သောဒုံမြို့သားတို့သည် ထာဝရဘုရားရှေ့တော်၌ အလွန်ဆိုးညစ်၍ အပြစ်များသောသူများဖြစ်ကြ၏။
လုကာ 17:28 - မြန်မာ့စံမီသမ္မာကျမ်း ထိုနည်းတူ လောတ၏နေ့ရက်များ၌လည်း လူတို့သည် စားသောက်လျက်၊ ရောင်းဝယ်လျက်၊ စိုက်ပျိုးတည်ဆောက်လျက်နေခဲ့ကြ၏။ Common Language Bible ထိုနည်းတူလောတ၏လက်ထက်၌လူတို့သည် စားသောက်ရောင်းဝယ်လျက်စိုက်ပျိုးတည်ဆောက် လျက်နေခဲ့ကြ၏။- Garrad Bible လော တ လက် ထက် တွင် လည်း စား သောက် ရောင်း ဝယ် လျက် စိုက် ပျိုး တည် ဆောက် လျက် ရှိ နေ ကြ ရာ၊ Judson Bible ထိုနည်းတူ၊ လောတလက်ထက်၌ လူများတို့သည် စားသောက်ရောင်းဝယ်လျက်၊ စိုက်ပျိုးလျက်၊ အိမ်ဆောက်လျက် နေသကဲ့သို့လည်းကောင်း၊- ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုနည်းတူ လောတ၏ခေတ်၌ လူတို့သည် သောက်စားပျော်ပါးလျက်၊ ရောင်းဝယ်လျက်၊ စိုက်ပျိုးလျက်၊ ဆောက်လုပ်လျက် နေကြ၏။ မြန်မာ ထိုနည်းတူ၊ လောတလက်ထက်၌ လူများတို့သည် စားသောက်ရောင်းဝယ်လျက်၊ စိုက်ပျိုးလျက်၊ အိမ်ဆောက်လျက် နေသကဲ့သို့လည်းကောင်း၊- |
သောဒုံမြို့သားတို့သည် ထာဝရဘုရားရှေ့တော်၌ အလွန်ဆိုးညစ်၍ အပြစ်များသောသူများဖြစ်ကြ၏။
ထာဝရဘုရားက “ထိုပြည်သည် ဘုရားသခင်ဖျက်ဆီးပစ်သည့် သောဒုံမြို့၊ ဂေါမောရမြို့နှင့် အိမ်နီးချင်းမြို့တို့ကဲ့သို့ ဖြစ်မည်။ မည်သူမျှ ထိုပြည်၌ နေထိုင်တော့မည်မဟုတ်။ တည်းခိုသောသူ ရှိတော့မည်မဟုတ်။
ယေရှုသည် ဗိမာန်တော်ထဲသို့ဝင်၍ ဗိမာန်တော်၌ ရောင်းဝယ်နေသောသူအပေါင်းတို့ကို နှင်ထုတ်ပြီး ငွေကြေးလဲလှယ်သူတို့၏စားပွဲများနှင့် ချိုးငှက်ရောင်းနေသောသူတို့၏ထိုင်ခုံများကို မှောက်လှန်တော်မူကာ
နောဧသည် သင်္ဘောထဲသို့ဝင်သည့်နေ့တိုင်အောင် လူတို့သည် စားသောက်လျက်၊ ထိမ်းမြားစုံဖက်လျက်၊ ပေးစားဆောင်နှင်းလျက်နေ၍ ရေလွှမ်းမိုးခြင်းရောက်လာကာ သူတို့အားလုံးကိုဖျက်ဆီးလေ၏။
သို့သော် လောတသည် သောဒုံမြို့မှ ထွက်ခွာသွားသောနေ့၌ပင် မိုးကောင်းကင်မှ ကန့်နှင့်မီးရွာသွန်း၍ သူတို့အားလုံးကိုဖျက်ဆီးလေ၏။