အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




လုကာ 4:40 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

နေ​ဝင်​ချိန်​ရောက်​သောအခါ လူ​တို့​သည် ရောဂါ​အမျိုးမျိုး​စွဲကပ်​၍ နာမကျန်း​ဖြစ်​သူ​ရှိသမျှ​တို့​ကို အထံ​တော်​သို့​ခေါ်ဆောင်​လာ​ကြ​၏။ ကိုယ်တော်​သည် ထို​လူနာ​အသီးသီး​တို့​အပေါ်သို့ လက်​တော်​ကို​တင်​၍ သူ​တို့​ကို​ကျန်းမာ​စေ​တော်မူ​၏။

အခန်းကိုကြည့်ပါ။

Common Language Bible

နေ​ဝင်​ချိန်​၌​ရော​ဂါ​အ​မျိုး​မျိုး​စွဲ​ကပ်​သူ အ​ပေါင်း​တို့​ကို​အ​ထံ​တော်​သို့​ခေါ်​ဆောင်​ခဲ့ ကြ​၏။ ကိုယ်​တော်​သည်​ထို​လူ​နာ​အ​သီး​သီး တို့​အ​ပေါ်​မှာ လက်​တော်​ကို​တင်​၍​သူ​တို့​၏ ရော​ဂါ​များ​ကို​ပျောက်​ကင်း​စေ​တော်​မူ​၏။-

အခန်းကိုကြည့်ပါ။

Garrad Bible

နေ ဝင် ချိန် ရောက် သော်၊ တစ် စုံ တစ် ရာ ရော ဂါ စွဲ ကပ် သော သူ နာ ရှင် အ ပေါင်း တို့ သည် အ ထံ တော် သို့ ဆောင် ခဲ့ ကြ ရာ သူ နာ တိုင်း ပေါ် တွင် လက် တော် တင်၍ ကျန်း မာ စေ တော် မူ ၏။

အခန်းကိုကြည့်ပါ။

Judson Bible

နေ​ဝင်​သော​အ​ခါ အ​မျိုး​မျိုး​သော အ​နာ​ရော​ဂါ​စွဲ​သော​သူ​တို့၏ အ​ဆွေ​ခင်​ပွန်း​အ​ပေါင်း​တို့​သည် ထို​လူ​နာ​တို့​ကို အ​ထံ​တော်​သို့​ဆောင်​ခဲ့၍၊ ကိုယ်​တော်​သည် ထို​လူ​နာ​အ​သီး​အ​သီး​တို့ အ​ပေါ်၌ လက်​တော်​ကို တင်​သ​ဖြင့် အ​နာ​ရော​ဂါ​ကို ငြိမ်း​စေ​တော်​မူ၏။-

အခန်းကိုကြည့်ပါ။

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

နေဝင်ချိန်​တွင် လူ​အပေါင်းတို့​သည် ရောဂါ​အမျိုးမျိုး​စွဲကပ်​၍ ဖျားနာသောသူများ​ကို ယေရှု​ထံသို့ ခေါ်ဆောင်​လာကြ၏။ ယေရှု​သည် ထို​လူနာ​အသီးသီး​တို့​အပေါ်​၌ လက်​ကို တင်​၍ သူတို့​ကို ကျန်းမာစေတော်မူ၏။

အခန်းကိုကြည့်ပါ။

မြန်မာ

နေ​ဝင်​သော​အ​ခါ အ​မျိုး​မျိုး​သော အ​နာ​ရော​ဂါ​စွဲ​သော​သူ​တို့၏ အ​ဆွေ​ခင်​ပွန်း​အ​ပေါင်း​တို့​သည် ထို​လူ​နာ​တို့​ကို အ​ထံ​တော်​သို့​ဆောင်​ခဲ့၍၊ ကိုယ်​တော်​သည် ထို​လူ​နာ​အ​သီး​အ​သီး​တို့ အ​ပေါ်၌ လက်​တော်​ကို တင်​သ​ဖြင့် အ​နာ​ရော​ဂါ​ကို ငြိမ်း​စေ​တော်​မူ၏။-

