“ကောင်းကင်နိုင်ငံတော်ပေါ်ထွန်းလုနီးပြီဖြစ်၍ နောင်တရကြလော့”ဟု ယုဒနယ်ရှိတောကန္တာရတွင် ဟောပြောလေ၏။
လုကာ 21:31 - မြန်မာ့စံမီသမ္မာကျမ်း ထိုနည်းတူ ဤအရာများဖြစ်ပျက်နေသည်ကို သင်တို့မြင်ရသောအခါ ဘုရားသခင်၏နိုင်ငံတော်ပေါ်ထွန်းလုနီးပြီဖြစ်ကြောင်း သိမှတ်ကြလော့။ Common Language Bible ထိုနည်းတူစွာဖော်ပြခဲ့သည့်အမှုအရာများ ဖြစ်ပျက်လျက်ရှိသည်ကိုတွေ့မြင်ရသောအခါ ဘုရားသခင်၏နိုင်ငံတော်တည်ချိန်နီးပြီဟု သိမှတ်ကြလော့။ Garrad Bible ဘု ရား သ ခင့် နိုင် ငံ တော် တည် လု ကြောင်း သိ မှတ် ကြ လော့။ Judson Bible ထိုနည်းတူ ထိုအကြောင်းအရာများဖြစ်သည်ကို မြင်ရလျှင်၊ ဘုရားသခင်၏နိုင်ငံတော် တည်လုနီးသည်ကို သိမှတ်ကြလော့။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုနည်းတူပင် ငါဖော်ပြခဲ့သည့်အရာများ ဖြစ်ပျက်နေသည်ကို မြင်လျှင် ဘုရားသခင်၏နိုင်ငံတော် ပေါ်ထွန်းရန်နီးကပ်နေကြောင်း သိမှတ်ကြလော့။ မြန်မာ ထိုနည်းတူ ထိုအကြောင်းအရာများဖြစ်သည်ကို မြင်ရလျှင်၊ ဘုရားသခင်၏နိုင်ငံတော် တည်လုနီးသည်ကို သိမှတ်ကြလော့။- |
“ကောင်းကင်နိုင်ငံတော်ပေါ်ထွန်းလုနီးပြီဖြစ်၍ နောင်တရကြလော့”ဟု ယုဒနယ်ရှိတောကန္တာရတွင် ဟောပြောလေ၏။
သင်တို့အား ငါအမှန်ဆိုသည်ကား ဤအရာအားလုံးမဖြစ်ပျက်မီ ဤမျိုးဆက်သည် မည်သည့်အခါမျှ ကွယ်ပျောက်လိမ့်မည်မဟုတ်။
အကြောင်းမူကား “ကြွလာတော်မူမည့်အရှင်သည် ကြန့်ကြာခြင်းမရှိဘဲ မကြာမီကြွလာတော်မူလိမ့်မည်။
ညီအစ်ကိုတို့၊ စီရင်ခြင်းမခံရမည့်အကြောင်း တစ်ဦးအပေါ်တစ်ဦး ပြစ်တင်ညည်းညူခြင်းကိုမပြုကြနှင့်။ ကြည့်ကြလော့။ တရားစီရင်သောအရှင်သည် တံခါးရှေ့၌ရပ်နေတော်မူပြီ။
ခပ်သိမ်းသောအရာတို့၏နောက်ဆုံးချိန် နီးကပ်လာပြီဖြစ်၍ ဆုတောင်းခြင်းအမှုကိုပြုနိုင်ရန် တည်ငြိမ်မှန်ကန်သောစိတ်နှင့် သမ္မာသတိရှိကြလော့။