သူတို့က ‘တသီးတခြားနေလော့။ ငါသည် သင့်ထက်သန့်ရှင်း၏။ ငါ့အနီးသို့မလာနှင့်’ဟု ပြောဆိုကြ၏။ ဤသူတို့သည် ငါ့နှာခေါင်းထဲမှ မီးခိုး၊ တစ်နေ့လုံးတောက်လောင်နေသောမီးနှင့်တူ၏။
လုကာ 15:29 - မြန်မာ့စံမီသမ္မာကျမ်း သို့ရာတွင် သူသည် ဖခင်အား ‘အကျွန်ုပ်သည် နှစ်ပေါင်းများစွာ အဖေ့ကိုအစေခံ၍ အဖေ၏အမိန့်ကို တစ်ခါမျှမလွန်ဆန်ခဲ့ပါ။ သို့သော် အကျွန်ုပ်သည် အကျွန်ုပ်၏မိတ်ဆွေများနှင့်အတူပျော်ရွှင်ရန် အဖေသည် အကျွန်ုပ်အားဆိတ်တစ်ကောင်ကိုမျှမပေးဖူးပါ။ Common Language Bible သားကြီးက `ကျွန်တော်သည်နှစ်ပေါင်းများစွာ အဖ၏အစေကိုခံခဲ့ပါ၏။ အဖ၏အမိန့်ကို အဘယ်အခါကမျှမလွန်ဆန်ခဲ့ဘူးပါ။ သို့ ရာတွင်သူငယ်ချင်းများနှင့်အတူကျွန်တော် ပျော်ပွဲစားရန် အဖသည်အဘယ်အခါကမျှ ဆိတ်ကလေးတစ်ကောင်ကိုမျှမပေးခဲ့ပါ။- Garrad Bible ကျွန် တော် သည် အ မိန့် တစ် ခွန်း ကို မှ မ ဖီ ဆန် ဘဲ နှစ် လ များ စွာ အ ဘ ဝတ် ကို ဆောင် ရွက် ပါ လျက် အ ပေါင်း အ ဖော် တို့ နှင့် ပျော် ပွဲ လုပ် ရန် ဆိတ် ငယ် တစ် ကောင် ကို မျှ ကျွန် တော် အား မ ပေး ဘူး ပါ။ Judson Bible သားအကြီးကလည်း၊ အကျွန်ုပ်သည် ကာလတာရှည်စွာ အဘ၏အစေကို ခံပါပြီ။ အဘ၏အလိုကို တစ်ခါမျှ မလွန်ကျူးပါ။ သို့သော်လည်း အကျွန်ုပ်သည် အဆွေတို့နှင့်အတူပျော်မွေ့ခြင်းကို ပြုစေခြင်းငှာ၊ အဘသည် ဆိတ်ကလေးတစ်ကောင်ကို တစ်ခါမျှ မပေး။- ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့သော် သူသည် ဖခင်အား ‘ကျွန်ုပ်သည် နှစ်ပေါင်းများစွာ အဖေ့အတွက် အလုပ်များ လုပ်ပေးခဲ့ပြီး အဖေ့စကား တစ်ခွန်းကိုမျှ မငြင်းခဲ့ပါ။ သို့သော်လည်း မိတ်ဆွေများနှင့်အတူ ပျော်ပွဲရွှင်ပွဲကျင်းပရန် အဖေသည် ကျွန်ုပ်အား ဆိတ်ငယ်ကလေးတစ်ကောင်ကိုမျှ မပေးခဲ့ဖူးပါ။ မြန်မာ သားအကြီးကလည်း၊ အကျွန်ုပ်သည် ကာလတာရှည်စွာ အဘ၏အစေကို ခံပါပြီ။ အဘ၏အလိုကို တစ်ခါမျှ မလွန်ကျူးပါ။ သို့သော်လည်း အကျွန်ုပ်သည် အဆွေတို့နှင့်အတူပျော်မွေ့ခြင်းကို ပြုစေခြင်းငှာ၊ အဘသည် ဆိတ်ကလေးတစ်ကောင်ကို တစ်ခါမျှ မပေး။- |
သူတို့က ‘တသီးတခြားနေလော့။ ငါသည် သင့်ထက်သန့်ရှင်း၏။ ငါ့အနီးသို့မလာနှင့်’ဟု ပြောဆိုကြ၏။ ဤသူတို့သည် ငါ့နှာခေါင်းထဲမှ မီးခိုး၊ တစ်နေ့လုံးတောက်လောင်နေသောမီးနှင့်တူ၏။
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၏အိမ်တော်ရှိ ယဇ်ပုရောဟိတ်နှင့် ပရောဖက်တို့အား “အကျွန်ုပ်သည် နှစ်ပေါင်းများစွာကပင် ပဉ္စမလတွင် အစာရှောင်ငိုကြွေးခဲ့သည့်အတိုင်း ယခုလည်းပြုရမည်လော”ဟု မေးလျှောက်စေရန် စေလွှတ်၏။
သင်တို့က “ဘုရားသခင်၏အမှုတော်ကို ထမ်းဆောင်ခြင်းသည် အကျိုးမရှိ။ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၏ညွှန်ကြားချက်အတိုင်းလိုက်နာ၍ ရှေ့တော်၌ ညှိုးငယ်စွာအသက်ရှင်လျှောက်လှမ်းခြင်းသည် မည်သည့်အကျိုးရှိသနည်း။
