ထိုအခါ လယ်၌ရှိသောလူနှစ်ဦးတို့တွင် တစ်ဦးသည် ခေါ်ဆောင်သွားခြင်းခံရ၍ တစ်ဦးသည် ကျန်ရစ်ရလိမ့်မည်။
လုကာ 17:36 - မြန်မာ့စံမီသမ္မာကျမ်း [လယ်၌ရှိသော လူနှစ်ဦးတို့တွင် တစ်ဦးသည် ခေါ်ဆောင်သွားခြင်းခံရ၍ အခြားတစ်ဦးသည် ကျန်ရစ်ရလိမ့်မည်]”ဟု မိန့်တော်မူ၏။ Common Language Bible လယ်ထဲတွင်ရှိသူနှစ်ယောက်အနက်တစ်ယောက် ကိုသိမ်းယူ၍တစ်ယောက်ကိုထားခဲ့လတ္တံ့'' ဟု မိန့်တော်မူ၏။ Judson Bible လယ်၌ရှိသော သူနှစ်ယောက်တို့တွင် တစ်ယောက်ကို သိမ်းယူ၍ တစ်ယောက်မူကား နေရစ်ရလတ္တံ့ဟု မိန့်တော်မူလျှင်၊ ခေတ်သစ်မြန်မာ သမ္မာကျမ်း လယ်ထဲတွင်ရှိသော အမျိုးသမီးနှစ်ဦးတွင် တစ်ဦးသည် ခေါ်ဆောင်သွားခြင်းခံရ၍ တစ်ဦးသည် ကျန်ရစ်ခဲ့လိမ့်မည်” ဟု မိန့်တော်မူ၏။ မြန်မာ လယ်၌ရှိသော သူနှစ်ယောက်တို့တွင် တစ်ယောက်ကို သိမ်းယူ၍ တစ်ယောက်မူကား နေရစ်ရလတ္တံ့ဟု မိန့်တော်မူလျှင်၊ |
ထိုအခါ လယ်၌ရှိသောလူနှစ်ဦးတို့တွင် တစ်ဦးသည် ခေါ်ဆောင်သွားခြင်းခံရ၍ တစ်ဦးသည် ကျန်ရစ်ရလိမ့်မည်။
တပည့်တော်တို့ကလည်း “သခင်၊ မည်သည့်အရပ်၌ ထိုသို့ဖြစ်မည်နည်း”ဟု မေးလျှောက်ကြသော် ကိုယ်တော်က“အသေကောင်ရှိရာအရပ်၌ လင်းတတို့သည်လည်း စုဝေးကြလိမ့်မည်”ဟု မိန့်တော်မူ၏။