သို့ရာတွင် ယေရှုသည် ထိုကလေးသူငယ်များကိုခေါ်၍“ကလေးသူငယ်တို့ငါ့ထံသို့လာကြပါလေစေ။ သူတို့ကိုမတားဆီးကြနှင့်။ အကြောင်းမူကား ဘုရားသခင်၏နိုင်ငံတော်သည် ထိုသို့သောသူတို့၏နိုင်ငံဖြစ်၏။
လုကာ 18:15 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ကိုယ်တော်တို့ထိပေးတော်မူရန် လူတို့သည် ကလေးငယ်များကို အထံတော်သို့ခေါ်ဆောင်လာကြ၏။ သို့သော် တပည့်တော်တို့မြင်လျှင် သူတို့ကိုဆူငေါက်ကြ၏။ Common Language Bible လက်တော်ဖြင့်တို့ထိတော်မူစေရန်လူအချို့တို့ သည်မိမိတို့၏ကလေးသူငယ်များကိုအထံ တော်သို့ခေါ်ဆောင်ခဲ့ကြသည်ကို တပည့်တော် တို့မြင်လျှင်ထိုသူတို့အားအပြစ်တင်ကြ၏။- Garrad Bible ထို နောက် တို့ တော် မူ စေ ခြင်း ငှာ သူ ငယ် တို့ ကို ကိုယ် တော့် ထံ ဆောင် ခဲ့ ကြ သော် တ ပည့် တော် တို့ မြင် သော် ဆုံး မ ကြ သည် နှင့်၊ Judson Bible ထိုအခါ သူငယ်တို့ကို လက်တော်နှင့်တို့စေခြင်းငှာ အထံတော်သို့ ဆောင်ခဲ့သည်ကို တပည့်တော်တို့သည် မြင်လျှင် အပြစ်တင်ကြ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း တစ်နေ့တွင် အချို့မိဘများသည် မိမိတို့၏ကလေးငယ်များကို ကိုယ်တော်၏လက်တော်ဖြင့် တို့ထိ၍ ကောင်းချီးပေးတော်မူစေရန် ကိုယ်တော်ထံသို့ ခေါ်ဆောင်လာကြ၏။ သို့သော် တပည့်တော်တို့သည် မြင်လျှင် ထိုသူတို့ကို ဟန့်တားကြ၏။ မြန်မာ ထိုအခါ သူငယ်တို့ကို လက်တော်နှင့်တို့စေခြင်းငှာ အထံတော်သို့ ဆောင်ခဲ့သည်ကို တပည့်တော်တို့သည် မြင်လျှင် အပြစ်တင်ကြ၏။- |
သို့ရာတွင် ယေရှုသည် ထိုကလေးသူငယ်များကိုခေါ်၍“ကလေးသူငယ်တို့ငါ့ထံသို့လာကြပါလေစေ။ သူတို့ကိုမတားဆီးကြနှင့်။ အကြောင်းမူကား ဘုရားသခင်၏နိုင်ငံတော်သည် ထိုသို့သောသူတို့၏နိုင်ငံဖြစ်၏။
တပည့်တော်ယာကုပ်နှင့်ယောဟန်တို့သည် ထိုအဖြစ်ကိုမြင်လျှင် “သခင်ဘုရား၊ အကျွန်ုပ်တို့သည် မိုးကောင်းကင်မှ မီးကျလာစေ၍ သူတို့ကိုလောင်ကျွမ်းစေရန် ကိုယ်တော်အလိုရှိပါသလော”ဟု မေးလျှောက်ကြ၏။
သူငယ်နို့ပြတ်ပြီးမှ ဟန္နသည် နွားထီးသုံးကောင်၊ မုန့်ညက်တစ်ဧဖာ၊ စပျစ်ဝိုင်တစ်ဘူးကို ယူပြီးလျှင် သူငယ်ကို ထာဝရဘုရား၏အိမ်တော်ရှိရာ ရှိလောမြို့သို့ ခေါ်ဆောင်သွား၏။ သူငယ်ကား အလွန်နုနယ်သေး၏။