ကိုယ်တော်သည် အကျွန်ုပ်ကိုပိုင်တော်မူ၏။ အကျွန်ုပ်သည် ကိုယ်တော်၏ဥပဒေသတို့ကို ရှာမှီးပြီဖြစ်၍ အကျွန်ုပ်ကိုကယ်တင်တော်မူပါ။
ရှောလမုန်သီချင်း။ 6:3 - မြန်မာ့စံမီသမ္မာကျမ်း အကျွန်ုပ်ချစ်သူသည် အကျွန်ုပ်ကိုပိုင်ပါ၏။ အကျွန်ုပ်လည်း အကျွန်ုပ်ချစ်သူကိုပိုင်ပါ၏။ သူသည် နှင်းပန်းတောတွင် သိုးထိန်းလေ့ရှိပါ၏။” Common Language Bible ငါချစ်သောနှမ၊ သင်သည်တိရဇမြို့ကဲ့သို့ လှ၏။ ယေရုရှလင်မြို့ကဲ့သို့ တင့်တယ်၏။ စစ်မျက်နှာကဲ့သို့ ကြောက်မက်ဘွယ်ဖြစ်၏။ Garrad Bible ချစ် သူ သည် ကျွန် မ ပိုင်၊ ကျွန် မ လည်း အ ရှင် ပိုင် ဖြစ် ပါ၏။ နှင်း တော၌ ထိန်း ကျောင်း လေ့ ရှိ၏။ Judson Bible ငါချစ်ရာသခင်သည် ငါ့ကိုဆိုင်တော်မူ၏။ ငါသည်လည်း သခင်ကို ဆိုင်ပေ၏။ နှင်းတော၌ ကျက်စားတော်မူ၏။ |
ကိုယ်တော်သည် အကျွန်ုပ်ကိုပိုင်တော်မူ၏။ အကျွန်ုပ်သည် ကိုယ်တော်၏ဥပဒေသတို့ကို ရှာမှီးပြီဖြစ်၍ အကျွန်ုပ်ကိုကယ်တင်တော်မူပါ။
အကျွန်ုပ်ချစ်မြတ်နိုးရသောအရှင်၊ သိုးတို့ကို အဘယ်မှာ ထိန်းကျောင်းသနည်း။ မွန်းတည့်သောအခါ အဘယ်မှာလဲလျောင်းနားနေစေသနည်း။ အကျွန်ုပ်ကို ပြောပြပါ။ အဘယ်ကြောင့် အရှင့်မိတ်ဆွေတို့၏ သိုးအုပ်များကြားတွင် အကျွန်ုပ်သည် ပုန်းလျှိုးကွယ်လျှိုးနေရပါမည်နည်း။”
“အကျွန်ုပ်ချစ်သူကို အကျွန်ုပ်ပိုင်ပါ၏။ အကျွန်ုပ်ကိုလည်း အကျွန်ုပ်ချစ်သူ ပိုင်ပါ၏။ သူသည် နှင်းပန်းတောတွင် သိုးထိန်းလေ့ရှိ၏။
သင့်ရင်သားနှစ်မြွှာသည်လည်း နှင်းပန်းကြားတွင် ကျက်စားသော သမင်ငယ်လေးနှစ်ကောင်၊ အမြွှာဒရယ်ငယ်လေးနှစ်ကောင်တို့နှင့် တူပါ၏။
ထာဝရဘုရားက “ထိုနေ့ရက်များနောက်တွင် အစ္စရေးအမျိုးနှင့် ငါပြုမည့်ပဋိညာဉ်ကား ဤသို့တည်း။ ငါသည် ငါ၏ပညတ်တရားတို့ကို သူတို့၏အသိဉာဏ်ထဲတွင် ထည့်သွင်း၍ သူတို့၏စိတ်နှလုံးပေါ်မှာ ရေးထားမည်။ ငါသည် သူတို့၏ဘုရားဖြစ်ပြီး သူတို့သည်လည်း ငါ၏လူမျိုးတော်ဖြစ်ကြလိမ့်မည်။