ကမ္ဘာမြေကြီးပေါ်ရှိလူမျိုးအပေါင်းတို့သည် သင်၏အမျိုးအနွယ်အားဖြင့် ကောင်းချီးမင်္ဂလာခံစားရကြလိမ့်မည်။ အကြောင်းမူကား သင်သည် ငါ့စကားကိုနားထောင်သောကြောင့်ဖြစ်၏”ဟု မြွက်ဆို၏။
ရှင်ယောဟန် 8:56 - မြန်မာ့စံမီသမ္မာကျမ်း သင်တို့အဖအာဗြဟံသည် ငါ၏နေ့ရက်ကိုတွေ့မြင်ရမည်ဖြစ်၍ ရွှင်မြူးလျက် တွေ့မြင်ရသောအခါ ဝမ်းမြောက်လေ၏”ဟု မိန့်တော်မူ၏။ Common Language Bible သင်တို့အဖအာဗြဟံသည်ငါကြွလာ မည့်ခေတ်ကာလနှင့်ကြုံကြိုက်ရမည်ဖြစ် ၍နှစ်ထောင်းအားရ၏။ ထိုခေတ်ကာလနှင့် ကြုံကြိုက်ရသောအခါ၌လည်းရွှင်လန်း ဝမ်းမြောက်၏'' ဟုမိန့်တော်မူ၏။ Garrad Bible သင်တို့အဘအာဗြဟံသည် ငါ့နေ့ရက်နှင့်တွေ့ကြုံမည်ဟု ရွှင်လန်းလျက်တွေ့ကြုံရသဖြင့် သာယာသည်ဟု မိန့်တော်မူ၏။ Judson Bible သင်တို့အဘ အာဗြဟံသည် ငါကြွလာမည့်အချိန်ကာလကို မြော်မြင်ခြင်းငှာ အလွန်အလိုရှိ၏။ မြင်ရသောအခါ ဝမ်းမြောက်ခြင်းသို့ ရောက်သည်ဟု မိန့်တော်မူ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း သင်တို့၏ ဖခင်ကြီးအာဗြဟံသည် ငါကြွလာမည့် နေ့ရက်ကို တွေ့မြင်ရမည်ဖြစ်၍ ရွှင်မြူးခဲ့၏။ တွေ့မြင်ရသောအခါ၌လည်း ဝမ်းမြောက်ခဲ့၏” ဟု မိန့်တော်မူ၏။ မြန်မာ သင်တို့အဘ အာဗြဟံသည် ငါကြွလာမည့်အချိန်ကာလကို မြော်မြင်ခြင်းငှာ အလွန်အလိုရှိ၏။ မြင်ရသောအခါ ဝမ်းမြောက်ခြင်းသို့ ရောက်သည်ဟု မိန့်တော်မူ၏။- |
ကမ္ဘာမြေကြီးပေါ်ရှိလူမျိုးအပေါင်းတို့သည် သင်၏အမျိုးအနွယ်အားဖြင့် ကောင်းချီးမင်္ဂလာခံစားရကြလိမ့်မည်။ အကြောင်းမူကား သင်သည် ငါ့စကားကိုနားထောင်သောကြောင့်ဖြစ်၏”ဟု မြွက်ဆို၏။
သင်တို့အား ငါအမှန်ဆိုသည်ကား များစွာသောပရောဖက်တို့နှင့် ဖြောင့်မတ်သောသူတို့သည် သင်တို့မြင်နေရသောအရာတို့ကိုမြင်ရရန်အလွန်အလိုရှိသော်လည်း မမြင်ခဲ့ရကြပေ။ သင်တို့ကြားနေရသောအရာတို့ကိုကြားရရန် အလွန်အလိုရှိသော်လည်းမကြားခဲ့ရကြပေ။
သင်တို့အား ငါဆိုသည်ကား များစွာသောပရောဖက်တို့နှင့် ရှင်ဘုရင်တို့သည် သင်တို့မြင်နေရသောအရာတို့ကိုမြင်ရရန် အလိုရှိသော်လည်း မမြင်ခဲ့ရကြပေ။ သင်တို့ကြားနေရသောအရာတို့ကိုကြားရရန် အလိုရှိသော်လည်း မကြားခဲ့ရကြပေ”ဟု သူတို့ကိုသာ သီးခြားမိန့်တော်မူ၏။
ယေရှုကလည်း“သင်တို့ကို ငါပြောခဲ့သော်လည်း သင်တို့မယုံကြည်ကြ။ ငါ့ခမည်းတော်၏နာမတော်အားဖြင့် ငါပြုနေသောအမှုများသည် ငါ့အကြောင်းကိုသက်သေခံလျက်ရှိ၏။
သင်တို့သည် အာဗြဟံ၏အမျိုးအနွယ်ဖြစ်ကြောင်းကို ငါသိ၏။ သို့ရာတွင် ငါ၏တရားစကားသည် သင်တို့ထဲ၌နေရာမရသောကြောင့် သင်တို့သည် ငါ့ကိုသတ်ရန် ရှာကြံနေကြ၏။
ထိုသူတို့က “အကျွန်ုပ်တို့၏အဖသည် အာဗြဟံဖြစ်သည်”ဟု ဆိုကြ၏။ ယေရှုကလည်း“သင်တို့သည် အာဗြဟံ၏သားသမီးများဖြစ်ကြသည်မှန်လျှင် အာဗြဟံပြုသောအမှုများကို ပြုကြလိမ့်မည်။
ထိုသူအပေါင်းတို့သည် ကတိပေးတော်မူသောအရာများကို မခံစားရသော်လည်း ၎င်းတို့ကို အဝေးမှလှမ်းမြင်၍ ကြိုဆိုလက်ခံကာ မိမိတို့သည် မြေကြီးပေါ်၌ အာဂန္တုများနှင့်သူစိမ်းဧည့်သည်များသာဖြစ်ကြောင်း ဝန်ခံလျက် ယုံကြည်ရင်းသေလွန်ကြ၏။
ဤသူအပေါင်းတို့သည် ယုံကြည်ခြင်းအားဖြင့် ချီးကျူးခံရကြသော်လည်း ကတိပေးတော်မူသောအရာကို မရရှိခဲ့ကြချေ။