‘နောက်ဆုံးလာသောဤသူတို့သည် တစ်နာရီမျှသာအလုပ်လုပ်ခဲ့ကြသော်လည်း အရှင်သည်သူတို့ကို တစ်နေကုန်နေပူထဲတွင်အပင်ပန်းခံရသည့်အကျွန်ုပ်တို့နှင့်တန်းတူ ဖြစ်စေပါသည်တကား’ဟု ခြံပိုင်ရှင်အား မကျေမနပ်ပြောဆိုကြ၏။
ထိုအခါ သားကြီးသည် အမျက်ထွက်၍ အထဲသို့မဝင်လိုသောကြောင့် သူ၏ဖခင်သည် အပြင်သို့ထွက်လာ၍ သူ့ကိုဖျောင်းဖျလေ၏။
သို့ရာတွင် အဖေ၏ဥစ္စာပစ္စည်းများကို ပြည့်တန်ဆာများနှင့်ဖြုန်းတီးခဲ့သည့် အဖေ၏ဤသားပြန်လာသောအခါ၌မူ သူ့အတွက် ဆူဖြိုးသောနွားသငယ်ကို သတ်ပေးသည်တကား’ဟု ဆို၏။
ထိုနည်းတူ နောင်တရစရာမလိုသည့် ဖြောင့်မတ်သောသူကိုးဆယ့်ကိုးဦးအတွက်ထက် နောင်တရသည့်အပြစ်သားတစ်ဦးအတွက် ကောင်းကင်ဘုံ၌ ပို၍ကြီးမားသောဝမ်းမြောက်ခြင်းရှိလိမ့်မည်ဟု သင်တို့အားငါဆို၏။
ထိုနည်းတူ သင်တို့သည်လည်း သင်တို့အားစေခိုင်းသည့်အရာအားလုံးကို ဆောင်ရွက်ပြီးသောအခါ ‘အကျွန်ုပ်တို့သည် အကျိုးမပြုသောအစေအပါးများဖြစ်ကြပါ၏။ ဆောင်ရွက်ရမည့်အမှုကို ဆောင်ရွက်ခဲ့ခြင်းသာဖြစ်ပါ၏’ဟု ဆိုကြလော့”ဟူ၍ မိန့်တော်မူ၏။
မိမိကိုယ်ကိုဖြောင့်မတ်သည်ဟုယုံမှတ်လျက် သူတစ်ပါးတို့ကို မထီမဲ့မြင်ပြုတတ်သောသူအချို့တို့အား ကိုယ်တော်သည် ဤပုံဥပမာကိုပေး၍မြွက်ဆိုတော်မူသည်မှာ
သခင်သည် စည်းကမ်းကြီး၍တိကျသောသူဖြစ်ပြီး မိမိမထည့်သွင်းထားသောအရာကိုထုတ်ယူလျက် မိမိမစိုက်ပျိုးသည့်အရာကို ရိတ်သိမ်းတတ်သောကြောင့် အကျွန်ုပ်ကြောက်ပါသည်’ဟု လျှောက်လေ၏။
အကြောင်းမှာ သူတို့သည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကိုမသိဘဲ မိမိ၏ဖြောင့်မတ်ခြင်းကိုတည်စေရန် ရှာကြံလျက် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို မနာခံသောကြောင့်ဖြစ်၏။
သို့ဖြစ်၍ ပညတ်တရားနှင့်ဆိုင်သောအကျင့်အားဖြင့် မည်သူမျှ ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုခြင်းခံရမည်မဟုတ်။ အကြောင်းမူကား ပညတ်တရားအားဖြင့် အပြစ်အကြောင်းကိုသိရှိရုံမျှသာဖြစ်၏။
သို့ဖြစ်လျှင် ဝါကြွားစရာအဘယ်မှာရှိသနည်း။ ၎င်းသည် ဖယ်ရှားခြင်းခံရလေပြီ။ မည်သည့်တရားအားဖြင့် ဖယ်ရှားသနည်း။ အကျင့်တရားအားဖြင့်လော။ မဟုတ်ပေ။ ယုံကြည်ခြင်းတရားအားဖြင့် ဖယ်ရှား၏။
ငါသည် တစ်ချိန်က ပညတ်တရားမပါဘဲ အသက်ရှင်ခဲ့၏။ သို့သော် ပညတ်တော်ရောက်လာသောအခါ အပြစ်သည် ပြန်လည်ရှင်သန်လာပြီး ငါမူကား သေဆုံးခဲ့သဖြင့်
ဝိညာဉ်တော်က အသင်းတော်များအား မိန့်တော်မူသောအရာကို နားရှိသောသူသည် ကြားပါစေ။ အောင်မြင်သောသူအား ဝှက်ထားသောမန္နကို ငါပေးမည်။ ဖြူသောကျောက်ကိုလည်း ငါပေးမည်။ ထိုကျောက်ပေါ်၌ ၎င်းကိုခံယူရရှိသူမှတစ်ပါး မည်သူမျှမသိသော နာမည်အသစ်ကိုရေးထား၏။
သင်က ‘ငါသည် ချမ်းသာ၍ကြွယ်ဝသောကြောင့် မည်သည့်လိုအပ်ချက်မျှမရှိ’ဟု ဆိုနေ၏။ သို့သော် သင်သည် အလွန်စိတ်ပျက်ဖွယ်ကောင်းသောသူ၊ သနားစရာကောင်းသောသူ၊ ဆင်းရဲသောသူ၊ မျက်စိမမြင်သောသူနှင့် အဝတ်မပါအချည်းစည်းဖြစ်သောသူဖြစ်ကြောင်းကို သင်မသိ။