လုကာ 23:51 - မြန်မာ့စံမီသမ္မာကျမ်း သူသည် လွှတ်တော်၏ဆုံးဖြတ်ချက်နှင့် လုပ်ဆောင်ချက်တို့ကို သဘောမတူခဲ့ပေ။ ယောသပ်သည် ယုဒပြည်၊ အရိမသဲမြို့သားဖြစ်ပြီး ဘုရားသခင်၏နိုင်ငံတော်ကို စောင့်မျှော်နေသူလည်းဖြစ်၏။ Judson Bible ဘုရားသခင်၏နိုင်ငံတော်ကို မျှော်လင့်သော သူတော်ကောင်းသူတော်မြတ်ဖြစ်သည်နှင့် ပိလတ်မင်းထံသို့ဝင်၍၊- ခေတ်သစ်မြန်မာ သမ္မာကျမ်း လွှတ်တော်အဖွဲ့၏ဆုံးဖြတ်ချက်နှင့် လုပ်ဆောင်ချက်ကို လက်မခံသောသူဖြစ်၏။ ဘုရားသခင်၏နိုင်ငံတော်ကို စောင့်မျှော်နေသောသူလည်း ဖြစ်၏။ မြန်မာ ဘုရားသခင်၏နိုင်ငံတော်ကို မျှော်လင့်သော သူတော်ကောင်းသူတော်မြတ်ဖြစ်သည်နှင့် ပိလတ်မင်းထံသို့ဝင်၍၊- |
လူအများနောက်သို့လိုက်၍ မကောင်းမှုမပြုရ။ တရားတွေ့ရာ၌ လူအများဘက်သို့လိုက်၍ မတရားသဖြင့် မထွက်ဆိုရ။
“လျှို့ဝှက်ကြံစည်မှုပါတကားဟု ဤလူမျိုးတို့ပြောဆိုတိုင်း လျှို့ဝှက်ကြံစည်မှုပါတကားဟု သင်တို့လိုက်မပြောကြနှင့်။ သူတို့ကြောက်ရွံ့သောအရာကို မကြောက်ရွံ့ကြနှင့်။ မထိတ်လန့်ကြနှင့်။
ညနေချမ်းအချိန်ရောက်သောအခါ အရိမသဲမြို့မှ သူဌေးဖြစ်ပြီး ယေရှု၏တပည့်တော်လည်းဖြစ်သော ယောသပ်အမည်ရှိသူတစ်ဦးသည် ရောက်လာ၏။
ဂုဏ်သရေကြီးမြင့်သော လွှတ်တော်အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ဘုရားသခင်၏နိုင်ငံတော်ကို စောင့်မျှော်နေသူလည်းဖြစ်သော အရိမသဲမြို့သားယောသပ်သည်ရောက်လာ၍ ပိလတ်မင်းထံသို့ ရဲရင့်စွာဝင်ကာ ယေရှု၏အလောင်းတော်ကို တောင်းလေ၏။
ထိုအခါ၌ ဂျေရုဆလင်မြို့တွင် ရှိမောင်အမည်ရှိသောလူတစ်ဦးရှိ၏။ သူသည် ဘုရားတရားကြည်ညို၍ ဖြောင့်မတ်သောသူဖြစ်ပြီး အစ္စရေးလူမျိုးခံစားရမည့်နှစ်သိမ့်မှုကို စောင့်မျှော်နေသူဖြစ်၏။ သန့်ရှင်းသောဝိညာဉ်တော်သည် သူ့အပေါ်၌တည်သည်ဖြစ်၍
သူသည်လည်း ထိုတစ်ချိန်တည်းမှာပင်ရောက်လာ၍ ဘုရားသခင်၏ကျေးဇူးတော်ကိုချီးမွမ်းကာ ဂျေရုဆလင်မြို့ရွေးနုတ်ကယ်တင်ခြင်းခံရမည်ကို စောင့်မျှော်နေသောသူအပေါင်းတို့အား ထိုသူငယ်၏အကြောင်းကိုပြောကြားလေ၏။
ထို့နောက် “ယေရှု၊ ကိုယ်တော်၏နိုင်ငံတော်သို့ ကိုယ်တော်ကြွလာတော်မူသောအခါ အကျွန်ုပ်ကိုသတိရတော်မူပါ”ဟု လျှောက်လေ၏။
ဧဖရိမ်တောင်ပေါ်ဒေသ၊ ရာမသိမ်ဇုဖိမ်မြို့တွင် ဧလကာနအမည်ရှိသော လူတစ်ယောက်ရှိ၏။ သူသည် ဧဖရိမ်အမျိုး ဇုဖ၏တီ၊ တောဟူ၏မြစ်၊ ဧလိဟု၏မြေး၊ ယေရောဟံ၏သားဖြစ်၏။