ဉာဏ်ပညာကိုမြတ်နိုးလော့။ ၎င်းသည် သင့်ကို ချီးမြှောက်လိမ့်မည်။ ဉာဏ်ပညာကိုပွေ့ဖက်လျှင် ၎င်းသည် သင့်ကိုဂုဏ်ပြုချီးမွမ်းလိမ့်မည်။
ရှောလမုန်သီချင်း။ 2:6 - မြန်မာ့စံမီသမ္မာကျမ်း အရှင်၏လက်ဝဲလက်သည် အကျွန်ုပ်အဖို့ ခေါင်းအုံး ဖြစ်ပါ၏။ လက်ယာလက်သည် အကျွန်ုပ်ကို ပွေ့ဖက်ထားပါ၏။ Common Language Bible ယေရုရှလင်မြို့သမီးတို့၊ ငါချစ်သော သတို့သမီး သည် အလိုလိုမနိုးမှီတိုင်အောင်၊ မလှုပ်မနှိုးမည် အကြောင်း၊ တော၌ ကျင်လည်သော သမင်ဒရယ်များကို တိုင်တည်၍ သင်တို့ကို ငါမှာထား၏။ Garrad Bible အ ရှင်၏ လက် ဝဲ လက် သည် ကျွန် မ ဦး ခေါင်း ကို ထူ မ လျက်၊ လက်ျာ လက် လည်း ပိုက် ဖက် ပါ စေ။ Judson Bible သခင်၏လက်ဝဲလက်သည် ငါ့ခေါင်းကို ထောက်မလျက်၊ လက်ယာလက်သည် ငါ့ကိုဖက်လျက် နေတော်မူပါစေ။ |
ဉာဏ်ပညာကိုမြတ်နိုးလော့။ ၎င်းသည် သင့်ကို ချီးမြှောက်လိမ့်မည်။ ဉာဏ်ပညာကိုပွေ့ဖက်လျှင် ၎င်းသည် သင့်ကိုဂုဏ်ပြုချီးမွမ်းလိမ့်မည်။
အို ဂျေရုဆလင်သမီးပျိုတို့၊ တော၌ကျင်လည်သောဒရယ်မလေးများ၊ သမင်မလေးများကို တိုင်တည်ကျိန်ဆိုပါလော့။ ငါ့အချစ်သည် သူ့အလိုလိုမနိုးလာမီတိုင်အောင် သူ့ကို မနှိုးပါနှင့်။ မထစေပါနှင့်။”
သူတို့ကို ကောင်းစားစေရာ၌ ငါနှစ်သက်အားရမည်။ ငါသည် စိတ်စေတနာအပြည့်အဝ၊ စိတ်ဝိညာဉ်အကြွင်းမဲ့ဖြင့် သူတို့ကို ဤပြည်ထဲ၌ အခိုင်အမာနေရာချထားမည်’ဟု မိန့်တော်မူ၏။
သင်၏ဘုရားသခင် ထာဝရဘုရားသည် သင့်အလယ်တွင်ရှိ၍ အားကြီးသောအရှင်သည် သင့်ကို ကယ်တင်လိမ့်မည်။ ကိုယ်တော်သည် သင်နှင့်အတူ ဝမ်းမြောက်ရွှင်လန်းလိမ့်မည်။ ချစ်သောစိတ်ဖြင့် ငြိမ်ဝပ်စွာနေလိမ့်မည်။ သင်နှင့်အတူ ရွှင်လန်းစွာသီချင်းဆိုလိမ့်မည်”ဟု ဆိုလိမ့်မည်။
သတို့သမီးကိုရသောသူသည် သတို့သားဖြစ်၏။ သတို့သား၏အသံကို ရပ်လျက်နားထောင်နေသော သတို့သား၏မိတ်ဆွေမူကား သတို့သား၏အသံကြောင့် ဝမ်းမြောက်ဝမ်းသာဖြစ်၏။ သို့ဖြစ်၍ ငါသည်လည်း ထိုဝမ်းမြောက်ခြင်းနှင့် ပြည့်ဝလျက်ရှိ၏။