ဘုရားသခင်သည် ထိုမြို့တော်အလယ်၌ ရှိတော်မူသည်ဖြစ်၍ ထိုမြို့တော်သည် တုန်လှုပ်မည်မဟုတ်။ နံနက်အချိန်ရောက်သောအခါ ဘုရားသခင်သည် ထိုမြို့တော်ကိုကူညီမစတော်မူလိမ့်မည်။
လုကာ 18:8 - မြန်မာ့စံမီသမ္မာကျမ်း သင်တို့အား ငါဆိုသည်ကား ဘုရားသခင်သည် သူတို့အတွက် တရားသဖြင့် လျင်မြန်စွာစီရင်ပေးတော်မူလိမ့်မည်။ သို့သော် လူ့သားကြွလာသောအခါ မြေကြီးပေါ်၌ ယုံကြည်ခြင်းကို တွေ့ရပါမည်လော”ဟု မိန့်တော်မူ၏။ Common Language Bible သင်တို့အားငါဆိုသည်ကားကိုယ်တော်သည် ဆောလျင်စွာ ထိုသူတို့အတွက်တရားသဖြင့် ဖြစ်စေရန်စီရင်တော်မူပေအံ့။ သို့ရာတွင် လူသားကြွလာတော်မူသောအခါ၌ ဤ လောကတွင်ယုံကြည်ခြင်းကိုတွေ့ရပါ မည်လော'' ဟုမိန့်တော်မူ၏။ Garrad Bible အ လျင် အ မြန် စီ ရင် တော် မူ လိမ့် မည် ငါ ဆို၏။ သို့ ရာ တွင် လူ့ သား ကြွ ရောက် သည့် ကာ လ ဤ မြေ ကြီး ပေါ် တွင် ယုံ ကြည် ခြင်း ကို တွေ့ မြင် ရ မည် လော ဟု မိန့် တော် မူ၏။ Judson Bible ငါဆိုသည်ကား၊ သူတို့ဘက်၌ အလျင်အမြန် တရားစီရင်တော်မူမည်။ သို့သော်လည်း လူသားသည် ကြွလာသောအခါ ယုံကြည်ခြင်းကို မြေကြီးပေါ်မှာ တွေ့မည်လောဟု သခင်ဘုရားသည် မိန့်တော်မူ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း သင်တို့အား ငါပြောဆိုသည်မှာ ဘုရားသခင်သည် သူတို့အတွက် လျင်မြန်စွာ တရားမျှတစွာ စီရင်ပေးလိမ့်မည်။ သို့ရာတွင် လူသားပြန်လည်ကြွလာသောအခါ သူသည် ကမ္ဘာမြေကြီးပေါ်၌ ယုံကြည်ခြင်းရှိသူကို တွေ့ရပါမည်လော” ဟု မိန့်တော်မူ၏။ မြန်မာ ငါဆိုသည်ကား၊ သူတို့ဘက်၌ အလျင်အမြန် တရားစီရင်တော်မူမည်။ သို့သော်လည်း လူသားသည် ကြွလာသောအခါ ယုံကြည်ခြင်းကို မြေကြီးပေါ်မှာ တွေ့မည်လောဟု သခင်ဘုရားသည် မိန့်တော်မူ၏။ |
ဘုရားသခင်သည် ထိုမြို့တော်အလယ်၌ ရှိတော်မူသည်ဖြစ်၍ ထိုမြို့တော်သည် တုန်လှုပ်မည်မဟုတ်။ နံနက်အချိန်ရောက်သောအခါ ဘုရားသခင်သည် ထိုမြို့တော်ကိုကူညီမစတော်မူလိမ့်မည်။
များစွာသောလူတို့သည် မိမိတို့၏မေတ္တာကရုဏာကို ထုတ်ဖော်ပြောဆိုတတ်ကြ၏။ သို့သော် သစ္စာရှိသောသူကို မည်သူရှာတွေ့နိုင်သနည်း။
အို ယာကုပ်အမျိုး၊ အို အစ္စရေးလူမျိုး၊ “ထာဝရဘုရားသည် ငါ့လမ်းကို မမြင်။ ငါ၏ဘုရားသခင်သည် ငါ့အမှုကို ဂရုမစိုက်”ဟု အဘယ်ကြောင့်ပြောဆိုရသနည်း။
အကြောင်းမူကား ခရစ်တော်အတုအယောင်များနှင့် ပရောဖက်အတုအယောင်များပေါ်လာ၍ ဖြစ်နိုင်လျှင် ရွေးကောက်ခံရသောသူတို့ကိုပင် လှည့်ဖြားရန် ကြီးမားသောနိမိတ်လက္ခဏာများနှင့် အံ့ဩဖွယ်ရာများကို ပြုကြလိမ့်မည်။
ယေရှုကလည်း“မြေခွေးတို့၌ တွင်းရှိကြ၏။ မိုးကောင်းကင်ငှက်တို့၌လည်း အသိုက်ရှိကြ၏။ လူ့သား၌မူကား ခေါင်းချစရာနေရာမရှိ”ဟု မိန့်တော်မူ၏။
သူတို့သည် လောဘစိတ်ဖြင့် လုပ်ကြံဖန်တီးသောစကားများကိုပြောဆိုလျက် သင်တို့အပေါ် အမြတ်ထုတ်ကြလိမ့်မည်။ သူတို့ခံရမည့် ပြစ်ဒဏ်စီရင်ခြင်းသည် ရှေးယခင်ကပင် ဖင့်နှေးခြင်းမရှိ။ သူတို့၏ပျက်စီးခြင်းသည်လည်း ငိုက်မျဉ်းခြင်းမရှိ။