အို နံနက်သား၊ မိုးသောက်ကြယ်၊ သင်သည် ကောင်းကင်မှ ကျလေပြီတကား။ တိုင်းနိုင်ငံတို့ကို အောင်နိုင်သောသင်သည် မြေသို့တိုင်ခုတ်လှဲခြင်းခံရလေပြီတကား။
လုကာ 10:18 - မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်ကလည်း“စာတန်သည် လျှပ်စီးလက်သကဲ့သို့ မိုးကောင်းကင်မှကျသည်ကို ငါမြင်ရ၏။ Common Language Bible ကိုယ်တော်က ``ကောင်းကင်မှလျှပ်စစ်ကျသကဲ့ သို့စာတန်ကျသည်ကိုငါမြင်ရ၏။- Garrad Bible ကိုယ် တော် က စာ တန် သည် လျှပ် စစ် သ ဖွယ် ကောင်း ကင် မှ ကျ သည် ကို ငါ ရှု မြင် သည်။ Judson Bible ယေရှုကလည်း၊ စာတန်သည် လျှပ်စစ်ကဲ့သို့ ကောင်းကင်မှကျသည်ကို ငါမြင်ပြီ။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ကိုယ်တော်က “စာတန်မာရ်နတ်သည် လျှပ်စီးလက်သကဲ့သို့ ကောင်းကင်မှ ကျလာသည်ကို ငါမြင်၏။ မြန်မာ ယေရှုကလည်း၊ စာတန်သည် လျှပ်စစ်ကဲ့သို့ ကောင်းကင်မှကျသည်ကို ငါမြင်ပြီ။- |
အို နံနက်သား၊ မိုးသောက်ကြယ်၊ သင်သည် ကောင်းကင်မှ ကျလေပြီတကား။ တိုင်းနိုင်ငံတို့ကို အောင်နိုင်သောသင်သည် မြေသို့တိုင်ခုတ်လှဲခြင်းခံရလေပြီတကား။
ယေရှုကလည်း“အချင်းစာတန်၊ ထွက်သွားလော့။ ‘သင်၏ဘုရားသခင်ထာဝရဘုရားကိုရှိခိုး၍ ထိုအရှင်တစ်ပါးတည်းကိုသာ ဝတ်ပြုရမည်’ဟူ၍ ကျမ်းစာ၌ရေးထားသည်”ဟု မိန့်တော်မူ၏။
ယခုသည် ဤလောက၏တရားစီရင်ခြင်းကာလဖြစ်၏။ ဤလောကကိုအုပ်ချုပ်သူသည် ယခု နှင်ထုတ်ခြင်းခံရမည်။
ဤလောကကိုအုပ်ချုပ်သူသည် တရားစီရင်ခြင်းခံရပြီဖြစ်သောကြောင့် တရားစီရင်ခြင်းအကြောင်းကိုလည်းကောင်း ဖော်ပြမည်။
ထိုသားသမီးအားလုံးတို့သည် အသွေးအသားရှိကြသည်ဖြစ်၍ ကိုယ်တော်သည်လည်း သူတို့နည်းတူ ထိုအသွေးအသားကို မျှဝေခံယူတော်မူ၏။ ဤသည်ကား အသေခံတော်မူခြင်းအားဖြင့် သေခြင်း၏တန်ခိုးအရှိန်အဝါကိုပိုင်သောသူဖြစ်သည့် မာရ်နတ်ကို ဖျက်ဆီးလျက်
အပြစ်ကိုပြုနေသောသူသည် မာရ်နတ်နှင့်စပ်ဆိုင်သောသူဖြစ်၏။ အကြောင်းမူကား မာရ်နတ်သည် အစအဦးကပင် အပြစ်ပြုလျက်ရှိ၏။ ဘုရားသခင်၏သားတော်ပေါ်ထွန်းတော်မူခဲ့သည်မှာ မာရ်နတ်၏လုပ်ဆောင်မှုတို့ကို ပယ်ဖျက်ရန်အတွက်ဖြစ်၏။
သူသည် မာရ်နတ်စာတန်ဖြစ်သည့် ရှေးမြွေဟောင်းတည်းဟူသောနဂါးကိုဖမ်းလျက် အနှစ်တစ်ထောင်ချည်နှောင်ထား၍
ပဉ္စမကောင်းကင်တမန်သည် တံပိုးခရာကိုမှုတ်လိုက်သောအခါ ကောင်းကင်မှမြေကြီးပေါ်သို့ကျလာသော ကြယ်တစ်လုံးကို ငါမြင်ရ၏။ ထိုကြယ်အား အတိုင်းမသိနက်ရှိုင်းသောတွင်း၏သော့ကို ပေးအပ်ထား၏။