မိမိ၏အိမ်နီးချင်းကို မထီမဲ့မြင်ပြုသောသူသည် အပြစ်ပြုသောသူဖြစ်၏။ ဆင်းရဲချို့တဲ့သောသူတို့ကို သနားသောသူမူကား မင်္ဂလာရှိ၏။
လုကာ 10:37 - မြန်မာ့စံမီသမ္မာကျမ်း ထိုသူကလည်း “သူ့အပေါ်ကရုဏာပြသောသူဖြစ်ပါ၏”ဟု လျှောက်လျှင် ယေရှုက“သင်သည်လည်း သွား၍ ထိုနည်းတူပြုလော့”ဟု မိန့်တော်မူ၏။ Common Language Bible ကျမ်းတတ်ဆရာက ``သူနာအားသနားကြင်နာ စွာပြုစုသူဖြစ်ပါသည်'' ဟုလျှောက်လျှင်၊ သခင်ယေရှုက ``သင်သည်သွား၍ထိုနည်းတူ ပြုလော့'' ဟုမိန့်တော်မူ၏။ Garrad Bible ယေ ရှု က ထို နည်း တူ သင် သွား၍ ပြု လော့ ဟု မိန့် တော် မူ ၏။ Judson Bible ကျမ်းတတ်ကလည်၊ လူနာကိုသနားသောသူသည် စပ်ဆိုင်သောသူဖြစ်ပါ၏ဟု လျှောက်သော် ယေရှုက၊ သင်သည်သွား၍ ထိုနည်းတူပြုလော့ဟု မိန့်တော်မူ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ကျမ်းတတ်ပညာရှင်က “လူနာအား သနားကြင်နာ၍ ပြုစုစောင့်ရှောက်သောသူ ဖြစ်ပါ၏” ဟု လျှောက်၏။ ထိုအခါ ယေရှုက “သင် သွား၍ ထိုနည်းတူပြုလော့” ဟု မိန့်တော်မူ၏။ မြန်မာ ကျမ်းတတ်ကလည်း၊ လူနာကိုသနားသောသူသည် စပ်ဆိုင်သောသူဖြစ်ပါ၏ဟု လျှောက်သော် ယေရှုက၊ သင်သည်သွား၍ ထိုနည်းတူပြုလော့ဟု မိန့်တော်မူ၏။ |
မိမိ၏အိမ်နီးချင်းကို မထီမဲ့မြင်ပြုသောသူသည် အပြစ်ပြုသောသူဖြစ်၏။ ဆင်းရဲချို့တဲ့သောသူတို့ကို သနားသောသူမူကား မင်္ဂလာရှိ၏။
အကြောင်းမူကား ငါသည် ယဇ်ပူဇော်ခြင်းထက် မေတ္တာကရုဏာကို နှစ်သက်၏။ မီးရှို့ရာယဇ်ထက် ဘုရားသခင်နှင့်သိကျွမ်းခြင်းကို နှစ်သက်၏။
အို အချင်းလူ၊ မည်သည့်အရာကောင်းမြတ်သည်ကို သင့်အားပြောပြတော်မူပြီ။ စင်စစ် တရားမျှတစွာပြုကျင့်ခြင်း၊ မေတ္တာကရုဏာကို မြတ်နိုးခြင်း၊ ဘုရားသခင်ရှေ့တော်၌ စိတ်နှိမ့်ချစွာအသက်ရှင်လျှောက်လှမ်းခြင်း မှတစ်ပါး သင့်အား မည်သည့်အရာကို ထာဝရဘုရား တောင်းဆိုတော်မူသနည်း။
သူတော်ကောင်းယောင်ဆောင်သော ကျမ်းပြုဆရာနှင့်ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား သင်တို့သည် ပင်စိမ်း၊ စမုန်စပါးနှင့် ဇီရာတို့ကို ဆယ်ဖို့တစ်ဖို့ပေးလှူကြ၏။ သို့သော် ပညတ်တရားထဲမှ ပို၍အရေးကြီးသော တရားမျှတခြင်း၊ ကရုဏာထားခြင်းနှင့် သစ္စာစောင့်ခြင်းတို့ကို ချန်လှပ်ထားကြ၏။ ဤအရာများကို ပြုရမည်ဖြစ်ပြီး အထက်တွင်ဆိုသောအရာများကိုလည်း ချန်လှပ်မထားရ။
ထိုသူသုံးဦးတို့တွင် မည်သူသည် ဓားပြလက်တွင်းသို့ ကျရောက်ခဲ့သူ၏ဝန်းကျင်၌ရှိသောသူ ဖြစ်သည်ဟု သင်ထင်သနည်း”ဟူ၍ မေးတော်မူ၏။
သူတို့သည် ခရီးဆက်သွားစဉ်တွင် ကိုယ်တော်သည် ရွာတစ်ရွာသို့ဝင်တော်မူရာ မာသအမည်ရှိသောအမျိုးသမီးတစ်ဦးသည် ကိုယ်တော်ကို မိမိအိမ်၌လက်ခံကြိုဆိုလေ၏။
အကြောင်းမူကား သင်တို့သည် ငါတို့သခင်ယေရှုခရစ်တော်၏ကျေးဇူးတော်ကိုသိကြ၏။ ကိုယ်တော်သည် ကြွယ်ဝသော်လည်း သူ၏ဆင်းရဲခြင်းအားဖြင့် သင်တို့ကြွယ်ဝကြမည့်အကြောင်း သင်တို့အတွက် ဆင်းရဲခြင်းကိုခံတော်မူ၏။
ခရစ်တော်သည် ငါတို့ကိုချစ်တော်မူ၍ ငါတို့အတွက် မိမိကိုယ်ကို ပူဇော်သက္ကာနှင့်ယဇ်တည်းဟူသော မွှေးကြိုင်သည့်ရနံ့အဖြစ် ဘုရားသခင်ထံ ဆက်ကပ်အပ်နှံတော်မူသည့်နည်းတူ ချစ်ခြင်းမေတ္တာ၌ အသက်ရှင်လျှောက်လှမ်းကြလော့။
အမှန်စင်စစ် သင်တို့သည် ဤအတွက် ခေါ်ယူတော်မူခြင်းခံရ၏။ အကြောင်းမူကား ခရစ်တော်သည်လည်း သင်တို့ကို မိမိခြေရာတော်အတိုင်းလိုက်လျှောက်စေရန် သင်တို့ကိုယ်စား ဒုက္ခဝေဒနာခံစားရလျက် သင်တို့အတွက် စံနမူနာကိုထားပေးတော်မူ၏။
သစ္စာရှိသောသက်သေ၊ သေသောသူတို့ထဲမှ အဦးဆုံးဖွားမြင်လာသူ၊ ကမ္ဘာမြေကြီး၏ရှင်ဘုရင်တို့ကိုအုပ်ချုပ်သူ ဖြစ်တော်မူသော ယေရှုခရစ်တော်ထံမှလည်းကောင်း ကျေးဇူးတော်နှင့်ငြိမ်သက်ခြင်းသည် သင်တို့၌ရှိပါစေသော။ ငါတို့ကိုချစ်တော်မူ၍ မိမိ၏သွေးတော်အားဖြင့် ငါတို့အပြစ်များမှ ငါတို့ကိုဖြေလွှတ်ကာ