ယောနသည် မြို့ထဲသို့တစ်ရက်ခရီးသွားပြီးလျှင် ရပ်လျက် “နောက်ထပ်ရက်လေးဆယ်ကြာလျှင် နိနေဝေမြို့ကြီး ဖြိုလှဲခံရလိမ့်မည်”ဟု ဟစ်ကြော်လေ၏။
လုကာ 11:32 - မြန်မာ့စံမီသမ္မာကျမ်း တရားစီရင်တော်မူသည့်အခါ နိနေဝေမြို့သားတို့သည် ဤမျိုးဆက်နှင့်အတူထမြောက်လျက် ဤမျိုးဆက်၏အပြစ်ကိုထင်ရှားစေကြလိမ့်မည်။ အကြောင်းမူကား သူတို့သည် ယောန၏ဟောပြောချက်ကြောင့် နောင်တရကြ၏။ ကြည့်ရှုလော့။ ဤအရပ်၌ ယောနထက်ကြီးမြတ်သောသူရှိ၏။ Common Language Bible နိနေဝေမြို့သားတို့သည်ယောနဟောပြော သွန်သင်ချက်ကြောင့်နောင်တရခဲ့ကြ၏။ ယခု မှာမူယောနထက်ကြီးမြတ်သည့်အရာရောက် ရှိနေလေပြီ။ တရားစီရင်တော်မူရာနေ့၌ နိနေဝေမြို့သားတို့သည်ထ၍ဤလူတို့ အားပြစ်တင်စွပ်စွဲကြလိမ့်မည်'' ဟုမိန့်တော် မူ၏။ Garrad Bible ယော န ဟော ပြော သော ကြောင့် နောင် တ ရ သော နိ နေ ဝေ မြို့ သူ မြို့ သား တို့ လည်း ထို ကာ လ၌ ယ ခု လူ မျိုး နှင့် အ တူ ရှင် ပြန် လျက် အ ပြစ် စီ ရင် ကြ လိမ့် မည်။ ယော န ထက် ကြီး မြတ် သူ သည် ဤ နေ ရာ တွင် ရှိ သည် တ ကား။ Judson Bible တရားဆုံးဖြတ်တော်မူသောအခါ နိနေဝေမြို့သားတို့သည် ဤလူမျိုးတစ်ဖက်၌ထ၍ အရှုံးခံစေလတ္တံ့။ အကြောင်းမူကား၊ ထိုသူတို့သည် ယောနဟောပြောသော စကားကြောင့် နောင်တရကြ၏။ ဤအရပ်၌ကား ယောနထက်သာ၍ ကြီးမြတ်သောသူရှိ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း တရားစီရင်တော်မူသောနေ့တွင် နိနဝေမြို့သားတို့သည် ထ၍ ဤမျိုးဆက်ကို အပြစ်တင်လိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ထိုမြို့သားတို့သည် ယောန၏ဟောပြောခြင်းအားဖြင့် သူတို့၏အပြစ်များမှ နောင်တရခဲ့ကြသောကြောင့်ဖြစ်၏။ ကြည့်ရှုလော့။ ယောနထက်ကြီးမြတ်သူသည် ဤအရပ်၌ ရှိ၏။ မြန်မာ တရားဆုံးဖြတ်တော်မူသောအခါ နိနေဝေမြို့သားတို့သည် ဤလူမျိုးတစ်ဖက်၌ထ၍ အရှုံးခံစေလတ္တံ့။ အကြောင်းမူကား၊ ထိုသူတို့သည် ယောနဟောပြောသော စကားကြောင့် နောင်တရကြ၏။ ဤအရပ်၌ကား ယောနထက်သာ၍ ကြီးမြတ်သောသူရှိ၏။ |
ယောနသည် မြို့ထဲသို့တစ်ရက်ခရီးသွားပြီးလျှင် ရပ်လျက် “နောက်ထပ်ရက်လေးဆယ်ကြာလျှင် နိနေဝေမြို့ကြီး ဖြိုလှဲခံရလိမ့်မည်”ဟု ဟစ်ကြော်လေ၏။
ထိုအခါ နိနေဝေမြို့သားတို့သည် ဘုရားသခင်ကို ယုံကြည်သဖြင့် အစာရှောင်ရာနေ့ကို ကြေညာပြီးလျှင် အကြီးဆုံးမှအငယ်ဆုံးတိုင်အောင် လျှော်တေအဝတ်ကိုဝတ်ကြ၏။
ထိုအခါ ဘုရားသခင်က ယောနအား “ကြက်ဆူပင်ကြောင့် သင်အမျက်ထွက်သင့်သလော”ဟု မေးတော်မူလျှင် ယောနက “သေလုမတတ် အမျက်ထွက်သင့်ပါ၏”ဟု လျှောက်လေ၏။
ကိုယ်တော်ကလည်း“ဆိုးညစ်၍ ဖောက်ပြန်သောမျိုးဆက်သည် နိမိတ်လက္ခဏာကိုတောင်းဆိုသော်လည်း ပရောဖက်ယောန၏နိမိတ်လက္ခဏာမှတစ်ပါး မည်သည့်နိမိတ်လက္ခဏာကိုမျှ သူတို့အား ပြလိမ့်မည်မဟုတ်။
တရားစီရင်တော်မူသည့်အခါ နိနေဝေမြို့သားတို့သည် ဤမျိုးဆက်နှင့်အတူထမြောက်လျက် ဤမျိုးဆက်၏အပြစ်ကို ထင်ရှားစေကြလိမ့်မည်။ အကြောင်းမူကား သူတို့သည် ယောန၏ဟောပြောချက်ကြောင့် နောင်တရကြ၏။ ကြည့်ရှုလော့။ ဤအရပ်၌ ယောနထက် ကြီးမြတ်သောသူရှိ၏။
တရားစီရင်တော်မူသည့်အခါ တောင်အရပ်မှဘုရင်မသည် ဤမျိုးဆက်လူတို့နှင့်အတူထမြောက်လျက် ဤမျိုးဆက်၏အပြစ်ကိုထင်ရှားစေလိမ့်မည်။ အကြောင်းမူကား သူသည် ရှောလမုန်၏ဉာဏ်ပညာစကားကိုနားထောင်ရန် မြေကြီးအစွန်အဖျားမှလာ၏။ ကြည့်ရှုလော့။ ဤအရပ်၌ ရှောလမုန်ထက်ကြီးမြတ်သောသူရှိ၏။
ထိုသို့သန့်ရှင်း၍ အပြစ်နှင့်ညစ်ညူးခြင်းတို့ကင်းစင်လျက် အပြစ်သားတို့နှင့်ခွဲခြားထားခြင်းခံရကာ ကောင်းကင်တို့ထက် မြင့်မားစွာချီးမြှောက်ခြင်းခံရသော ယဇ်ပုရောဟိတ်မင်းသည် ငါတို့အတွက်သင့်လျော်ပေ၏။