မိမိ၏အညစ်အကြေးကို မဆေးကြောဘဲ ကိုယ့်ကိုယ်ကိုယ်စင်ကြယ်သည်ဟု ထင်မြင်သောသူများရှိ၏။
လုကာ 15:7 - မြန်မာ့စံမီသမ္မာကျမ်း ထိုနည်းတူ နောင်တရစရာမလိုသည့် ဖြောင့်မတ်သောသူကိုးဆယ့်ကိုးဦးအတွက်ထက် နောင်တရသည့်အပြစ်သားတစ်ဦးအတွက် ကောင်းကင်ဘုံ၌ ပို၍ကြီးမားသောဝမ်းမြောက်ခြင်းရှိလိမ့်မည်ဟု သင်တို့အားငါဆို၏။ Common Language Bible ထိုနည်းတူစွာနောင်တရရန်မလိုသောဂုဏ် အသရေရှိသူကိုးဆယ့်ကိုးယောက်အတွက် ထက် အပြစ်ကူးသူတစ်ယောက်နောင်တရသည့် အတွက်ကောင်းကင်ဘုံတွင်ပို၍ရွှင်လန်းဝမ်း မြောက်ခြင်းရှိလိမ့်မည်ဟုငါဆိုသည်။ Garrad Bible ထို နည်း တူ နောင် တ ရ ရန် မ လို သော သူ တော် ကောင်း ကိုး ဆယ် ကိုး ယောက် အ တွက် ထက် နောင် တ ရ သူ အ ပြစ် သား တစ် ယောက် အ တွက် ကောင်း ကင် ဘုံ တွင် ဝမ်း မြောက် ခြင်း ရှိ လိမ့် မည် ငါ ဆို၏။ Judson Bible ထိုနည်းတူ ဖြောင့်မတ်၍ နောင်တရစရာအကြောင်း မရှိသောသူ ကိုးဆယ်ကိုးယောက်တို့၌ ကောင်းကင်သားတို့သည် ဝမ်းမြောက်ခြင်းရှိသည်ထက်၊ နောင်တရသောလူဆိုးတစ်ယောက်၌ သာ၍ဝမ်းမြောက်ခြင်း ရှိကြသည်ဟု ငါဆို၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုနည်းတူ ဖြောင့်မတ်၍ နောင်တရရန် မလိုသောသူ ကိုးဆယ့်ကိုးဦးအတွက် ဝမ်းမြောက်သည်ထက် အပြစ်မှ နောင်တရ၍ ဘုရားသခင်ထံ ပြန်လာသောသူတစ်ဦးအတွက် ကောင်းကင်ဘုံတွင် ပို၍ ဝမ်းမြောက်ခြင်းရှိလိမ့်မည်။ မြန်မာ ထိုနည်းတူ ဖြောင့်မတ်၍ နောင်တရစရာအကြောင်း မရှိသောသူ ကိုးဆယ်ကိုးယောက်တို့၌ ကောင်းကင်သားတို့သည် ဝမ်းမြောက်ခြင်းရှိသည်ထက်၊ နောင်တရသောလူဆိုးတစ်ယောက်၌ သာ၍ဝမ်းမြောက်ခြင်း ရှိကြသည်ဟု ငါဆို၏။ |
မိမိ၏အညစ်အကြေးကို မဆေးကြောဘဲ ကိုယ့်ကိုယ်ကိုယ်စင်ကြယ်သည်ဟု ထင်မြင်သောသူများရှိ၏။
သင်တို့အား ငါအမှန်ဆိုသည်ကား သူသည် ထိုသိုးကိုတွေ့လျှင် လမ်းလွဲပျောက်ဆုံးခြင်းမရှိသော ကိုးဆယ့်ကိုးကောင်အတွက် ဝမ်းမြောက်သည်ထက် ထိုသိုးတစ်ကောင်အတွက် ပို၍ဝမ်းမြောက်လိမ့်မည်။
ထိုနည်းတူ နောင်တရသောအပြစ်သားတစ်ဦးအတွက် ဘုရားသခင်၏ကောင်းကင်တမန်များထဲတွင်ဝမ်းမြောက်ခြင်းရှိ၏ဟု သင်တို့အား ငါဆို၏”ဟူ၍ မိန့်တော်မူ၏။
သို့ရာတွင် သူသည် ဖခင်အား ‘အကျွန်ုပ်သည် နှစ်ပေါင်းများစွာ အဖေ့ကိုအစေခံ၍ အဖေ၏အမိန့်ကို တစ်ခါမျှမလွန်ဆန်ခဲ့ပါ။ သို့သော် အကျွန်ုပ်သည် အကျွန်ုပ်၏မိတ်ဆွေများနှင့်အတူပျော်ရွှင်ရန် အဖေသည် အကျွန်ုပ်အားဆိတ်တစ်ကောင်ကိုမျှမပေးဖူးပါ။
သို့သော် သင်၏ညီသည် သေဆုံးခဲ့သော်လည်း အသက်ပြန်ရှင်ပြီး ပျောက်ဆုံးခဲ့သော်လည်း ပြန်တွေ့ရသည်ဖြစ်၍ ယခုဝမ်းမြောက်ပျော်ရွှင်သင့်၏’ဟု ဆိုလေ၏”ဟူ၍ မိန့်တော်မူ၏။
အိမ်သို့ပြန်လာပြီးလျှင် မိတ်ဆွေများနှင့် အိမ်နီးချင်းများကိုခေါ်လျက် ‘ပျောက်ဆုံးသောငါ့သိုးကို ပြန်တွေ့ပြီဖြစ်၍ ငါနှင့်အတူဝမ်းမြောက်ကြလော့’ဟု ဆိုလိမ့်မည်။
ထိုမှတစ်ပါး အမျိုးသမီးတစ်ဦး၌ ငွေဒင်္ဂါးဆယ်ပြားရှိပြီး ၎င်းတို့ထဲမှ တစ်ပြားသည်ပျောက်ဆုံးလျှင် သူသည် ဆီမီးထွန်း၍ အိမ်ကိုလှဲကျင်းကာ ၎င်းကိုမတွေ့မချင်းသေချာစွာရှာမည်မဟုတ်လော။
သို့သော် ကိုယ်တော်က“သင်တို့သည် လူတို့ရှေ့၌ မိမိတို့ကိုယ်ကိုဖြောင့်မတ်ကြောင်း ဖော်ပြတတ်သူများဖြစ်ကြ၏။ သို့ရာတွင် ဘုရားသခင်သည် သင်တို့၏စိတ်နှလုံးကိုသိတော်မူ၏။ လူတို့အမြတ်တနိုးထားသောအရာသည် ဘုရားသခင်၏ရှေ့တော်၌ ရွံရှာဖွယ်ဖြစ်၏။
ဖြောင့်မတ်သောသူတို့ကိုခေါ်ရန် ငါလာသည်မဟုတ်။ အပြစ်သားတို့ကို နောင်တသို့ခေါ်ရန်ငါလာ၏”ဟု မိန့်တော်မူ၏။
ငါသည် တစ်ချိန်က ပညတ်တရားမပါဘဲ အသက်ရှင်ခဲ့၏။ သို့သော် ပညတ်တော်ရောက်လာသောအခါ အပြစ်သည် ပြန်လည်ရှင်သန်လာပြီး ငါမူကား သေဆုံးခဲ့သဖြင့်