“နားထောင်ကြလော့။ ငါတို့သည် ဂျေရုဆလင်မြို့သို့ သွားနေကြ၏။ လူ့သားသည် ယဇ်ပုရောဟိတ်အကြီးအကဲများနှင့် ကျမ်းပြုဆရာများထံ အပ်နှံခြင်းခံရလိမ့်မည်။ သူတို့သည် သူ့ကို သေဒဏ်စီရင်ကြ၍
လုကာ 13:33 - မြန်မာ့စံမီသမ္မာကျမ်း သို့ရာတွင် ငါသည် ယနေ့၊ မနက်ဖြန်နှင့် နောက်တစ်နေ့တို့၌ ခရီးသွားရဦးမည်။ အကြောင်းမူကား ပရောဖက်သည် ဂျေရုဆလင်မြို့မှတစ်ပါး အခြားအရပ်၌ သေရသည်ဟူ၍မရှိနိုင်။ Common Language Bible သို့ရာတွင်ယနေ့၊ နက်ဖြန်နေ့၊ နောက်တစ်နေ့၌ ငါခရီးပြုရဦးမည်။ ပရောဖက်ဟူသည်ယေရု ရှလင်မြို့မှအပအခြားအရပ်တွင်အသတ် ခံရန်မသင့်။ Garrad Bible သို့ ရာ တွင် ယေ ရု ရှ လင် မြို့ မှ တစ် ပါး ပ ရော ဖက် ဖြစ် သူ တို့ ပျက် စီး ရိုး မ ဟုတ် သော ကြောင့် ယ နေ့ နက် ဖြန် သန် ဖက် များ တွင် ငါ ခ ရီး သွား ရ ဦး မည်။ Judson Bible သို့သော်လည်း ယခုနေ့၊ နက်ဖြန်နေ့၊ သန်ဘက်နေ့၌ ငါသွားရသေး၏။ အကြောင်းမူကား၊ ယေရုရှလင် မြို့မှတစ်ပါး အခြားသောအရပ်၌ အဘယ်ပရောဖက်မျှ မဆုံးရာ။- ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့သော်လည်း ငါသည် ယနေ့၊ မနက်ဖြန်နှင့် နောက်တစ်နေ့တွင် ခရီးဆက်သွားရမည်။ အဘယ်ကြောင့်ဆိုသော် ပရောဖက်သည် ဂျေရုဆလင်မြို့မှလွဲ၍ အခြားနေရာ၌ အသေခံရန်မဖြစ်နိုင်သောကြောင့် ဖြစ်၏’ မြန်မာ သို့သော်လည်း ယခုနေ့၊ နက်ဖြန်နေ့၊ သန်ဘက်နေ့၌ ငါသွားရသေး၏။ အကြောင်းမူကား၊ ယေရုရှလင် မြို့မှတစ်ပါး အခြားသောအရပ်၌ အဘယ်ပရောဖက်မျှ မဆုံးရာ။- |
“နားထောင်ကြလော့။ ငါတို့သည် ဂျေရုဆလင်မြို့သို့ သွားနေကြ၏။ လူ့သားသည် ယဇ်ပုရောဟိတ်အကြီးအကဲများနှင့် ကျမ်းပြုဆရာများထံ အပ်နှံခြင်းခံရလိမ့်မည်။ သူတို့သည် သူ့ကို သေဒဏ်စီရင်ကြ၍
လူထုပရိသတ်များကလည်း “ဤသူသည် ဂါလိလဲနယ် နာဇရက်မြို့မှ ပရောဖက်ယေရှုဖြစ်သည်”ဟု ဆိုကြ၏။
သို့သော် ကိုယ်တော်သည် ဂျေရုဆလင်မြို့သို့ဦးတည်လျက် ခရီးသွားနေသည်ဖြစ်သောကြောင့် ထိုရွာသားတို့သည် ကိုယ်တော်ကိုလက်မခံကြ။
သို့ဖြစ်၍ ယေရှုသည် ဂျူးလူမျိုးတို့ထဲတွင် ထင်ရှားစွာမသွားလာတော့ဘဲ ထိုအရပ်မှထွက်ခွာ၍ တောကန္တာရနှင့်နီးသောအရပ်ဒေသ၌ရှိသည့် ဧဖရိမ်ဟုခေါ်သောမြို့သို့ကြွပြီးလျှင် တပည့်တော်တို့နှင့်အတူ ထိုမြို့၌နေတော်မူ၏။
ယေရှုကလည်း“နေ့အချိန်သည် တစ်ဆယ့်နှစ်နာရီရှိသည်မဟုတ်လော။ မည်သူမဆို နေ့အချိန်၌သွားလာလျှင် ဤလောက၏အလင်းကိုမြင်ရသောကြောင့် ခလုတ်မတိုက်မိတတ်။
ယေရှုကလည်း“အလင်းသည် သင်တို့တွင် နောက်ထပ် ခဏရှိဦးမည်။ သင်တို့အား မှောင်မိုက်မလွှမ်းမိုးစေရန် အလင်းရှိခိုက် သွားလာကြလော့။ မှောင်မိုက်၌သွားလာသောသူသည် မိမိမည်သည့်အရပ်သို့သွားသည်ကိုမသိ။
ယေရှုကလည်း“ငါ့ကိုစေလွှတ်တော်မူသောသူ၏အလိုတော်ကို ဆောင်ရွက်၍ သူ၏အမှုတော်ကိုပြီးမြောက်စေခြင်းသည် ငါ၏အစားအစာဖြစ်၏။
ငါတို့သည် ငါ့ကိုစေလွှတ်တော်မူသောအရှင်၏အမှုတော်များကို နေ့အချိန်ရှိစဉ် လုပ်ဆောင်ရမည်။ မည်သူမျှအလုပ်မလုပ်နိုင်သော ညအချိန်ရောက်လာလိမ့်မည်။
ဘုရားသခင်သည် နာဇရက်မြို့သားယေရှုကို သန့်ရှင်းသောဝိညာဉ်တော်နှင့်တန်ခိုးတော်တို့ဖြင့် မည်ကဲ့သို့ဘိသိက်ပေးခဲ့သည်ကိုလည်းကောင်း သင်တို့သိကြ၏။ ဘုရားသခင်သည် ကိုယ်တော်နှင့်အတူရှိတော်မူသောကြောင့် ကိုယ်တော်သည် လှည့်လည်၍ ကောင်းသောအမှုကိုပြုကာ မာရ်နတ်၏ဖိနှိပ်ခြယ်လှယ်မှုခံရသူအပေါင်းတို့ကို ကျန်းမာစေတော်မူ၏။
ဂျေရုဆလင်မြို့တွင်နေထိုင်သောသူများနှင့် သူတို့၏အကြီးအကဲများသည် ထိုအရှင်ကိုလည်းကောင်း၊ ဥပုသ်နေ့တိုင်းဖတ်ကြားသည့် ပရောဖက်တို့၏စကားကိုလည်းကောင်း မသိနားမလည်ကြ၍ ထိုအရှင်ကို ပြစ်ဒဏ်စီရင်ခြင်းအားဖြင့် ထိုစကားတို့ကို ပြည့်စုံစေကြ၏။