သူသည် သတင်းဆိုးကိုကြောက်ရလိမ့်မည်မဟုတ်။ သူ၏စိတ်နှလုံးသည် တည်ကြည်လျက် ထာဝရဘုရားကို ယုံကြည်ကိုးစား၏။
လုကာ 21:9 - မြန်မာ့စံမီသမ္မာကျမ်း သင်တို့သည် စစ်ပွဲများနှင့် ရုန်းရင်းဆန်ခတ်ဖြစ်ခြင်းအကြောင်းတို့ကို ကြားရသောအခါ ထိတ်လန့်ခြင်းမရှိကြနှင့်။ အကြောင်းမူကား ထိုအရာများသည် ဦးစွာဖြစ်ပျက်ရမည်။ သို့သော် အဆုံးသည် ချက်ချင်းမရောက်သေး”ဟု မိန့်တော်မူ၏။ Common Language Bible သင်တို့သည်စစ်မက်သတင်းများနှင့်ပုန်ကန် တော်လှန်မှုသတင်းများကိုကြားကြသော အခါမထိတ်လန့်ကြနှင့်။ ဤအမှုအရာများ သည်ဦးစွာဖြစ်ပျက်ရမည်။ သို့သော်လည်းကပ် ကမ္ဘာကုန်ဆုံးချိန်ကားမရောက်သေး'' ဟုမိန့် တော်မူ၏။ Garrad Bible စစ် သ တင်း ရုန်း ရင်း ခတ် သ တင်း များ ကို ကြား ရ သော် မ ကြောက် မ လန့် ကြ နှင့်။ ထို သို့ ဦး စွာ ဖြစ် ပျက် ရ သော် လည်း အ ဆုံး သည် ချက် ခြင်း တိုင် မည် မ ဟုတ် ဟု မိန့် တော် မူ၏။ Judson Bible သင်တို့သည် စစ်တိုက်ခြင်းအကြောင်း၊ ပုန်ကန်ခြင်းအကြောင်းကို သတင်းကြားရသောအခါ စိုးရိမ်တုန်လှုပ်ခြင်း မရှိကြနှင့်။ ထိုအမှုအရာများသည် အရင်ဖြစ်ရမည်။ သို့သော်လည်း အဆုံးသည် အလျင်အမြန်မဖြစ်သေး။ ခေတ်သစ်မြန်မာ သမ္မာကျမ်း စစ်ပွဲများနှင့် ဆူပူအုံကြွမှုအကြောင်းများကို သင်တို့ကြားသောအခါ မတုန်လှုပ်ကြနှင့်။ အဘယ်ကြောင့်ဆိုသော် ဤအရာများသည် ဦးစွာဖြစ်လာရမည်မှန်သော်လည်း ကမ္ဘာကုန်ဆုံးချိန်သည် ချက်ချင်းကျရောက်မည် မဟုတ်” ဟု မိန့်တော်မူ၏။ မြန်မာ သင်တို့သည် စစ်တိုက်ခြင်းအကြောင်း၊ ပုန်ကန်ခြင်းအကြောင်းကို သတင်းကြားရသောအခါ စိုးရိမ်တုန်လှုပ်ခြင်း မရှိကြနှင့်။ ထိုအမှုအရာများသည် အရင်ဖြစ်ရမည်။ သို့သော်လည်း အဆုံးသည် အလျင်အမြန်မဖြစ်သေး။ |
သူသည် သတင်းဆိုးကိုကြောက်ရလိမ့်မည်မဟုတ်။ သူ၏စိတ်နှလုံးသည် တည်ကြည်လျက် ထာဝရဘုရားကို ယုံကြည်ကိုးစား၏။
“လျှို့ဝှက်ကြံစည်မှုပါတကားဟု ဤလူမျိုးတို့ပြောဆိုတိုင်း လျှို့ဝှက်ကြံစည်မှုပါတကားဟု သင်တို့လိုက်မပြောကြနှင့်။ သူတို့ကြောက်ရွံ့သောအရာကို မကြောက်ရွံ့ကြနှင့်။ မထိတ်လန့်ကြနှင့်။
ထို့နောက် ကိုယ်တော်က“လူမျိုးတစ်မျိုးနှင့်တစ်မျိုး၊ နိုင်ငံတစ်နိုင်ငံနှင့်တစ်နိုင်ငံတို့သည် ရန်ဘက်ပြုကြ၍
ဤအရာများစတင်ဖြစ်ပျက်လာသောအခါ သင်တို့ကို ရွေးနုတ်တော်မူသောအချိန်နီးကပ်လာပြီဖြစ်၍ တည့်မတ်စွာရပ်လျက် သင်တို့ခေါင်းကိုမော့ထားကြလော့”ဟု မိန့်တော်မူ၏။
ကိုယ်တော်ကလည်း“သင်တို့သည် လှည့်ဖြားခြင်းမခံရစေရန် သတိပြုကြလော့။ အကြောင်းမူကား များစွာသောသူတို့သည် ငါ့အဖြစ်အယောင်ဆောင်လျက်ရောက်လာ၍ ‘ငါသည် ထိုသူပင်ဖြစ်၏’ဟူ၍လည်းကောင်း၊ ‘အချိန်နီးကပ်လာပြီ’ဟူ၍လည်းကောင်း ဆိုကြလိမ့်မည်။ ထိုသူတို့၏နောက်သို့မလိုက်ကြနှင့်။