အခန်းကိုကြည့်ပါ။



လုကာ 4:40
12 ပူးပေါင်းရင်းမြစ်များ  

မျက်မမြင်​တို့​သည် မျက်စိ​မြင်​ရ​ကြ​၏။ ခြေ​မသန်စွမ်း​သူ​တို့​သည် လမ်းလျှောက်​နိုင်​ကြ​၏။ အနာကြီး​ရောဂါသည်​တို့​သည် စင်ကြယ်​ခြင်း​သို့​ရောက်​ကြ​၏။ နားမကြား​သော​သူ​တို့​သည် ကြား​ရ​ကြ​၏။ သေ​သော​သူ​တို့​သည် ထမြောက်​စေ​ခြင်း​ကို​ခံ​ရ​ကြ​၏။ ဆင်းရဲသား​တို့​သည် ကောင်းမြတ်​သော​သတင်း​ကို ကြား​ရ​ကြ​၏။


ယေရှု​သည် ထို​သတင်း​ကို​ကြား​သောအခါ ထို​အရပ်​မှ လူသူ​ကင်းဝေး​ရာ​အရပ်​သို့ လှေ​ဖြင့် တစ်ကိုယ်တည်း​ကြွ​တော်မူ​၏။ သို့သော် လူထု​ပရိသတ်​များ​သည် ကြားသိ​လျှင် မြို့​ရွာ​များ​မှ​ထွက်​၍ နောက်​တော်​သို့ ကုန်းကြောင်း​ဖြင့်​လိုက်​ကြ​၏။


အကြောင်းမူကား ကိုယ်တော်​သည် လူ​များစွာ​တို့​ကို​ကျန်းမာ​စေ​ခဲ့​သည်​ဖြစ်၍ ရောဂါ​ဝေဒနာ​ရှိ​သူ​အားလုံး​တို့​သည် ကိုယ်တော်​ကို​တို့ထိ​နိုင်​ရန် တိုးဝှေ့​ကြ​၏။


“အကျွန်ုပ်​၏​သမီး​ငယ်​သည် သေ​လုနီးပါး​ဖြစ်​နေ​ပါ​၏။ သူ​သည် ရောဂါ​ပျောက်ကင်း​လျက် အသက်​ချမ်းသာ​ရာ​ရ​မည့်​အကြောင်း ကြွလာ​၍ သူ့​အပေါ် လက်​တော်​ကို​တင်​တော်မူ​ပါ”​ဟု အနူးအညွတ်​တောင်းပန်​လေ​၏။


ကိုယ်တော်​သည် မ​ကျန်းမာ​သော​သူ​အနည်းငယ်​တို့​အပေါ် လက်​တော်​တင်​လျက် ကျန်းမာ​စေ​ခဲ့​ခြင်း​မှတစ်ပါး ထို​နေရာ​၌ မည်သည့်​တန်ခိုး​လက္ခဏာ​ကို​မျှ​မ​ပြု​နိုင်​ခဲ့​ပေ။


သူ့​ကိုယ်​ပေါ်မှ ပဝါ​၊ သို့မဟုတ် ခါးစည်း​အဝတ်​ကို​ယူသွား​၍ နာမကျန်း​ဖြစ်​သူ​များ​အပေါ်​တင်​လျှင် သူ​တို့​၏​ရောဂါ​များ​ပျောက်ကင်း​၍ နတ်​ဆိုး​များ​လည်း ထွက်သွား​ကြ​၏။


လူ​တို့​သည် နာမကျန်း​ဖြစ်​သူ​များ​ကို လမ်းမ​ပေါ်သို့​သယ်ဆောင်​လာ​၍ ခုတင်​များ​နှင့် အိပ်ရာ​များ​ပေါ်တွင် ထား​ကြ​ကာ ပေတရု​လာ​သောအခါ သူ​၏​အရိပ်​ကို​ပင် ထို​လူနာ​အချို့​တို့​အပေါ်​သို့​ကျရောက်​စေရန် ကြိုးစား​ကြ​၏။