ကိုယ်တော်သည် ခပ်သိမ်းသောအရာတို့ကို သူ့အချိန်နှင့်သူလှပအောင်ပြင်ဆင်တော်မူပြီး လူ၏စိတ်နှလုံးထဲ၌ ထာဝရကာလကိုလည်း ထည့်သွင်းထားတော်မူ၏။ သို့သော် အစမှအဆုံးအထိဘုရားသခင်ပြုတော်မူသောအမှုကို လူသည် ရှာဖွေ၍မတွေ့နိုင်။
ရှောလမုန်သီချင်း။ 2:11 - မြန်မာ့စံမီသမ္မာကျမ်း ကြည့်ပါ။ ဆောင်းရာသီ ကုန်ပြီ။ မိုးလည်း ကုန်ဆုံးဆုတ်ခွာသွားလေပြီ။ Common Language Bible မြေကြီးပေါ်မှာ ပန်းများ ပွင့်ကြပြီ။ ငှက်တို့ မြည်တွန်ချိန်လည်း ရောက်လေပြီ။ ငါတို့မြေ၌ ချိုးငှက် တွန်သံကိုလည်း ကြာရ၏။ Garrad Bible ဝ သ န္တ ကုန် လွန်၍၊ မိုး လည်း ကင်း ခဲ့ ပြီ။ Judson Bible ဆောင်းကာလလွန်ပြီ။ မိုးလည်းကြည်လင်ပြီ။ |
ကိုယ်တော်သည် ခပ်သိမ်းသောအရာတို့ကို သူ့အချိန်နှင့်သူလှပအောင်ပြင်ဆင်တော်မူပြီး လူ၏စိတ်နှလုံးထဲ၌ ထာဝရကာလကိုလည်း ထည့်သွင်းထားတော်မူ၏။ သို့သော် အစမှအဆုံးအထိဘုရားသခင်ပြုတော်မူသောအမှုကို လူသည် ရှာဖွေ၍မတွေ့နိုင်။
ငိုကြွေးရသောအချိန်နှင့် ရယ်မောရသောအချိန်ရှိ၏။ မြည်တမ်းရသောအချိန်နှင့် ကခုန်ရသောအချိန်ရှိ၏။
အကျွန်ုပ်ချစ်သူက အကျွန်ုပ်အား ‘လှပသောငါ့ချစ်သူလေး၊ ထပါ။ ငါနှင့်အတူ လိုက်ခဲ့ပါ။
မြေပေါ်မှာ ပန်းများ ပွင့်လေပြီ။ တေးသီချင်းသီဆိုချိန်ရောက်ပြီ။ ငါတို့ပြည်တွင် ချိုးကူသံလည်းကြားရပြီ။
“စစ်ပွဲ ပြီးဆုံးပြီ။ ထာဝရဘုရား၏လက်တော်မှ မိမိအပြစ်အတွက် နှစ်ဆခံယူပြီးပြီဖြစ်၍ အပြစ်လည်း ခွင့်လွှတ်ခြင်းခံရပြီ”ဟု ဂျေရုဆလင်မြို့အား ကြေညာပြီး နှစ်သိမ့်ပေးလော့။
ဝမ်းနည်းကြေကွဲသောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား သူတို့သည် နှစ်သိမ့်ခြင်းကိုခံစားရကြလိမ့်မည်။
အဘယ်ကြောင့်ဆိုသော် တစ်ချိန်က သင်တို့သည် အမှောင်ဖြစ်ခဲ့သော်လည်း ယခုအခါ သခင်ဘုရား၌ အလင်းဖြစ်ကြ၏။ အလင်း၏သားသမီးများကဲ့သို့ အသက်ရှင်လျှောက်လှမ်းကြလော့။