောင်းမူကား ကိုယ်တော်သည် လူများစွာတို့ကိုကျန်းမာစေခဲ့သည်ဖြစ်၍ ရောဂါဝေဒနာရှိသူအားလုံးတို့သည် ကိုယ်တော်ကိုတို့ထိနိုင်ရန် တိုးဝှေ့ကြ၏။
လူထုပရိသတ်များရှိနေသောကြောင့် ကိုယ်တော်သည် မိမိကို လူတို့မတိုးကြိတ်မိစေရန် လှေတစ်စီးကို သူ့အတွက်အဆင်သင့်ထားရှိမည့်အကြောင်း တပည့်တော်တို့အား မိန့်တော်မူ၏။
ကိုယ်တော်သည် ကမ်းနားတွင်ဆိုက်ထားသောလှေနှစ်စင်းကို မြင်တော်မူ၏။ တံငါသည်တို့သည် ထိုလှေများပေါ်မှဆင်း၍ ပိုက်ကွန်များကိုဆေးကြောနေကြ၏။
အရုဏ်တက်ချိန်၌ ဗိမာန်တော်သို့ နောက်တစ်ဖန်ကြွတော်မူရာ လူအပေါင်းတို့သည် အထံတော်သို့ရောက်လာကြသဖြင့် ကိုယ်တော်သည် ထိုင်၍သူတို့အား သွန်သင်တော်မူ၏။