လုကာ 13:31 - မြန်မာ့စံမီသမ္မာကျမ်း ထိုအချိန်၌ ဖာရိရှဲအချို့တို့သည် ကိုယ်တော်ထံသို့လာ၍ “ဟေရုဒ်သည် သင့်ကိုသတ်လိုသည်ဖြစ်၍ ဤအရပ်မှ ထွက်သွားပါ”ဟု လျှောက်ကြ၏။ Common Language Bible ထိုအချိန်၌ဖာရိရှဲအချို့တို့သည်ကိုယ်တော် ၏ထံကိုလာပြီးလျှင် ``ဤအရပ်မှထွက်ခွာ၍ အခြားအရပ်သို့ကြွတော်မူပါ။ ဟေရုဒ်မင်း သည်အရှင့်အားသတ်ရန်အကြံရှိပါ၏'' ဟု လျှောက်ကြ၏။ Garrad Bible ထို အ ချိန် နာ ရီ တွင် ပင် ဖာ ရိ ရှဲ အ ချို့ တို့ က ဤ အ ရပ် မှ ထွက် သွား လော့။ ဟေ ရုဒ် မင်း သည် သင့် ကို သတ် လို သည် ဟု ချဉ်း ကပ် ပြော ဆို ကြ သော်၊ Judson Bible ထိုအခါ ဖာရိရှဲအချို့တို့သည် အထံတော်သို့လာ၍၊ ဤအရပ်မှ ထွက်သွားပါ။ ဟေရုဒ်မင်းသည် ကိုယ်တော်ကိုသတ်မည် အကြံရှိပါသည်ဟု လျှောက်ကြလျှင်၊ ကိုယ်တော်က၊ သင်တို့သွားကြလော့။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအချိန်တွင် ဖာရိရှဲတချို့သည် ယေရှုထံတော်သို့ လာ၍ “ဤနေရာမှ ထွက်သွားပါလော့။ ဟေရုဒ်သည် သင့်ကို သတ်ရန် ကြံစည်လျက်ရှိသည်” ဟု လျှောက်ကြ၏။ မြန်မာ ထိုအခါ ဖာရိရှဲအချို့တို့သည် အထံတော်သို့လာ၍၊ ဤအရပ်မှ ထွက်သွားပါ။ ဟေရုဒ်မင်းသည် ကိုယ်တော်ကိုသတ်မည် အကြံရှိပါသည်ဟု လျှောက်ကြလျှင်၊ ကိုယ်တော်က၊ သင်တို့သွားကြလော့။- |
အကြောင်းမူကား ဟေရုဒ်သည် မိမိအစ်ကို ဖိလိပ္ပု၏ဇနီး ဟေရောဒိကိစ္စကြောင့် ယောဟန်ကို ဖမ်းဆီးချုပ်နှောင်၍ ထောင်ထဲ၌ချထားခဲ့၏။
သို့သော် ဟေရုဒ်၏မွေးနေ့ရောက်လာသောအခါ ဟေရောဒိ၏သမီးသည် ဧည့်သည်တော်များရှေ့၌ ကပြလျက် ဟေရုဒ်ကို နှစ်သက်စေ၏။
ဟေရုဒ်အုပ်စိုးသည့်နယ်မှဖြစ်ကြောင်း သိသောအခါ ကိုယ်တော်ကို ဟေရုဒ်ထံသို့ပို့လိုက်၏။ ထိုအချိန်တွင် ဟေရုဒ်သည်လည်း ဂျေရုဆလင်မြို့၌ရောက်ရှိနေ၏။
တိဗေရိဆီဇာနန်းစံတစ်ဆယ့်ငါးနှစ်မြောက်တွင် ပုန္တိပိလတ်သည် ယုဒနယ်၏ဘုရင်ခံ၊ ဟေရုဒ်သည် ဂါလိလဲနယ်၏နယ်စား၊ ဟေရုဒ်၏အစ်ကိုဖိလိပ္ပုသည် ဣတုရဲနယ်နှင့်တရာခေါနိတ်နယ်တို့၏နယ်စား၊ လုသာနိသည် အဘိလင်နယ်၏နယ်စား၊
နယ်စားဟေရုဒ်သည် ဖြစ်ပျက်နေသောအရာအားလုံးကိုကြားရသောအခါ ဝေခွဲမရဖြစ်လေ၏။ အဘယ်ကြောင့်ဆိုသော် လူအချို့တို့က “ယောဟန်သည် သေသောသူတို့ထဲမှ ထမြောက်လေပြီ”ဟူ၍လည်းကောင်း၊