ပညတ်တရား၊ သက်သေခံတော်မူချက်တို့ကိုသာ မေးမြန်းသင့်သည်မဟုတ်လော။ ဤစကားနှင့်အညီ မပြောဆိုကြလျှင် သူတို့ထဲ၌ အရုဏ်အလင်းမရောက်သေး။
လုကာ 18:20 - မြန်မာ့စံမီသမ္မာကျမ်း ‘အိမ်ထောင်ရေးဖောက်ပြန်မှုကို မကျူးလွန်ရ။ လူမသတ်ရ။ မခိုးယူရ။ မမှန်သောသက်သေထွက်ဆိုခြင်းမပြုရ။ သင်၏မိခင်နှင့်ဖခင်တို့ကို ရိုသေလော့’ဟူသောပညတ်တော်တို့ကို သင်သိသည်မဟုတ်လော”ဟု မိန့်တော်မူ၏။ Common Language Bible သင်သည်ပညတ်တော်တို့ကိုသိသည်မဟုတ် လော။ `သူ့အိမ်ရာကိုမပြစ်မှားနှင့်။ လူ့အသက် ကိုမသတ်နှင့်။ သူ့ဥစ္စာကိုမခိုးနှင့်။ မမှန်သော သက်သေကိုမခံနှင့်။ မိဘကိုရိုသေသမှုပြု လော့'' ဟုမိန့်တော်မူ၏။ Garrad Bible သူ့ သား အိမ် ရာ ကို မ ပြစ် မှား နှင့်၊ သူ့ အ သက် ကို မ သတ် နှင့်၊ သူ့ ဥ စ္စာ ကို မ ခိုး နှင့်၊ မု သာ သက် သေ မ ခံ နှင့်၊ မိ ဘ ကို ရို သေ သ မှု ပြု လော့ ဟူ သော ပ ညတ် တော် များ ကို သင် သိ ပြီ ဟု မိန့် တော် မူ သည့် ကာ လ၊ Judson Bible သင်သည် ပညတ်တော်တို့ကို သိသည်မဟုတ်လော။ သူ့မယားကို မပြစ်မှားနှင့်။ လူအသက်ကိုမသတ်နှင့်။ သူ့ဥစ္စာကိုမခိုးနှင့်။ မမှန်သောသက်သေကို မခံနှင့်။ မိဘကို ရိုသေစွာပြုလော့ဟု မိန့်တော်မူလျှင်၊- ခေတ်သစ်မြန်မာ သမ္မာကျမ်း ‘သူတစ်ပါးသားမယားကို မပြစ်မှားနှင့်။ လူ့အသက် မသတ်နှင့်။ မခိုးယူနှင့်။ မမှန်သောသက်သေကို မထွက်ဆိုနှင့်။ မိဘကို ရိုသေလော့’ ဟူသော ပညတ်တော်ကို သင်သိသည်မဟုတ်လော” ဟု မိန့်တော်မူ၏။ မြန်မာ သင်သည် ပညတ်တော်တို့ကို သိသည်မဟုတ်လော။ သူ့မယားကို မပြစ်မှားနှင့်။ လူအသက်ကိုမသတ်နှင့်။ သူ့ဥစ္စာကိုမခိုးနှင့်။ မမှန်သောသက်သေကို မခံနှင့်။ မိဘကို ရိုသေစွာပြုလော့ဟု မိန့်တော်မူလျှင်၊- |
ပညတ်တရား၊ သက်သေခံတော်မူချက်တို့ကိုသာ မေးမြန်းသင့်သည်မဟုတ်လော။ ဤစကားနှင့်အညီ မပြောဆိုကြလျှင် သူတို့ထဲ၌ အရုဏ်အလင်းမရောက်သေး။
ယေရှုက“ငါ့ကိုကောင်းမြတ်သောသူဟု အဘယ်ကြောင့်ခေါ်သနည်း။ ဘုရားသခင်တစ်ပါးတည်းမှလွဲ၍ ကောင်းမြတ်သောသူတစ်စုံတစ်ဦးမျှမရှိ။
ထိုသူကလည်း “အကျွန်ုပ်သည် ဤအရာအားလုံးကို ငယ်စဉ်ကတည်းက စောင့်ထိန်းပါပြီ”ဟု လျှောက်လေ၏။
အကြောင်းမူကား “အိမ်ထောင်ရေးဖောက်ပြန်မှုကို မကျူးလွန်ရ၊ လူမသတ်ရ၊ မခိုးယူရ၊ တပ်မက်သောစိတ်မရှိရ”ဟူသောပညတ်ချက်များမှစ၍ အခြားမည်သည့်ပညတ်ချက်မဆို “ကိုယ့်ဝန်းကျင်၌ရှိသောသူကို ကိုယ်နှင့်အမျှချစ်ရမည်”ဟူသော ဤမိန့်တော်မူချက်၌ ပေါင်းခြုံထား၏။
သို့ဖြစ်၍ ပညတ်တရားနှင့်ဆိုင်သောအကျင့်အားဖြင့် မည်သူမျှ ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုခြင်းခံရမည်မဟုတ်။ အကြောင်းမူကား ပညတ်တရားအားဖြင့် အပြစ်အကြောင်းကိုသိရှိရုံမျှသာဖြစ်၏။
သင်၏မိခင်နှင့်ဖခင်တို့ကို ရိုသေလော့။ ဤသည်ကား “ထိုသို့ပြုလျှင် သင်သည် ကမ္ဘာမြေပေါ်၌ ကောင်းစားလျက် အသက်ရှည်ရလိမ့်မည်”ဟူသောကတိတော်ပါသည့် ပထမပညတ်ချက်ဖြစ်၏။
သားသမီးတို့၊ အရာရာ၌ မိဘစကားကိုနားထောင်ကြလော့။ အကြောင်းမူကား ဤအရာသည် သခင်ဘုရားနှစ်သက်တော်မူသောအရာဖြစ်၏။