“ငါသည် အီဂျစ်ပြည်သားတို့ကို အချင်းချင်းဆန့်ကျင်ရန် လှုံ့ဆော်၍ သူတို့သည် ညီအစ်ကိုအချင်းချင်း၊ အိမ်နီးချင်းအချင်းချင်း၊ မြို့အချင်းချင်း၊ နိုင်ငံအချင်းချင်း ဆန့်ကျင်ကြလိမ့်မည်။
လုကာ 21:10 - မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် ကိုယ်တော်က“လူမျိုးတစ်မျိုးနှင့်တစ်မျိုး၊ နိုင်ငံတစ်နိုင်ငံနှင့်တစ်နိုင်ငံတို့သည် ရန်ဘက်ပြုကြ၍ Common Language Bible ထိုနောက်ကိုယ်တော်က ``လူတစ်မျိုးနှင့်တစ်မျိုး၊ နိုင်ငံတစ်နိုင်ငံနှင့်တစ်နိုင်ငံစစ်ဖြစ်ကြလိမ့်မည်။- Garrad Bible ဆက် လက် မိန့် တော် မူ သည် မှာ လူ တစ် မျိုး နှင့် တစ် မျိုး တစ် နိုင် ငံ နှင့် တစ် နိုင် ငံ ရန် ဘက် ပြု သည့် ပြင် ကြီး စွာ သော င လျင် လှုပ် ခြင်း၊ Judson Bible ထိုမှတစ်ပါး၊ လူတစ်မျိုးနှင့် တစ်မျိုး၊ တစ်နိုင်ငံနှင့် တစ်နိုင်ငံ ရန်ဘက်ပြုကြလိမ့်မည်။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့နောက် ယေရှုက “လူမျိုးတစ်မျိုးနှင့်တစ်မျိုး၊ နိုင်ငံတစ်နိုင်ငံနှင့်တစ်နိုင်ငံ ဆန့်ကျင်တိုက်ခိုက်ကြလိမ့်မည်။ မြန်မာ ထိုမှတစ်ပါး၊ လူတစ်မျိုးနှင့် တစ်မျိုး၊ တစ်နိုင်ငံနှင့် တစ်နိုင်ငံ ရန်ဘက်ပြုကြလိမ့်မည်။- |
“ငါသည် အီဂျစ်ပြည်သားတို့ကို အချင်းချင်းဆန့်ကျင်ရန် လှုံ့ဆော်၍ သူတို့သည် ညီအစ်ကိုအချင်းချင်း၊ အိမ်နီးချင်းအချင်းချင်း၊ မြို့အချင်းချင်း၊ နိုင်ငံအချင်းချင်း ဆန့်ကျင်ကြလိမ့်မည်။
ထိုနေ့ရက်တွင် ထာဝရဘုရားကြောင့် အလွန်တုန်လှုပ်ချောက်ချားကြလိမ့်မည်။ တစ်ယောက်ကိုတစ်ယောက် ဖမ်းကိုင်ပြီး အချင်းချင်းတိုက်ခိုက်ကြလိမ့်မည်။
လူမျိုးတစ်မျိုးနှင့်တစ်မျိုး၊ နိုင်ငံတစ်နိုင်ငံနှင့်တစ်နိုင်ငံတို့သည် ရန်ဘက်ပြုကြ၍ အရပ်ရပ်တို့၌ ငလျင်လှုပ်ခြင်းနှင့် ငတ်မွတ်ခေါင်းပါးခြင်းများဖြစ်ကြလိမ့်မည်။ ဤအရာတို့သည် သားဖွားခြင်းဝေဒနာ၏အစဖြစ်၏။
အရပ်ရပ်တို့၌ ပြင်းထန်သောငလျင်လှုပ်ခြင်း၊ ငတ်မွတ်ခေါင်းပါးခြင်းနှင့် ကပ်ရောဂါဆိုက်ခြင်းတို့ဖြစ်ကြလိမ့်မည်။ မိုးကောင်းကင်၌လည်း ကြောက်မက်ဖွယ်ရာများနှင့် ကြီးမားသောအတိတ်နိမိတ်များပေါ်ထွန်းကြလိမ့်မည်။
သင်တို့သည် စစ်ပွဲများနှင့် ရုန်းရင်းဆန်ခတ်ဖြစ်ခြင်းအကြောင်းတို့ကို ကြားရသောအခါ ထိတ်လန့်ခြင်းမရှိကြနှင့်။ အကြောင်းမူကား ထိုအရာများသည် ဦးစွာဖြစ်ပျက်ရမည်။ သို့သော် အဆုံးသည် ချက်ချင်းမရောက်သေး”ဟု မိန့်တော်မူ၏။
ထိုသူတို့အထဲမှ အာဂဗုအမည်ရှိသူတစ်ဦးသည် ထ၍ ကမ္ဘာတစ်ဝန်းလုံး၌ ကြီးစွာသောငတ်မွတ်ခေါင်းပါးခြင်းဘေး ကျရောက်တော့မည်ဟု ဝိညာဉ်တော်အားဖြင့် ကြိုတင်ဟောပြော၏။ ထိုဘေးသည် ကလောဒိမင်း၏လက်ထက်တွင် ဖြစ်ပေါ်ခဲ့၏။
“နောက်တစ်ဖန်”ဟူသောစကားသည် မတုန်လှုပ်နိုင်သောအရာတို့ကိုတည်မြဲစေရန် ဖန်ဆင်းခြင်းခံရသည့် တုန်လှုပ်တတ်သောအရာများကိုဖယ်ရှားမည့်အကြောင်းကို ဆိုလို၏။