အစ္စရေးသည် အသီးများစွာသီးသောစပျစ်ပင်နှင့် တူ၏။ ကိုယ့်အဖို့သာ သီး၏။ အသီးများစွာသီးလေလေ ယဇ်ပလ္လင်များစွာ တည်လေလေ၊ တိုင်းပြည်သာယာဝပြောလေလေ အထွတ်အမြတ်ထားရာကျောက်တိုင်များလည်း ပို၍ကောင်းအောင်စိုက်ထူကြလေလေ ဖြစ်၏။
လုကာ 20:11 - မြန်မာ့စံမီသမ္မာကျမ်း တစ်ဖန် အခြားအစေအပါးတစ်ဦးကို ထပ်၍စေလွှတ်လေ၏။ သို့သော် သူ့ကိုလည်းရိုက်နှက်၍ အရှက်ခွဲပြီးလျှင် လက်ချည်းသက်သက်ပြန်လွှတ်ကြ၏။ Common Language Bible ထိုနောက်ဥယျာဉ်ရှင်သည်အခြားကျွန်တစ် ယောက်ကိုစေလွှတ်ပြန်၏။ သို့ရာတွင်ခြံသမား တို့သည်သူ့ကိုလည်းရိုက်၍အရှက်ခွဲပြီးလျှင် လက်ချည်းသက်သက်ပြန်လွှတ်လိုက်ကြ၏။- Garrad Bible အ ခြား ကျွန် တစ် ယောက် ကို စေ လွှတ် ပြန် ရာ ရိုက် နှက် ရှုတ် ချ ပြီး လျှင် လက် ချည်း ပြန် လွှတ် ကြ၏။ Judson Bible နောက်တစ်ဖန် အခြားသော ငယ်သားကို စေလွှတ်ပြန်လျှင်၊ ဥယျာဉ်စောင့်တို့သည် သူ့ကိုရိုက်၍ အရှက်ခွဲပြီးမှ လက်ချည်းလွှတ်လိုက်ကြ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအခါ သူသည် အခြားသောအစေခံတစ်ဦးကို စေလွှတ်ပြန်၏။ သို့သော် ထိုသူတို့က ထိုအစေခံကိုလည်း ရိုက်နှက်၍ အရှက်ခွဲပြီးမှ လက်ချည်းဗလာ ပြန်လွှတ်လိုက်ကြ၏။ မြန်မာ နောက်တစ်ဖန် အခြားသော ငယ်သားကို စေလွှတ်ပြန်လျှင်၊ ဥယျာဉ်စောင့်တို့သည် သူ့ကိုရိုက်၍ အရှက်ခွဲပြီးမှ လက်ချည်းလွှတ်လိုက်ကြ၏။- |
အစ္စရေးသည် အသီးများစွာသီးသောစပျစ်ပင်နှင့် တူ၏။ ကိုယ့်အဖို့သာ သီး၏။ အသီးများစွာသီးလေလေ ယဇ်ပလ္လင်များစွာ တည်လေလေ၊ တိုင်းပြည်သာယာဝပြောလေလေ အထွတ်အမြတ်ထားရာကျောက်တိုင်များလည်း ပို၍ကောင်းအောင်စိုက်ထူကြလေလေ ဖြစ်၏။
နောက်တစ်ဖန် အခြားအစေအပါးတစ်ဦးကို သူတို့ထံသို့စေလွှတ်လိုက်ရာ ဦးခေါင်းကိုရိုက်၍ သူ့ကိုအရှက်ခွဲကြ၏။
အသီးပေါ်ချိန်ရောက်သောအခါ စပျစ်ခြံထွက်အသီးအချို့ကိုမိမိအားပေးစေရန် အစေအပါးတစ်ဦးကို ခြံသမားတို့ထံသို့ စေလွှတ်လေ၏။ သို့သော် ခြံသမားတို့သည် ထိုအစေအပါးကိုရိုက်နှက်ကာ လက်ချည်းသက်သက်ပြန်လွှတ်ကြ၏။
နောက်တစ်ဖန် တတိယအစေအပါးကို ထပ်၍စေလွှတ်လေ၏။ သို့သော် ထိုအစေအပါးကိုလည်း အနာတရဖြစ်စေပြီးမှ နှင်ထုတ်ကြ၏။
သင်တို့ဘိုးဘေးများ မညှဉ်းဆဲခဲ့သောပရောဖက်တစ်ပါးပါးရှိသလော။ သူတို့သည် ဖြောင့်မတ်သောအရှင်ကြွလာမည့်အကြောင်း ကြိုတင်ဟောပြောသောသူများကိုသတ်ခဲ့ကြ၏။ ယခု သင်တို့သည် ထိုဖြောင့်မတ်သောအရှင်ကို သစ္စာဖောက်သောသူနှင့် သတ်ဖြတ်သောသူများဖြစ်ကြပြီ။
သင်တို့သိကြသည့်အတိုင်း ငါတို့သည် ဦးစွာ ဖိလိပ္ပိမြို့၌ ဒုက္ခဝေဒနာခံစားရလျက် နှိပ်စက်ခြင်းကိုခံရသော်လည်း ကြီးစွာသောဆန့်ကျင်တိုက်ခိုက်မှုထဲတွင် ဘုရားသခင်၏ကောင်းမြတ်သောသတင်းကို ငါတို့၏ဘုရားသခင်အားဖြင့် သင်တို့အား ရဲရင့်စွာဟောပြောကြ၏။