နှုတ်တော်ထွက်စကားတစ်စုံတစ်ခုဖြင့် ကိုယ်တော်ကိုအပြစ်ရှာနိုင်ရန် ချောင်းမြောင်းနေကြ၏။
နှုတ်တော်ထွက်စကားတွင်အမှားရှာရန် များစွာသောအကြောင်းအရာတို့ကိုမေး မြန်းကြ၏။
ချောင်းမြောင်းလျက် စကားတော်ကိုဖမ်းခြင်းငှာ ရှာကြံလျက်၊ ကျပ်ကျပ်တိုက်တွန်း၍ အရာရာတို့၌ မေးစစ်ကြ၏။
ကိုယ်တော်၏ဟောပြောတော်မူချက်များတွင်လည်း အမှားတစ်စုံတစ်ခုကို ရှာလျက်နေကြ၏။
အစ္စရေးဘုရင်သည် ထိုစာကိုဖတ်ပြီးလျှင် မိမိအဝတ်ကိုဆုတ်ဖြဲလျက် “ငါသည် အသက်ကို သေစေနိုင်၊ ရှင်စေနိုင်သောဘုရားလော။ အဘယ်ကြောင့် ဤဘုရင်သည် အနာကြီးရောဂါစွဲနေသောသူကို ငါ့ထံပို့ပြီးပျောက်အောင်ကုသစေသနည်း။ ယခု ကြည့်ပါ။ သူသည် ငါ့ကိုရန်ရှာခြင်းသာဖြစ်သည်မှာသိသာ၏”ဟု မိန့်ဆို၏။
ထိုအခါ ဖာရိရှဲတို့သည် ထွက်သွား၍ ကိုယ်တော်ကို နှုတ်တော်ထွက်စကားဖြင့် အကွက်ဆင်ဖမ်းနိုင်ရန် တိုင်ပင်ဆွေးနွေးကြ၏။
သို့သော် ယေရှုသည် သူတို့၏ဆိုးညစ်မှုကိုသိတော်မူ၍“သူတော်ကောင်းယောင်ဆောင်သောသူတို့၊ အဘယ်ကြောင့် ငါ့ကိုစမ်းသပ်ကြသနည်း။
သူတို့ထဲမှ ကျမ်းတတ်ပုဂ္ဂိုလ်တစ်ဦးသည် ကိုယ်တော်ကိုစမ်းသပ်လိုသဖြင့်
ထို့နောက် သူတို့သည် နှုတ်တော်ထွက်စကားအားဖြင့် ကိုယ်တော်ကိုအပြစ်ရှာနိုင်ရန် ဖာရိရှဲနှင့်ဟေရုဒ်၏လူအချို့တို့ကို အထံတော်သို့စေလွှတ်ကြ၏။
လူတို့သည် ကိုယ်တော်ကိုစွပ်စွဲနိုင်ရန်အတွက် ဥပုသ်နေ့၌ ထိုသူအား အကောင်းပကတိဖြစ်စေမည်၊ မဖြစ်စေမည်ကို စောင့်ကြည့်နေကြ၏။
ထိုနေရာမှ ကိုယ်တော်ထွက်ကြွတော်မူသောအခါ ကျမ်းပြုဆရာများနှင့်ဖာရိရှဲတို့သည် ကိုယ်တော်အပေါ် ကြီးစွာရန်ငြိုးထားလျက် အကြောင်းအရာအမျိုးမျိုးတို့ကို တရစပ်မေးမြန်းကာ
ထို့ကြောင့် သူတို့သည် ကိုယ်တော်ကိုစောင့်ကြည့်လျက် နှုတ်တော်ထွက်စကားတွင် အပြစ်ရှာ၍ ကိုယ်တော်ကို ဘုရင်ခံ၏အုပ်ချုပ်မှုအာဏာအောက်သို့ အပ်နှံနိုင်ရန် ဖြောင့်မတ်သူအဖြစ် ဟန်ဆောင်သောသူလျှိုများကို စေလွှတ်ကြ၏။
သူတို့သည် လူတို့ရှေ့တွင် ကိုယ်တော်၏စကားအမှားကို ကျော့ဖမ်း၍မရနိုင်သည့်အပြင် ကိုယ်တော်၏ဖြေကြားပုံကိုအံ့သြလျက် တိတ်ဆိတ်သွားကြ၏။
သို့ရာတွင် သူတို့ကို မလိုက်လျောပါနှင့်။ အဘယ်ကြောင့်ဆိုသော် သူတို့ထဲမှ လူလေးဆယ်ကျော်တို့သည် သူ့ကိုချောင်းမြောင်းနေကြပါသည်။ သူတို့သည် ပေါလုကိုမသတ်ရမချင်း မစားမသောက်ရန် ကျိန်ဆိုထားကြပါသည်။ ယခုပင် သူတို့သည် အသင့်ရှိလျက် အရှင်၏သဘောတူချက်ကို စောင့်နေကြပါသည်”ဟု လျှောက်လေ၏။