သစ္စာရှိသောလေဝိအမျိုးသားတံခါးမှူးလေးယောက်မှာ ဘုရားသခင်၏အိမ်တော်ဘဏ္ဍာတိုက်နှင့် အခန်းများကို စောင့်ကြပ်ပေးရ၏။
ရှင်ယောဟန် 8:20 - မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်သည် ဗိမာန်တော်၌သွန်သင်တော်မူစဉ် ဤစကားတို့ကို အလှူခံသေတ္တာအနီးတွင် မိန့်တော်မူ၏။ သို့ရာတွင် ကိုယ်တော်၏အချိန်မရောက်သေးသောကြောင့် မည်သူမျှ ကိုယ်တော်ကိုမဖမ်းဆီးကြချေ။ Common Language Bible ကိုယ်တော်သည်ဤစကားတော်များကိုဗိမာန် တော်အတွင်းအလှူခံသတ္တာများထားရာအခန်း ၌ ဟောပြောသွန်သင်စဉ်မိန့်တော်မူသတည်း။ သို့ ရာတွင်ကိုယ်တော်၏အချိန်မကျသေးသဖြင့် မည်သူမျှကိုယ်တော်ကိုမဖမ်းမဆီးကြ။ Garrad Bible ဗိမာန်တော်အတွင်းအလှူတိုက်အနီး ဒေသနာပေးလျက်မိန့်တော်မူ၏။ အချိန်နာရီတော်မရောက်သေးသောကြောင့် မည်သူမျှကိုယ်တော်ကိုမဖမ်းဖြစ်ကြ။ Judson Bible ဗိမာန်တော်၌ ဆုံးမဩဝါဒပေးတော်မူစဉ် ဤစကားတော်ကို ဘဏ္ဍာတိုက်မှာ မိန့်မြွက်တော်မူ၏။ ကိုယ်တော်၏အချိန် မစေ့မရောက်သေးသောကြောင့် အဘယ်သူမျှ ကိုယ်တော်ကိုမဖမ်းဆီးကြ။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ကိုယ်တော်သည် ဗိမာန်တော်၏ အလှူခွက်ထားရာနေရာအနီးတွင် သွန်သင်တော်မူစဉ် ဤစကားတော်တို့ကို မိန့်တော်မူ၏။ သို့သော်လည်း ကိုယ်တော်၏အချိန် မကျရောက်သေးသောကြောင့် မည်သူမျှ မဖမ်းဆီးကြ။ မြန်မာ ဗိမာန်တော်၌ ဆုံးမဩဝါဒပေးတော်မူစဉ် ဤစကားတော်ကို ဘဏ္ဍာတိုက်မှာ မိန့်မြွက်တော်မူ၏။ ကိုယ်တော်၏အချိန် မစေ့မရောက်သေးသောကြောင့် အဘယ်သူမျှ ကိုယ်တော်ကိုမဖမ်းဆီးကြ။ |
သစ္စာရှိသောလေဝိအမျိုးသားတံခါးမှူးလေးယောက်မှာ ဘုရားသခင်၏အိမ်တော်ဘဏ္ဍာတိုက်နှင့် အခန်းများကို စောင့်ကြပ်ပေးရ၏။
ထိုအချိန်တွင် ယေရှုသည် လူအစုအဝေးတို့အား“သင်တို့သည် ဓားပြကိုဖမ်းသကဲ့သို့ တုတ်၊ ဓားများကိုင်ဆောင်လျက် ငါ့ကိုဖမ်းဆီးရန်လာကြသလော။ ငါသည် နေ့တိုင်း ဗိမာန်တော်၌ထိုင်လျက် သွန်သင်နေခဲ့သော်လည်း သင်တို့သည် ငါ့ကိုမဖမ်းဆီးကြ။
