ထာဝရအရှင်ဘုရားသခင်သည် ရှုချင်စဖွယ်ကောင်းသော၊ စားဖွယ်ကောင်းသောအပင်အမျိုးမျိုးကို မြေမှပေါက်စေတော်မူ၏။ ဥယျာဉ်အလယ်၌ အသက်ပင်နှင့် အကောင်းအဆိုးသိကျွမ်းရာအပင်ရှိ၏။
ရှောလမုန်သီချင်း။ 6:11 - မြန်မာ့စံမီသမ္မာကျမ်း “ချိုင့်ဝှမ်းလွင်ပြင်ရှိအပင်ငယ်တို့ကို ကြည့်ရှုရန်နှင့် စပျစ်ပင်တို့ အညွန့်ထွက်မထွက်၊ သလဲပင် ပွင့်မပွင့် တွေ့မြင်ဖို့ရန် သစ်သီးခြံသို့ အကျွန်ုပ်ဆင်းသွား၏။ Common Language Bible သတိမရမှီ ငါ့ဝိညာဉ်သည် အမိနဒိပ်ရထားကို စီးသကဲ့သို့ ဖြစ်၏။ Garrad Bible စ ပျစ် ပင် သန် မ သန်၊ သ လဲ ပင် ပွင့် မ ပွင့်၊ ရှု ကြည့် ရန် လည်း ကောင်း၊ ချိုင့် ဝှမ်း ရာ၌ အ ညှောက် အ စို့ ကို ရှု ကြည့် ရန် လည်း ကောင်း၊ Judson Bible ချိုင့်ထဲမှာ သစ်သီးများကို ကြည့်ရှု၍၊ စပျစ်နွယ်ပင် သန်သည် မသန်သည်ကိုလည်းကောင်း၊ သလဲပင်ပွင့်သည် မပွင့်သည်ကိုလည်းကောင်း သိခြင်းငှာ၊ ငါပြုစုသော ဥယျာဉ်သို့ ငါဆင်းသွား၏။ |
ထာဝရအရှင်ဘုရားသခင်သည် ရှုချင်စဖွယ်ကောင်းသော၊ စားဖွယ်ကောင်းသောအပင်အမျိုးမျိုးကို မြေမှပေါက်စေတော်မူ၏။ ဥယျာဉ်အလယ်၌ အသက်ပင်နှင့် အကောင်းအဆိုးသိကျွမ်းရာအပင်ရှိ၏။
ထိုစပျစ်ပင်၌ အခက်သုံးခက်ရှိ၏။ ၎င်းသည် အဖူးထွက်၍ အပွင့်ပွင့်လာပြီး စပျစ်ခိုင်မှစပျစ်သီးတို့သည်လည်း မှည့်လေ၏။
“အို ငါ့နှမ၊ ငါ့သတို့သမီး၊ ငါ့ဥယျာဉ်ထဲသို့ ငါလာပြီ။ မုရန်နှင့် အမွှေးနံ့သာတို့ကို ငါစုသိမ်းပြီ။ ပျားလပို့မှပျားရည်တို့ကို ငါစားပြီ။ စပျစ်ဝိုင်နှင့် နို့ကိုလည်း ငါသောက်ရပြီ။” “အို မိတ်ဆွေတို့၊ စားကြပါ။ အို ချစ်သူတို့၊ သောက်၍ ယစ်မူးကြပါ။”
အကျွန်ုပ် မသိလိုက်မီမှာပင် အကျွန်ုပ်စိတ်သည် အကျွန်ုပ်၏အမျိုးအနွယ်စီးသည့်တော်ဝင်ရထားပေါ်သို့ ရောက်နှင့်လေပြီ။”
“အကျွန်ုပ်ချစ်သူသည် ဥယျာဉ်ထဲတွင် သိုးထိန်းရင်း နှင်းပန်းများကိုခူးဆွတ်ဖို့ရန် မွှေးကြိုင်သောအိပ်ရာရှိရာ သူ၏ဥယျာဉ်သို့ ဆင်းသွားပါ၏။
စောစောထ၍ စပျစ်ခြံသို့သွားကြစို့။ စပျစ်ပင်တို့ အညွန့်ထွက်မထွက်၊ အပွင့် ပွင့်မပွင့်၊ သလဲပင် ပွင့်မပွင့် သွားကြည့်ကြစို့။ ထိုနေရာတွင် အကျွန်ုပ်၏ချစ်ခြင်းမေတ္တာကို အရှင့်အား ပေးအပ်ပါမည်။
ဒူးဒဲပင်တို့ ရနံ့မွှေးကြိုင်လေပြီ။ အို အကျွန်ုပ်ချစ်သူ၊ အရှင့်အဖို့ အရသာရှိသော သစ်သီးအစိမ်းအမှည့်အမျိုးမျိုးကို တံခါးနားတွင် အကျွန်ုပ်သိုထားပါပြီ။
ထိုစဉ် အရွက်များဝေဆာနေသော သဖန်းပင်တစ်ပင်ကို အဝေးမှမြင်၍ ထိုအပင်၌ တစ်စုံတစ်ခုတွေ့လိုတွေ့ငြား အပင်ရှိရာသို့ကြွတော်မူ၏။ သို့သော် ရောက်တော်မူသောအခါ သဖန်းသီးပေါ်ချိန်မဟုတ်သောကြောင့် ၎င်းတွင် အရွက်များမှလွဲ၍ မည်သည့်အရာကိုမျှတွေ့တော်မမူချေ။
ထိုအခါ သူသည် ဥယျာဉ်မှူးအား ‘ကြည့်လော့။ ငါသည် သုံးနှစ်တိုင်တိုင် ဤသဖန်းပင်မှအသီးကိုလာရှာသော်လည်းမတွေ့ရ။ ဤသဖန်းပင်ကိုခုတ်ပစ်လော့။ အဘယ်ကြောင့် မြေကို အကျိုးမဲ့ဖြစ်စေမည်နည်း’ဟု ဆို၏။
သင်တို့သည် ငါ့ကိုရွေးကောက်ကြသည်မဟုတ်။ ငါသာလျှင် သင်တို့ကိုရွေးကောက်သဖြင့် သင်တို့သည်သွားလျက် အသီးကိုသီး၍ သင်တို့၏အသီးတည်မြဲမည့်အကြောင်းနှင့် ငါ့နာမ၌ ခမည်းတော်အား တောင်းလျှောက်သမျှတို့ကို သင်တို့အား ခမည်းတော်ပေးတော်မူမည့်အကြောင်း သင်တို့ကို ငါခန့်ထား၏။
ရက်ပေါင်းအတန်ကြာသောအခါ ပေါလုသည် ဗာနဗအား “သခင်ဘုရား၏နှုတ်ကပတ်တရားကို ငါတို့ဟောပြောခဲ့သောမြို့တိုင်းရှိ ညီအစ်ကိုတို့ထံသို့ ပြန်သွား၍ သူတို့မည်သို့ရှိနေကြသည်ကို ကြည့်ရှုကြကုန်စို့”ဟု ဆို၏။