အကျွန်ုပ်တို့အတွက် တစ်နေ့တာလိုအပ်သောအစာကို နေ့စဉ်ပေးသနားတော်မူပါ။
လိုအပ်သောအစားအစာကိုအကျွန်ုပ်တို့အား၊ နေ့စဉ်နေ့တိုင်းပေးသနားတော်မူပါ။
တစ် ရက် စာ ကို နေ့ စဉ် သ နား တော် မူ ပါ။
အလိုတော်သည် ကောင်းကင်ဘုံ၌ ပြည့်စုံသကဲ့သို့ မြေကြီးပေါ်မှာ ပြည့်စုံပါစေသော။ အသက်မွေးလောက်သောအစာကို အကျွန်ုပ်တို့အား နေ့ရက် အစဉ်အတိုင်း ပေးသနားတော်မူပါ။-
နေ့စဉ်လိုအပ်သောအစာကို အကျွန်ုပ်တို့အား ပေးသနားတော်မူပါ။
မဟုတ်မမှန်သောအရာနှင့် လိမ်လည်သောစကားကို အကျွန်ုပ်နှင့်ဝေးကွာစေတော်မူပါ။ ဆင်းရဲခြင်းကိုလည်းကောင်း၊ ကြွယ်ဝချမ်းသာခြင်းကိုလည်းကောင်း အကျွန်ုပ်အား ပေးတော်မမူပါနှင့်။ အကျွန်ုပ်အတွက်လိုအပ်သောအစာကိုသာ အကျွန်ုပ်အား ပေးတော်မူပါ။
ထိုသူသည် မြင့်ရာအရပ်၌ နေရလိမ့်မည်။ ခိုင်ခံ့သောကျောက်တောင်၌ ခိုလှုံရ၍ သူ့အား အစားအစာပေးကြ၏။ သူ၌ သောက်ရေမပြတ်။
အကျွန်ုပ်တို့အတွက် တစ်နေ့တာလိုအပ်သောအစာကို ယနေ့ပေးသနားတော်မူပါ။
ထို့ကြောင့် မနက်ဖြန်အတွက် မစိုးရိမ်ကြနှင့်။ အကြောင်းမူကား မနက်ဖြန်သည် မိမိအတွက်စိုးရိမ်လိမ့်မည်။ နေ့တစ်နေ့၌ကြုံတွေ့ရသည့် မကောင်းမသင့်သောအရာသည် ထိုနေ့အတွက် လုံလောက်ပေ၏။
ဗေရိမြို့သားတို့သည် သက်သာလောနိတ်မြို့၌ရှိသောသူတို့ထက် စိတ်ထားမြင့်မြတ်ကြ၏။ အကြောင်းမှာ သူတို့သည် နှုတ်ကပတ်တရားကို စေတနာစိတ်အပြည့်အဝဖြင့် လက်ခံ၍ ထိုအတိုင်းဟုတ်၊ မဟုတ် ကျမ်းစာကို နေ့စဉ်လေ့လာကြ၏။