ထာဝရအရှင်ဘုရားသခင်က လူကိုခေါ်၍ “သင်သည် အဘယ်မှာရှိသနည်း”ဟု မေးတော်မူ၏။
လုကာ 17:17 - မြန်မာ့စံမီသမ္မာကျမ်း ယေရှုကလည်း“စင်ကြယ်ခြင်းသို့ရောက်သောသူမှာ လူဆယ်ဦးမဟုတ်လော။ အခြားကိုးဦးကား အဘယ်မှာနည်း။ Common Language Bible သခင်ယေရှုက ``လူတစ်ကျိပ်တို့သည် အရေပြားရောဂါသန့်စင်သွားကြသည် မဟုတ်လော။ အခြားလူကိုးယောက်ကား အဘယ်မှာနည်း။- Garrad Bible ထို အ ခါ ယေ ရှု က၊ ဆယ် ယောက် တို့ သည် သန့် ရာ ရောက် ကြ သည် မ ဟုတ် လော။ ကိုး ယောက် မူ ကား အ ဘယ် မှာ နည်း။ Judson Bible ယေရှုကလည်း၊ တစ်ကျိပ်သောသူတို့သည် သန့်ရှင်းခြင်းသို့ ရောက်ကြသည်မဟုတ်လော။ ကိုးယောက်သောသူတို့သည် အဘယ်မှာရှိကြသနည်း။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအခါ ယေရှုက “လူဆယ်ယောက်အား သန့်ရှင်းစင်ကြယ်စေခဲ့သည်မဟုတ်ပါလော။ အခြားသောကိုးယောက်သည် အဘယ်မှာနည်း။ မြန်မာ ယေရှုကလည်း၊ တစ်ကျိပ်သောသူတို့သည် သန့်ရှင်းခြင်းသို့ ရောက်ကြသည်မဟုတ်လော။ ကိုးယောက်သောသူတို့သည် အဘယ်မှာရှိကြသနည်း။- |
ထာဝရအရှင်ဘုရားသခင်က လူကိုခေါ်၍ “သင်သည် အဘယ်မှာရှိသနည်း”ဟု မေးတော်မူ၏။
သို့သော် သူတို့သည် ကိုယ်တော်ပြုတော်မူသောအမှုတို့ကို အလျင်အမြန်မေ့လျော့ကြ၏။ ကိုယ်တော်၏အကြံဉာဏ်ကိုလည်း မစောင့်မျှော်ဘဲ
ကိုယ်တော်၏ခြေတော်ရင်း၌ပျပ်ဝပ်၍ ကိုယ်တော်ကိုကျေးဇူးတင်၏။ ထိုသူသည် ရှမာရိနယ်သားဖြစ်၏။
ဘုရားသခင်၏ဘုန်းတော်ကိုချီးမွမ်းရန်ပြန်လာသောသူသည် ဤတစ်ပါးအမျိုးသားမှလွဲ၍ တစ်ဦးမျှမရှိသလော”ဟု မိန့်တော်မူ၏။
အကြောင်းမူကား သူတို့သည် ဘုရားသခင်ကိုသိလျက်နှင့်ပင် ဘုရားအဖြစ်ဘုန်းတော်ကိုမချီးမွမ်း၊ ကျေးဇူးလည်းမတင်ကြပေ။ သူတို့၏တွေးတောကြံစည်မှုများသည် အချည်းနှီးဖြစ်သွား၍ သူတို့၏အသိတရားကင်းမဲ့သောစိတ်နှလုံးကိုလည်း အမှောင်ဖုံးလွှမ်းလေ၏။