လူအများတို့သည် သန့်ရှင်း၍ အပြစ်ကင်းစင်အောင် စစ်ကြောခြင်းခံရကြလိမ့်မည်။ ဆိုးယုတ်သောသူတို့သည် ဆိုးယုတ်သောအမှုတို့ကိုသာ ပြုလိမ့်မည်။ ဆိုးယုတ်သူတစ်ယောက်မျှ သိနားလည်မည်မဟုတ်။ ပညာရှိသောသူတို့မူကား သိနားလည်ကြလိမ့်မည်။
ရှင်ယောဟန် 8:47 - မြန်မာ့စံမီသမ္မာကျမ်း ဘုရားသခင်နှင့်စပ်ဆိုင်သောသူသည် ဘုရားသခင်၏စကားတော်တို့ကိုနားထောင်၏။ သင်တို့နားမထောင်ကြခြင်းမှာ သင်တို့သည် ဘုရားသခင်နှင့်မစပ်ဆိုင်ကြသောကြောင့်ဖြစ်၏”ဟု မိန့်တော်မူ၏။ Common Language Bible ဘုရားသခင်၏ထံမှဖြစ်ပွားသူသည်ဘုရား သခင်၏စကားတော်ကိုနားထောင်တတ်၏။ သင် တို့သည်ဘုရားသခင်၏ထံမှဖြစ်ပွားသူ များမဟုတ်သောကြောင့်နားမထောင်ကြ'' ဟု မိန့်တော်မူ၏။ Garrad Bible ဘုရားသခင့်ထံမှဖြစ်ပွားသူသည် ဘုရားသခင့်ဗျာဒိတ်တော်ကိုနာယူတတ်၏။ သင်တို့သည် ဘုရားသခင့်ထံမှမဖြစ်ပွားသောကြောင့် မနာမယူကြချေဟု မိန့်တော်မူ၏။ Judson Bible ဘုရားသခင်နှင့်စပ်ဆိုင်သောသူသည် ဘုရားသခင်၏စကားတော်ကို နားထောင်တတ်၏။ သင်တို့သည် ဘုရားသခင်နှင့်မစပ်ဆိုင်သောကြောင့် နားမထောင်ကြဟု မိန့်တော်မူ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ဘုရားသခင်၏လူ ဖြစ်လျှင် ဘုရားသခင်၏စကားကို နားထောင်လိမ့်မည်။ သင်တို့သည် ဘုရားသခင်၏ လူမဟုတ်သောကြောင့် နားမထောင်ကြ” ဟု မိန့်တော်မူ၏။ မြန်မာ ဘုရားသခင်နှင့်စပ်ဆိုင်သောသူသည် ဘုရားသခင်၏စကားတော်ကို နားထောင်တတ်၏။ သင်တို့သည် ဘုရားသခင်နှင့်မစပ်ဆိုင်သောကြောင့် နားမထောင်ကြဟု မိန့်တော်မူ၏။ |
လူအများတို့သည် သန့်ရှင်း၍ အပြစ်ကင်းစင်အောင် စစ်ကြောခြင်းခံရကြလိမ့်မည်။ ဆိုးယုတ်သောသူတို့သည် ဆိုးယုတ်သောအမှုတို့ကိုသာ ပြုလိမ့်မည်။ ဆိုးယုတ်သူတစ်ယောက်မျှ သိနားလည်မည်မဟုတ်။ ပညာရှိသောသူတို့မူကား သိနားလည်ကြလိမ့်မည်။
ငါ့ကိုငြင်းပယ်၍ ငါ့စကားတို့ကိုလက်မခံသောသူအား ပြစ်ဒဏ်စီရင်သောသူရှိ၏။ ငါဟောပြောခဲ့သည့်တရားစကားကပင် နောက်ဆုံးသောနေ့၌ ထိုသူကိုပြစ်ဒဏ်စီရင်လိမ့်မည်။
