ကိုယ်တော်သည် အကျွန်ုပ်၏မြည်တမ်းခြင်းကို ကခုန်ခြင်းအဖြစ်သို့ ပြောင်းလဲစေတော်မူပြီ။ အကျွန်ုပ်၏လျှော်တေအဝတ်ကိုချွတ်၍ ဝမ်းမြောက်ခြင်းအဝတ်ကို ဝတ်ဆင်ပေးတော်မူပြီ။
လုကာ 24:52 - မြန်မာ့စံမီသမ္မာကျမ်း သူတို့သည် ကိုယ်တော်ကိုရှိခိုးပြီးလျှင် အလွန်ဝမ်းမြောက်လျက် ဂျေရုဆလင်မြို့သို့ပြန်သွားကြကာ Common Language Bible တပည့်တော်တို့သည်ကိုယ်တော်အားရှိခိုးပြီး လျှင်အလွန်ဝမ်းမြောက်ရွှင်လန်းစွာယေရုရှလင် မြို့သို့ပြန်သွား၍။- Garrad Bible တ ပည့် တော် တို့ သည် ကိုယ် တော် ကို ရှိ ခိုး ပြီး လျှင် အား ရ ဝမ်း မြောက် စွာ ယေ ရု ရှ လင် မြို့ သို့ ပြန် သွား၍၊ Judson Bible တပည့်တော်တို့သည် ကိုယ်တော်ကို ပျပ်ဝပ်ကိုးကွယ်ပြီးမှ အလွန် ဝမ်းမြောက်ဝမ်းသာခြင်းနှင့် ယေရုရှလင်မြို့သို့ ပြန်သွားကြ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း တပည့်တော်တို့သည်လည်း ကိုယ်တော်ကို ကိုးကွယ်ရှိခိုးပြီးလျှင် အလွန်ဝမ်းမြောက်လျက် ဂျေရုဆလင်မြို့သို့ ပြန်ကြ၏။ မြန်မာ တပည့်တော်တို့သည် ကိုယ်တော်ကို ပျပ်ဝပ်ကိုးကွယ်ပြီးမှ အလွန် ဝမ်းမြောက်ဝမ်းသာခြင်းနှင့် ယေရုရှလင်မြို့သို့ ပြန်သွားကြ၏။- |
ကိုယ်တော်သည် အကျွန်ုပ်၏မြည်တမ်းခြင်းကို ကခုန်ခြင်းအဖြစ်သို့ ပြောင်းလဲစေတော်မူပြီ။ အကျွန်ုပ်၏လျှော်တေအဝတ်ကိုချွတ်၍ ဝမ်းမြောက်ခြင်းအဝတ်ကို ဝတ်ဆင်ပေးတော်မူပြီ။
ထိုအခါ ယေရှုသည် သူတို့နှင့်တွေ့ဆုံလျက်“မင်္ဂလာပါ”ဟု မိန့်တော်မူ၏။ သူတို့သည် ချဉ်းကပ်၍ ကိုယ်တော်၏ခြေတော်ကို ဖက်ထားကာ ကိုယ်တော်ကိုရှိခိုးကြ၏။
ထိုသို့ကောင်းချီးပေးတော်မူစဉ်၌ပင် ကိုယ်တော်သည် သူတို့ထံမှ ခွဲခွာ၍ ကောင်းကင်သို့ဆောင်ယူခြင်းကိုခံတော်မူ၏။
ငါသည် သွားသော်လည်း သင်တို့ထံသို့ပြန်လာဦးမည်ဟု ငါပြောခဲ့သည်ကို သင်တို့ကြားရကြပြီ။ သင်တို့သည် ငါ့ကိုချစ်ကြလျှင် ခမည်းတော်ထံသို့ ငါသွားသည့်အတွက် ဝမ်းမြောက်ကြလိမ့်မည်။ အကြောင်းမူကား ခမည်းတော်သည် ငါ့ထက် ကြီးမြတ်တော်မူ၏။
ထို့အတူ သင်တို့သည် ယခုဝမ်းနည်းခြင်းရှိကြသော်လည်း ငါသည် သင်တို့နှင့် တစ်ဖန် ပြန်တွေ့မည်ဖြစ်သောကြောင့် သင်တို့၏စိတ်နှလုံးသည် ဝမ်းမြောက်ခြင်းဖြင့် ပြည့်စုံကြလိမ့်မည်။ ထိုဝမ်းမြောက်ခြင်းကို မည်သူမျှ သင်တို့ထံမှ မနုတ်ယူနိုင်ရာ။
သို့သော် ငါသည် သင်တို့အား ဟုတ်မှန်ရာကိုပြောမည်။ ငါသွားရခြင်းသည် သင်တို့အတွက်အကျိုးရှိ၏။ အဘယ်ကြောင့်ဆိုသော် ငါမသွားလျှင် ကူညီမစသူသည် သင်တို့ထံသို့လာမည်မဟုတ်။ ငါသွားလျှင်မူကား ထိုအရှင်ကို သင်တို့ထံသို့ ငါစေလွှတ်မည်။
ထို့နောက် သူတို့သည် သံလွင်အမည်ရှိသောတောင်မှ ဂျေရုဆလင်မြို့သို့ ပြန်သွားကြ၏။ ထိုတောင်သည် ဂျေရုဆလင်မြို့နှင့် မိုင်ဝက်ခန့်အကွာအဝေး၌ရှိ၏။
သင်တို့သည် ထိုသခင်ကို မမြင်ဖူးသော်လည်း ချစ်ကြ၏။ ထိုသခင်ကို ယခုမမြင်သော်လည်း ယုံကြည်ကြပြီး ပြော၍မမီနိုင်သောဝမ်းမြောက်ခြင်းဖြင့် ရွှင်မြူးလျက် ဘုန်းတော်ကိုချီးမွမ်းကြ၏။