ယဇ်ပုရောဟိတ်အကြီးအကဲတို့သည် ထိုငွေများကိုယူ၍ “သွေးဖိုးငွေဖြစ်သောကြောင့် ဘဏ္ဍာတိုက်ထဲသို့မသွင်းအပ်”ဟု ဆိုလျက်
ထို့နောက် ကိုယ်တော်သည် အလှူခံသေတ္တာဘက်သို့မျက်နှာမူလျက် ထိုင်တော်မူ၍ လူတို့သည် ကြေးဒင်္ဂါးကို အလှူခံသေတ္တာထဲသို့ ထည့်နေကြပုံကို ကြည့်ရှုတော်မူ၏။ ချမ်းသာသောသူများစွာတို့သည် အမြောက်အမြားထည့်ကြ၏။
ထိုအခါ ကိုယ်တော်သည် တပည့်တော်တို့ကိုခေါ်၍“သင်တို့အား ငါအမှန်ဆိုသည်ကား ဤဆင်းရဲသောမုဆိုးမသည် အလှူခံသေတ္တာထဲသို့ ထည့်သောသူအားလုံးထက် ပို၍ထည့်လေပြီ။
ကျမ်းပြုဆရာများနှင့် ယဇ်ပုရောဟိတ်အကြီးအကဲများသည် မိမိတို့အားရည်ညွှန်း၍ ဤပုံဥပမာကိုမိန့်တော်မူကြောင်း သိကြသဖြင့် ထိုအချိန်မှာပင် ကိုယ်တော်ကိုဖမ်းဆီးရန် ရှာကြံကြ၏။ သို့သော် သူတို့သည် လူတို့ကိုကြောက်ကြ၏။
ထို့နောက် ကိုယ်တော်သည် မျှော်ကြည့်၍ ချမ်းသာသောသူတို့သည် အလှူခံသေတ္တာထဲသို့ မိမိတို့၏အလှူငွေများထည့်နေကြသည်ကို မြင်တော်မူ၏။
ထိုအခါ ဂျူးလူမျိုးတို့သည် ကိုယ်တော်ကိုဖမ်းဆီးရန် ကြိုးစားကြပြန်၏။ သို့ရာတွင် ကိုယ်တော်သည် သူတို့၏လက်မှလွတ်မြောက်၍ ကြွသွားတော်မူ၏။
ယေရှုကလည်း“အသင်အမျိုးသမီး၊ ဤအမှု၌ သင်နှင့်ငါ မည်သို့ဆိုင်သနည်း။ ငါ့အချိန်မရောက်သေး”ဟု မိန့်တော်မူ၏။
ပွဲတော်ကာလ ထက်ဝက်မျှလွန်သောအခါ ယေရှုသည် ဗိမာန်တော်သို့တက်သွား၍ သွန်သင်တော်မူ၏။
ထိုအခါ လူတို့သည် ကိုယ်တော်ကိုဖမ်းဆီးရန်ကြိုးစားကြသော်လည်း ကိုယ်တော်၏အချိန်မရောက်သေးသောကြောင့် မည်သူမျှကိုယ်တော်ကိုမဖမ်းဆီးကြချေ။
သူတို့ထဲမှ အချို့တို့သည် ကိုယ်တော်ကိုဖမ်းဆီးလိုကြသော်လည်း မည်သူမျှ ကိုယ်တော်ကိုမဖမ်းဆီးကြချေ။
ပွဲတော်သို့ သင်တို့တက်သွားကြလော့။ ငါ့အချိန်မပြည့်စုံသေးသဖြင့် ဤပွဲတော်သို့ ငါမသွား”ဟု
အရုဏ်တက်ချိန်၌ ဗိမာန်တော်သို့ နောက်တစ်ဖန်ကြွတော်မူရာ လူအပေါင်းတို့သည် အထံတော်သို့ရောက်လာကြသဖြင့် ကိုယ်တော်သည် ထိုင်၍သူတို့အား သွန်သင်တော်မူ၏။
ထိုအခါ ဂျူးလူမျိုးတို့သည် ကိုယ်တော်ကိုပေါက်ရန် ကျောက်ခဲတို့ကိုကောက်ယူကြ၏။ သို့သော် ယေရှုသည် တိမ်းရှောင်၍ဗိမာန်တော်မှ ထွက်ခွာသွားတော်မူ၏။