အို ဘုရားရှင်၊ မေတ္တာကရုဏာကို ကိုယ်တော်ပိုင်တော်မူ၏။ အကြောင်းမူကား ကိုယ်တော်သည် လူအသီးသီးတို့အား မိမိတို့ပြုသောအမှုနှင့်အညီ အကျိုးအပြစ်ကို ဆပ်ပေးတော်မူ၏။
လုကာ 18:38 - မြန်မာ့စံမီသမ္မာကျမ်း ထိုသူက “ဒါဝိဒ်၏သားတော်ယေရှု၊ အကျွန်ုပ်ကိုသနားတော်မူပါ”ဟု အော်ဟစ်လေ၏။ Common Language Bible ထိုသူက ``ဒါဝိဒ်၏သားတော်ယေရှု၊ အကျွန်ုပ် ကိုသနားတော်မူပါ'' ဟုဟစ်အော်၏။ Garrad Bible ဒါ ဝိဒ် မင်း သား တော် ယေ ရှု၊ သ နား တော် မူ ပါ ဟု အော် ဟစ် သည့် ကာ လ၊ Judson Bible ဒါဝိဒ်၏သားတော်ယေရှု၊ အကျွန်ုပ်ကို ကယ်မသနားတော်မူပါဟု ဟစ်ကြော်လေ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုသူက “ဒါဝိဒ်မင်း၏သားတော် ယေရှု… အကျွန်ုပ်ကို သနားတော်မူပါ” ဟု အော်ဟစ်လေ၏။ မြန်မာ ဒါဝိဒ်၏သားတော်ယေရှု၊ အကျွန်ုပ်ကို ကယ်မသနားတော်မူပါဟု ဟစ်ကြော်လေ၏။- |
အို ဘုရားရှင်၊ မေတ္တာကရုဏာကို ကိုယ်တော်ပိုင်တော်မူ၏။ အကြောင်းမူကား ကိုယ်တော်သည် လူအသီးသီးတို့အား မိမိတို့ပြုသောအမှုနှင့်အညီ အကျိုးအပြစ်ကို ဆပ်ပေးတော်မူ၏။
ထာဝရဘုရားက “ကြည့်ရှုလော့။ အချိန်ကျရောက်ပြီ။ ဖြောင့်မတ်ခြင်းအကိုင်းကို ဒါဝိဒ်အမျိုးမှ ငါပေါ်ထွက်စေမည်။ သူသည် ဘုရင်အဖြစ်အုပ်စိုးမည်။ ပညာသတိရှိလျက် ပြည်တော်၌ တရားမျှတစွာ၊ ဖြောင့်မတ်စွာ စီရင်မည်။
ထိုအခါ လူထုပရိသတ်အပေါင်းတို့သည် အံ့ဩငေးမော၍ “ဤသူသည် ဒါဝိဒ်၏သားတော်ဖြစ်လေမည်လော”ဟု ပြောဆိုကြ၏။
ထိုအခါ ထိုအရပ်ဒေသမှ ခါနာန်အမျိုးသမီးတစ်ဦးသည် ထွက်လာ၍ “သခင်ဘုရား၊ ဒါဝိဒ်၏သားတော်၊ ကျွန်မကိုသနားတော်မူပါ။ ကျွန်မ၏သမီးသည် နတ်ဆိုးပူး၍ ပြင်းထန်စွာခံစားနေရပါ၏”ဟု အော်ဟစ်လျှောက်ထားလေ၏။
သို့သော် ယဇ်ပုရောဟိတ်အကြီးအကဲများနှင့်ကျမ်းပြုဆရာများသည် ကိုယ်တော်ပြုတော်မူသော အံ့သြဖွယ်အမှုတို့ကိုလည်းကောင်း၊ “ဒါဝိဒ်၏သားတော်အား ဟောရှဏ္ဏဖြစ်စေသတည်း”ဟု ဗိမာန်တော်၌ ကလေးများကြွေးကြော်နေကြသည်ကိုလည်းကောင်း မြင်လျှင် အမျက်ထွက်ကြ၍
ကိုယ်တော်၏ရှေ့မှသွားသောလူထုပရိသတ်များနှင့် နောက်မှလိုက်သောလူထုပရိသတ်များသည် “ဒါဝိဒ်၏သားတော်အား ဟောရှဏ္ဏဖြစ်စေသတည်း။ ထာဝရဘုရား၏နာမတော်၌ ကြွလာတော်မူသောအရှင်သည် မင်္ဂလာရှိစေသတည်း။ အမြင့်ဆုံးသောအရပ်၌ ဟောရှဏ္ဏဖြစ်စေသတည်း”ဟု ကြွေးကြော်ကြ၏။
ယေရှုသည် ထိုအရပ်မှကြွတော်မူစဉ် မျက်မမြင်နှစ်ဦးတို့သည် “ဒါဝိဒ်၏သားတော်၊ အကျွန်ုပ်တို့ကို သနားတော်မူပါ”ဟု အော်ဟစ်လျက်ကိုယ်တော်၏နောက်မှလိုက်လာကြ၏။
ရှေ့မှသွားသောသူတို့သည် သူ့ကို တိတ်ဆိတ်စွာနေရန် ဆူငေါက်ကြ၏။ သို့သော် သူသည် “ဒါဝိဒ်၏သားတော်၊ အကျွန်ုပ်ကိုသနားတော်မူပါ”ဟု ပို၍အော်ဟစ်လေ၏။
ဘုရားသခင်၏သားတော်အကြောင်းဖြစ်၏။ သားတော်သည် လူသားအနေဖြင့် ဒါဝိဒ်၏အမျိုးအနွယ်မှ ပေါ်ထွန်းတော်မူ၍
ငါယေရှုသည် အသင်းတော်များအတွက် ဤအကြောင်းအရာများကို သင်တို့အားသက်သေခံရန် ငါ၏ကောင်းကင်တမန်ကိုစေလွှတ်လိုက်၏။ ငါသည် ဒါဝိဒ်၏အမြစ်နှင့်အမျိုးအနွယ်ဖြစ်ပြီး တောက်ပသောမိုးသောက်ကြယ်ဖြစ်၏။”