ထို့ကြောင့် ပိလတ်မင်းက “သို့ဖြစ်လျှင် သင်သည် ဘုရင်ပေလော”ဟု ဆိုလျှင် ယေရှုက“သင်ဆိုသည့်အတိုင်း ငါသည်ဘုရင်ပေတည်း။ ငါသည် သမ္မာတရားဘက်၌သက်သေခံရန် မွေးဖွားခြင်းကိုခံ၍ ထိုအတွက်ပင် ဤလောကသို့ကြွလာ၏။ သမ္မာတရားနှင့်စပ်ဆိုင်သောသူတိုင်း ငါ့အသံကိုနားထောင်၏”ဟု ပြန်၍မိန့်တော်မူ၏။
သင်တို့အား ငါအမှန်အကန်ဆိုမည်။ သေလွန်သောသူတို့သည် ဘုရားသခင်သားတော်၏အသံကိုကြား၍ ကြားသောသူတို့သည် အသက်ရှင်မည့်အချိန်ရောက်လာမည်ဖြစ်ရာ ယခုပင်ရောက်လာလေပြီ။
ထို့နောက် ကိုယ်တော်က“ဤအကြောင်းကြောင့် ခမည်းတော်သည် အခွင့်ပေးတော်မမူလျှင် မည်သူမျှ ငါ့ထံသို့မလာနိုင်ဟု သင်တို့အား ငါပြောခဲ့ပြီ”ဟူ၍ မိန့်တော်မူ၏။
သင်တို့သည် အာဗြဟံ၏အမျိုးအနွယ်ဖြစ်ကြောင်းကို ငါသိ၏။ သို့ရာတွင် ငါ၏တရားစကားသည် သင်တို့ထဲ၌နေရာမရသောကြောင့် သင်တို့သည် ငါ့ကိုသတ်ရန် ရှာကြံနေကြ၏။
သင်တို့သည် ငါပြောဆိုသောစကားကို အဘယ်ကြောင့်နားမလည်ကြသနည်း။ ငါ၏တရားစကားကို သင်တို့နာယူနိုင်စွမ်းမရှိသောကြောင့်ဖြစ်၏။
ဖြောင့်မတ်ခြင်းတရားကိုမကျင့်သုံးသောသူတိုင်းသည် ဘုရားသခင်နှင့်မစပ်ဆိုင်။ မိမိညီအစ်ကိုကိုမချစ်သောသူသည်လည်း ဘုရားသခင်နှင့်မစပ်ဆိုင်။ ဤသို့သောအားဖြင့် ဘုရားသခင်၏သားသမီးများနှင့် မာရ်နတ်၏သားသမီးများကို ခွဲခြားသိရှိနိုင်၏။
ယေရှုသည် ခရစ်တော်ဖြစ်သည်ဟု ယုံကြည်သောသူတိုင်းသည် ဘုရားသခင်ထံမှပေါက်ဖွားလာသောသူဖြစ်၏။ ပေါက်ဖွားစေတော်မူသောအရှင်ကို ချစ်သောသူတိုင်းသည် ထိုအရှင်ထံမှပေါက်ဖွားလာသောသူကိုလည်းချစ်၏။
ခရစ်တော်၏သွန်သင်ချက်၌မတည်ဘဲ ၎င်းကိုကျော်လွန်သောသူတိုင်းသည် ဘုရားသခင်ကိုမရရှိပေ။ ထိုသွန်သင်ချက်၌တည်သောသူသည် ခမည်းတော်နှင့်သားတော်ကိုရရှိ၏။
ချစ်ရသောသူ၊ မကောင်းသောအမှုကိုအတုမယူဘဲ ကောင်းသောအမှုကိုအတုယူလော့။ ကောင်းသောအမှုကိုပြုသောသူသည် ဘုရားသခင်နှင့်စပ်ဆိုင်၏။ မကောင်းသောအမှုကိုပြုသောသူမူကား ဘုရားသခင်ကို မသိမမြင်ဖူးချေ။