ကိုယ်တော်၏အစေအပါးအပေါ်ထားတော်မူသော မေတ္တာကရုဏာတော်အလုံးစုံ၊ သစ္စာတော်အလုံးစုံကို အကျွန်ုပ်မခံထိုက်ပါ။ အကျွန်ုပ်သည် ဤဂျော်ဒန်မြစ်ကို ဖြတ်ကူးခဲ့စဉ်က တောင်ဝှေးတစ်ချောင်းသာပါပါ၏။ ယခုမူကား အုပ်စုနှစ်စုဖြစ်လာပါပြီ။
လုကာ 15:19 - မြန်မာ့စံမီသမ္မာကျမ်း အကျွန်ုပ်သည် အဖေ၏သားဟူ၍အခေါ်ခံရန် မထိုက်တန်တော့ပါ။ အကျွန်ုပ်ကို အဖေ၏အလုပ်သမားတစ်ဦးအဖြစ်ထားပါ”ဟူ၍ ငါပြောမည်’ဟု ဆိုပြီးလျှင် Common Language Bible အဖ၏သားဟူ၍ပင်အခေါ်မခံထိုက်တော့ပါ ဟုငါပြောမည်' ဟူ၍ဆို၏။- Garrad Bible သား ဟု အ ခေါ် ခံ ထိုက် တော့ သည် မ ဟုတ် ပါ။ သူ ရင်း ငှား တစ် ယောက် ကဲ့ သို့ ထား ပါ ဟူ၍ လျှောက် မည် ဟု အ ကြံ ပြု သည့် အ တိုင်း ထ၍ အ ဘ ထံ သွား သော်၊ Judson Bible ယခုမှစ၍ ကိုယ်တော်၏သားဟူ၍ ခေါ်ခြင်းကိုမခံထိုက်ပါ။ သူငှားအရာ၌ အကျွန်ုပ်ကို ထားတော်မူပါဟု ငါပြောမည်ဟူ၍ အကြံရှိသည်နှင့်၊- ခေတ်သစ်မြန်မာ သမ္မာကျမ်း အဖေ့သားဟူ၍ အခေါ်မခံထိုက်တော့ပါ။ ကျွန်ုပ်အား အဖေ့အလုပ်သမားတစ်ယောက်အဖြစ်သာ သဘောထားပေးပါ” ဟူ၍ တောင်းပန်မည်’ ဟု ဆိုလေ၏။ မြန်မာ ယခုမှစ၍ ကိုယ်တော်၏သားဟူ၍ ခေါ်ခြင်းကိုမခံထိုက်ပါ။ သူငှားအရာ၌ အကျွန်ုပ်ကို ထားတော်မူပါဟု ငါပြောမည်ဟူ၍ အကြံရှိသည်နှင့်၊- |
ကိုယ်တော်၏အစေအပါးအပေါ်ထားတော်မူသော မေတ္တာကရုဏာတော်အလုံးစုံ၊ သစ္စာတော်အလုံးစုံကို အကျွန်ုပ်မခံထိုက်ပါ။ အကျွန်ုပ်သည် ဤဂျော်ဒန်မြစ်ကို ဖြတ်ကူးခဲ့စဉ်က တောင်ဝှေးတစ်ချောင်းသာပါပါ၏။ ယခုမူကား အုပ်စုနှစ်စုဖြစ်လာပါပြီ။
ထို့ကြောင့် ကိုယ့်ကိုယ်ကို ရွံရှာမိပါ၏။ နောင်တရလျက် မြေမှုန့်ထဲ၊ ပြာပုံထဲမှာ ထိုင်နေရပါ၏”ဟု လျှောက်လေ၏။
အကယ်စင်စစ် ကိုယ်တော်၏တံတိုင်းတော်များအတွင်း၌ တစ်ရက်နေရခြင်းသည် အခြားသောအရပ်၌ ရက်တစ်ထောင်နေရခြင်းထက် ပို၍ကောင်းပါ၏။ ဆိုးယုတ်သောသူ၏တဲတွင်နေရခြင်းထက် အကျွန်ုပ်ဘုရားသခင်၏အိမ်တော်၌ တံခါးစောင့်ဖြစ်ရခြင်းကို အကျွန်ုပ်ပို၍နှစ်သက်ပါ၏။
ငါသည်ထ၍ ငါ့အဖေထံသို့သွားပြီး “အဖေ၊ အကျွန်ုပ်သည် ကောင်းကင်ကိုလည်းကောင်း၊ အဖေ့ကိုလည်းကောင်း ပြစ်မှားခဲ့ပါပြီ။
ထ၍ မိမိဖခင်ထံသို့ပြန်လာလေ၏။ သူသည် အဝေး၌ရှိနေစဉ်ပင် သူ၏ဖခင်သည် သူ့ကိုမြင်လျှင် ကြင်နာစိတ်ရှိသဖြင့် ပြေးလာ၍ သူ့ကိုဖက်လျက် နမ်းလေ၏။
ရှိမုန်ပေတရုသည် ထိုအခြင်းအရာကိုမြင်လျှင် ယေရှု၏ခြေတော်ရင်း၌ ပျပ်ဝပ်လျက် “သခင်၊ အကျွန်ုပ်သည် အပြစ်များသောသူဖြစ်၍ အကျွန်ုပ်ထံမှ ကြွသွားတော်မူပါ”ဟု လျှောက်လေ၏။
အမှန်စင်စစ် ငါသည် ဘုရားသခင်၏အသင်းတော်ကို ညှဉ်းဆဲခဲ့သောကြောင့် တမန်တော်များထဲတွင် အသေးသိမ်ဆုံးသောသူဖြစ်ပြီး တမန်တော်ဟုခေါ်ဝေါ်ခြင်းကိုပင် မခံထိုက်ပေ။
ထို့ကြောင့် အချိန်တန်သောအခါ သင်တို့ကို ချီးမြှောက်တော်မူမည့်အကြောင်း ဘုရားသခင်၏တန်ခိုးကြီးသောလက်တော်အောက်၌ မိမိကိုယ်ကိုနှိမ့်ချကြလော့။