လူတို့ကလည်း “သို့ဖြစ်လျှင် သင်သည် မည်ကဲ့သို့မျက်စိမြင်လာသနည်း”ဟု မေးမြန်းကြ၏။
ရှင်ယောဟန် 9:9 - မြန်မာ့စံမီသမ္မာကျမ်း လူအချို့တို့က “ထိုသူပင်ဖြစ်သည်”ဟု ဆိုကြ၏။ အချို့တို့ကလည်း “မဟုတ်ပါ။ ထိုသူနှင့်တူရုံသာဖြစ်သည်”ဟု ဆိုကြ၏။ သူကိုယ်တိုင်က “အကျွန်ုပ်ပင်ဖြစ်သည်”ဟု ဆို၏။ Common Language Bible လူအချို့တို့က ``ဟုတ်ပါသည်'' ဟူ၍လည်းကောင်း၊ အချို့က ``ထိုသူမဟုတ်၊ ထိုလူနှင့်တူသူဖြစ်၏'' ဟူ၍လည်းကောင်းဆိုကြ၏။ သူကိုယ်တိုင်ကမူ ``အကျွန်ုပ်သည်ထိုသူပင်တည်း'' ဟုဆို၏။ Garrad Bible အချို့ကမဟုတ်ပါ၊ အဟန်တူသည်ဟုဆိုကြသော် သူကကျွန်တော်ပင်တည်းဟုပြန်ဆို၏။ Judson Bible လူအချို့က၊ ဟုတ်ကဲ့ဟုဆိုကြ၏။ အချို့ကလည်း၊ ထိုသူနှင့်တူသည်ဟု ဆိုကြ၏။ ထိုသူကလည်း၊ အကျွန်ုပ်သည် ထိုသူပင်ဖြစ်သည်ဟု ဆို၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း တချို့က “ထိုသူပင်ဖြစ်၏” ဟု ဆိုကြ၏။ တချို့က “ထိုသူ မဟုတ်ပါ။ သူနှင့် တူသောသူဖြစ်၏” ဟူ၍လည်း ပြောဆိုကြ၏။ ထိုသူက “ကျွန်ုပ်သည် ထိုသူပင် ဖြစ်ပါ၏” ဟု ဆိုလေ၏။ မြန်မာ လူအချို့က၊ ဟုတ်ကဲ့ဟုဆိုကြ၏။ အချို့ကလည်း၊ ထိုသူနှင့်တူသည်ဟု ဆိုကြ၏။ ထိုသူကလည်း၊ အကျွန်ုပ်သည် ထိုသူပင်ဖြစ်သည်ဟု ဆို၏။- |
လူတို့ကလည်း “သို့ဖြစ်လျှင် သင်သည် မည်ကဲ့သို့မျက်စိမြင်လာသနည်း”ဟု မေးမြန်းကြ၏။
ထိုအခါ အိမ်နီးချင်းများနှင့် ယခင်က သူသည် သူတောင်းစားဖြစ်ခဲ့ကြောင်းကို သိမြင်သောသူတို့က “ဤသူသည် ထိုင်လျက်တောင်းစားနေခဲ့သူမဟုတ်လော”ဟု ဆိုကြ၏။