သင်၏မိခင်နှင့်ဖခင်တို့သည် ဝမ်းမြောက်ကြပါစေ။ သင့်ကိုမွေးဖွားသောသူသည် ရွှင်လန်းပါစေ။
လုကာ 1:31 - မြန်မာ့စံမီသမ္မာကျမ်း သင်သည် သန္ဓေတည်၍ သားယောက်ျားကိုဖွားမြင်လိမ့်မည်။ သူ၏အမည်ကို ယေရှုဟူ၍မှည့်ခေါ်ရမည်။ Common Language Bible သင်သည်ကိုယ်ဝန်ဆောင်၍သားရတနာကို ဖွားမြင်လိမ့်မည်။ ထိုသားကိုယေရှုနာမည် ဖြင့်မှည့်ရမည်။- Garrad Bible နား ထောင် လော့။ သင် သည် သ န္ဓေ ယူ၍ သား ယောက်ျား ကို ဖွား မြင် သ ဖြင့် ယေ ရှု ဟု မှည့် ရ မည်။ Judson Bible သင်သည် ပဋိသန္ဓေစွဲယူ၍ သားယောက်ျားကို ဖွားမြင်လိမ့်မည်။ ထိုသားကို ယေရှုအမည်ဖြင့် မှည့်ရမည်။- ခေတ်သစ်မြန်မာ သမ္မာကျမ်း သင်သည် ကိုယ်ဝန်ဆောင်၍ သားယောက်ျားကို မွေးဖွားလိမ့်မည်။ ထိုသား၏အမည်ကို ယေရှုဟူ၍ မှည့်ရမည်။ မြန်မာ သင်သည် ပဋိသန္ဓေစွဲယူ၍ သားယောက်ျားကို ဖွားမြင်လိမ့်မည်။ ထိုသားကို ယေရှုအမည်ဖြင့် မှည့်ရမည်။- |
သင်၏မိခင်နှင့်ဖခင်တို့သည် ဝမ်းမြောက်ကြပါစေ။ သင့်ကိုမွေးဖွားသောသူသည် ရွှင်လန်းပါစေ။
ဘုရားရှင်ကိုယ်တော်တိုင် သင်တို့အား နိမိတ်လက္ခဏာပေးတော်မူမည်။ ကြည့်ရှုလော့။ အပျိုကညာသည် သန္ဓေတည်၍ သားယောက်ျားကိုဖွားမြင်လိမ့်မည်။ ထိုသား၏အမည်ကို ဧမာနွေလဟုခေါ်ကြလိမ့်မည်။
သူသည် သားယောက်ျားကို ဖွားမြင်လိမ့်မည်။ ထိုသားသည် မိမိ၏လူမျိုးတော်ကို သူတို့၏အပြစ်များမှ ကယ်တင်မည်ဖြစ်သောကြောင့် သူ၏အမည်ကို ယေရှုဟူ၍မှည့်ခေါ်ရမည်”ဟု မြွက်ဆိုလေ၏။
“ကြည့်ရှုလော့။ အပျိုကညာသည် သန္ဓေတည်၍ သားယောက်ျားကိုဖွားမြင်လိမ့်မည်။ ထိုသား၏အမည်ကို ဧမာနွေလဟု ခေါ်ကြလိမ့်မည်”ဟု ပရောဖက်အားဖြင့် မိန့်တော်မူသည့်အရာ ပြည့်စုံခြင်းသို့ရောက်မည့်အကြောင်းတည်း။ (ဧမာနွေလ၏အဓိပ္ပာယ်မှာ “ငါတို့နှင့်အတူရှိတော်မူသောဘုရားသခင်”ဟူ၍ ဖြစ်၏။)
သို့သော် သားယောက်ျားမမွေးဖွားမီတိုင်အောင် မာရိနှင့်မဆက်ဆံဘဲနေ၏။ ထိုသား၏အမည်ကိုလည်း ယေရှုဟုမှည့်ခေါ်လေ၏။
ကောင်းကင်တမန်က “ဇာခရိ၊ ကြောက်ရွံ့ခြင်းမရှိနှင့်။ သင်၏ဆုတောင်းသံကို ဘုရားသခင်နားညောင်းတော်မူပြီ။ သင်၏ဇနီးအဲလစ်ဇဘက်သည် သားယောက်ျားကိုဖွားမြင်လိမ့်မည်။ ထိုသား၏အမည်ကို ယောဟန်ဟုမှည့်ခေါ်ရမည်။
ထိုအပျိုကညာသည် ဒါဝိဒ်အမျိုး၊ ယောသပ်အမည်ရှိသောသူနှင့် စေ့စပ်ထားသူဖြစ်ပြီး သူ၏နာမည်မှာ မာရိဖြစ်၏။
ရှစ်ရက်ပြည့်၍ သူငယ်အား အရေဖျားလှီးခြင်းပေးသောအခါ ဝမ်း၌သန္ဓေမတည်မီ ကောင်းကင်တမန်မှည့်ခေါ်ထားသည့်အတိုင်း သူ့ကို ယေရှုအမည်ဖြင့်မှည့်ခေါ်ကြ၏။
ထိုသို့ ဒါဝိဒ်သည် ခရစ်တော်ကို သခင်ဟု ခေါ်လျှင် ခရစ်တော်သည် မည်ကဲ့သို့ သူ၏သားဖြစ်နိုင်မည်နည်း”ဟု မိန့်တော်မူ၏။
သို့သော် အချိန်ကာလပြည့်စုံခြင်းသို့ရောက်သောအခါ ဘုရားသခင်သည် မိမိ၏သားတော်ကိုစေလွှတ်တော်မူ၍ ထိုသားတော်သည် မိန်းမတစ်ဦးမှမွေးဖွားလျက် ပညတ်တရားအောက်၌ ပေါ်ထွန်းတော်မူ၏။