အကျွန်ုပ်သည် ရှာရုန်အရပ်၌ပွင့်သောနှင်းဆီပန်း၊ လွင်ပြင်၌ပွင့်သောနှင်းပန်း ဖြစ်ပါ၏။”
ရှောလမုန်သီချင်း။ 2:2 - မြန်မာ့စံမီသမ္မာကျမ်း “မိန်းမပျိုတို့အလယ်တွင် ငါ့ချစ်သူလေးသည် ဆူးပင်များကြားမှနှင်းပန်းကဲ့သို့ ဖြစ်ပါ၏။” Common Language Bible တောပင်စုထဲမှာ ရှောက်ချိုပင်ကဲ့သို့ ငါချစ်ရာ သခင်သည် လူမျိုးသားစုထဲမှာ ဖြစ်တော်မူ၏။ ငါသည် သူ၏အရိပ်ဝယ် ပျော်မွေ့နေထိုင်၍၊ မြိန်စွာသော အသီး ကို စားရ၏။ Garrad Bible ငါ ချစ် ဆွေ လည်း၊ သ တို့ သ မီး စု ထဲ မှာ၊ ဆူး ကြား တွင် နှင်း ပန်း ကဲ့ သို့ ဖြစ်၏။ Judson Bible ဆူးတောထဲမှာ နှင်းပွင့်ထင်သကဲ့သို့၊ ငါချစ်သော သတို့သမီးသည် လူမျိုးသမီးစုထဲမှာ ထင်ပေ၏။ |
အကျွန်ုပ်သည် ရှာရုန်အရပ်၌ပွင့်သောနှင်းဆီပန်း၊ လွင်ပြင်၌ပွင့်သောနှင်းပန်း ဖြစ်ပါ၏။”
“ယောက်ျားများအလယ်တွင် အကျွန်ုပ်ချစ်သူသည် တောသစ်ပင်တို့အလယ်မှ ပန်းသီးပင်ကဲ့သို့ ဖြစ်ပါ၏။ သူ့အရိပ်၌ ခိုနားရသည်ကို အကျွန်ုပ်အလွန်နှစ်သက်ပါ၏။ သူ့အသီးသည်လည်း အကျွန်ုပ်အဖို့ အလွန်ချိုမြိန်၍ အရသာရှိပါ၏။
ဆူးချုံအစား ထင်းရှူးပင်ပေါက်၍ နှင်းဆီရိုင်းပင်အစား မုရတုပင် ပေါက်လိမ့်မည်။ ဤအမှုသည် ထာဝရဘုရားအတွက်အထိမ်းအမှတ်၊ ဖျက်ဆီး၍မရသော ထာဝရအမှတ်လက္ခဏာဖြစ်လိမ့်မည်”ဟု မိန့်တော်မူ၏။
နားထောင်ကြလော့။ ဝံပုလွေများထဲသို့ သိုးတို့ကိုစေလွှတ်သကဲ့သို့ သင်တို့ကို ငါစေလွှတ်၏။ ထို့ကြောင့် မြွေကဲ့သို့လိမ္မာပါးနပ်လျက် ချိုးငှက်ကဲ့သို့ရိုးသားဖြူစင်ကြလော့။
လူမျိုးခြားတို့အလယ်တွင် ကောင်းစွာအသက်ရှင်နေထိုင်ကြလော့။ သို့ပြုလျှင် သူတို့သည် သင်တို့ကို ဒုစရိုက်ပြုသူများအဖြစ် ပုတ်ခတ်ပြောဆိုကြသော်လည်း သင်တို့၏ကောင်းသောအမှုတို့ကိုမြင်၍ အကြည့်အရှုကြွလာတော်မူသောနေ့ရက်၌ ဘုရားသခင်၏ဘုန်းတော်ကိုချီးမွမ်းကြလိမ့်မည်။