အကျွန်ုပ်ကို ခြင်္သေ့၏ခံတွင်းမှလည်းကောင်း၊ နွားရိုင်းတို့၏ဦးချိုမှလည်းကောင်း ကယ်တင်တော်မူပါ။ ကိုယ်တော်သည် အကျွန်ုပ်ကိုထူးတော်မူပြီ။
လုကာ 10:3 - မြန်မာ့စံမီသမ္မာကျမ်း သွားကြ။ ဝံပုလွေများထဲသို့ သိုးသငယ်များကိုစေလွှတ်သကဲ့သို့ သင်တို့ကို ငါစေလွှတ်၏။ Common Language Bible သွားကြ၊ ဝံပုလွေစုထဲသို့သိုးသူငယ်များအား စေလွှတ်သကဲ့သို့သင်တို့အားငါစေလွှတ်၏။- Garrad Bible သွား ကြ။ ဝံ ပု လွေ အုပ် ထဲ သို့ သိုး သား ငယ် များ ကို လွှတ် သ ကဲ့ သို့ သင် တို့ ကို ငါ စေ လွှတ်၏။ Judson Bible သင်တို့သွားလေသည်အရာမှာ၊ တောခွေးစုထဲသို့ သိုးသငယ်တို့ကို စေလွှတ်သကဲ့သို့ သင်တို့ကို ငါစေလွှတ်၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း သင်တို့ သွားကြလော့။ ဝံပုလွေများထဲသို့ သိုးများကို စေလွှတ်သကဲ့သို့ သင်တို့ကို ငါစေလွှတ်၏။ မြန်မာ သင်တို့သွားလေသည်အရာမှာ၊ တောခွေးစုထဲသို့ သိုးသငယ်တို့ကို စေလွှတ်သကဲ့သို့ သင်တို့ကို ငါစေလွှတ်၏။- |
အကျွန်ုပ်ကို ခြင်္သေ့၏ခံတွင်းမှလည်းကောင်း၊ နွားရိုင်းတို့၏ဦးချိုမှလည်းကောင်း ကယ်တင်တော်မူပါ။ ကိုယ်တော်သည် အကျွန်ုပ်ကိုထူးတော်မူပြီ။
ထိုမြို့၏အကြီးအကဲတို့သည် ဟိန်းဟောက်သောခြင်္သေ့များနှင့် တူ၏။ တရားသူကြီးတို့သည် နေဝင်ချိန်ရောက်မှ အစာရှာ၍ နံနက်တိုင်အောင် ဘာမျှမချန်ဘဲ စားတတ်သောဝံပုလွေများနှင့်တူ၏။
နားထောင်ကြလော့။ ဝံပုလွေများထဲသို့ သိုးတို့ကိုစေလွှတ်သကဲ့သို့ သင်တို့ကို ငါစေလွှတ်၏။ ထို့ကြောင့် မြွေကဲ့သို့လိမ္မာပါးနပ်လျက် ချိုးငှက်ကဲ့သို့ရိုးသားဖြူစင်ကြလော့။
လူအပေါင်းတို့သည်လည်း ငါ့နာမကြောင့် သင်တို့ကိုမုန်းတီးကြလိမ့်မည်။ သို့သော် အဆုံးတိုင်အောင်တည်ကြည်သောသူသည် ကယ်တင်ခြင်းခံရလိမ့်မည်။
ပရောဖက်အတုအယောင်များကို သတိထားကြလော့။ သူတို့သည် သိုးရေခြုံလျက် သင်တို့ထံသို့လာသော်လည်း အတွင်း၌ကား အငမ်းမရဖြစ်သည့်ဝံပုလွေကဲ့သို့ဖြစ်ကြ၏။
ပိုက်ဆံအိတ်၊ လွယ်အိတ်နှင့် ဖိနပ်တို့ကို မယူသွားကြနှင့်။ လမ်း၌ မည်သူ့ကိုမျှ နှုတ်မဆက်ကြနှင့်။
သိုးထိန်းမဟုတ်၊ သိုးတို့၏ပိုင်ရှင်လည်းမဟုတ်သော လူငှားမူကား ဝံပုလွေလာသည်ကိုမြင်လျှင် သိုးတို့ကိုပစ်ထား၍ ထွက်ပြေးတတ်၏။ ထိုအခါ ဝံပုလွေသည် သိုးတို့ကိုလုယူဖမ်းဆွဲ၍ တစ်ကွဲတစ်ပြားဖြစ်စေ၏။
‘ကျွန်သည် သူ့သခင်ထက် ကြီးမြတ်သည်မဟုတ်’ဟု သင်တို့အား ငါပြောခဲ့သည့်စကားကို သတိရကြလော့။ လူတို့သည် ငါ့ကိုညှဉ်းဆဲခဲ့လျှင် သင်တို့ကိုလည်း ညှဉ်းဆဲကြလိမ့်မည်။ ငါ့စကားကိုလိုက်နာစောင့်ထိန်းခဲ့လျှင် သင်တို့၏စကားကိုလည်း လိုက်နာစောင့်ထိန်းကြလိမ့်မည်။
လူတို့သည် သင်တို့ကို ဝတ်ပြုစည်းဝေးကျောင်းမှ ထုတ်ပယ်ကြလိမ့်မည်။ ထိုမျှမက သင်တို့ကိုသတ်သောသူတိုင်း မိမိတို့သည် ဘုရားဝတ်ကိုပြုနေသည်ဟု ထင်မှတ်သောအချိန်ကာလရောက်လာတော့မည်။
ငါထွက်ခွာသွားသည့်နောက် ကြမ်းကြုတ်သောဝံပုလွေများသည် သင်တို့အထဲသို့ဝင်လာ၍ သိုးစုကို ညှာတာလိမ့်မည်မဟုတ်ကြောင်း ငါသိ၏။
သူသည် ငါ၏နာမအတွက် မည်မျှ ဒုက္ခဝေဒနာခံစားရမည်ကို သူ့အား ငါပြသမည်”ဟု မိန့်တော်မူ၏။
ဤတရားလမ်းသို့ လိုက်သောသူကိုတွေ့လျှင် ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ ချည်နှောင်၍ ဂျေရုဆလင်မြို့သို့ ခေါ်ဆောင်လာနိုင်ရန် ဒမတ်စကပ်မြို့ရှိ ဝတ်ပြုစည်းဝေးကျောင်းများသို့ ပေးစာများကို သူ့ထံမှ တောင်းလေ၏။