“သင်တို့သည် မည်မျှကြာအောင် မတရားသဖြင့်စီရင်၍ ဆိုးယုတ်သောသူတို့ကို မျက်နှာလိုက်ကြမည်နည်း။(စေလာ)
ရှင်ယောဟန် 7:24 - မြန်မာ့စံမီသမ္မာကျမ်း အပြင်ပန်းအားဖြင့် လူကိုမစီရင်ဘဲ တရားမျှတစွာစီရင်ကြလော့”ဟု မိန့်တော်မူ၏။ Common Language Bible အပြင်အပလက္ခဏာကိုထောက်၍မစီရင် မဆုံးဖြတ်ကြနှင့်။ အမှန်တရားအတိုင်း စီရင်ဆုံးဖြတ်ကြလော့'' ဟုမိန့်တော်မူ၏။ Garrad Bible မျက်မြင်လက္ခဏာအတိုင်း မဆုံးဖြတ်ကြနှင့်။ ဖြောင့်မှန်စွာဆုံးဖြတ်ကြလော့ဟု မိန့်တော်မူ၏။ Judson Bible မျက်နှာကိုသာကြည့်၍ မစီရင်ကြနှင့်။ တရားသဖြင့် စီရင်ကြလော့ဟု မိန့်တော်မူ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း အပြင်ပန်းလက္ခဏာကို ကြည့်၍ မစီရင်ကြနှင့်။ တရားမျှတစွာ စီရင်ကြလော့” ဟု မိန့်တော်မူ၏။ မြန်မာ မျက်နှာကိုသာကြည့်၍ မစီရင်ကြနှင့်။ တရားသဖြင့် စီရင်ကြလော့ဟု မိန့်တော်မူ၏။ |
“သင်တို့သည် မည်မျှကြာအောင် မတရားသဖြင့်စီရင်၍ ဆိုးယုတ်သောသူတို့ကို မျက်နှာလိုက်ကြမည်နည်း။(စေလာ)
ဆိုးယုတ်သောသူကို ဖြောင့်မတ်သည်ဟုသတ်မှတ်သောသူနှင့် ဖြောင့်မတ်သောသူကို အပြစ်ရှိသည်ဟုစီရင်သောသူနှစ်ဦးစလုံးကို ထာဝရဘုရားစက်ဆုပ်ရွံရှာတော်မူ၏။
ထို့ပြင် ဤအရာများကား ပညာရှိတို့၏စကားဖြစ်၏။ တရားစီရင်ရာ၌ မျက်နှာလိုက်ခြင်းသည် မကောင်းပေ။
ထိုသူတို့သည် တံစိုးလက်ဆောင်ကြောင့် ဆိုးယုတ်သောသူကို ဖြောင့်မတ်သည်ဟုစီရင်၍ ဖြောင့်မတ်သောသူတို့၏ဖြောင့်မတ်ခြင်းကို ဖယ်ရှားတတ်ကြ၏။
တရားစီရင်ရာတွင် မတရားသဖြင့် မစီရင်ရ။ ဆင်းရဲသောသူကို ဘက်မလိုက်ရ။ ချမ်းသာသောသူကိုလည်း မလိုက်လျောရ။ သင်၏အိမ်နီးချင်းကို ဖြောင့်မတ်စွာတရားစီရင်ရမည်။
“ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက ‘အမှန်ကို အမှန်အတိုင်းစီရင်ဆုံးဖြတ်ကြလော့။ တစ်ဦးကိုတစ်ဦး မေတ္တာကရုဏာ ပြကြလော့။ သနားစုံမက်ကြလော့။
ထိုအခါ ဂျေရုဆလင်မြို့သားအချို့တို့က “ဤသူသည် သူတို့သတ်ရန် ရှာကြံနေသောသူမဟုတ်လော။
သင်တို့သည် အပြင်ပန်းသဏ္ဌာန်ကိုသာ ကြည့်နေကြ၏။ မည်သူမဆို မိမိကိုယ်ကို ခရစ်တော်နှင့်ဆိုင်သောသူဖြစ်သည်ဟု ယုံမှတ်လျှင် သူသည် ခရစ်တော်နှင့်ဆိုင်သောသူဖြစ်သကဲ့သို့ ငါတို့သည်လည်း ခရစ်တော်နှင့်ဆိုင်သောသူဖြစ်ကြောင်း သူကိုယ်တိုင် ပြန်လည်ဆင်ခြင်သိမှတ်ပါစေ။
ငါ့ညီအစ်ကိုတို့၊ ဘုန်းအသရေနှင့်ပြည့်စုံတော်မူသော ငါတို့သခင်ယေရှုခရစ်တော်ကို ယုံကြည်ခြင်းအရာ၌ မျက်နှာလိုက်ခြင်းမရှိကြနှင့်။
သင်တို့သည် အချင်းချင်းကြား၌ လူတန်းစားခွဲခြား၍ မကောင်းသောတွေးတောကြံစည်မှုတို့ဖြင့် တရားစီရင်သူများဖြစ်ကြပြီမဟုတ်လော။
သို့သော် မျက်နှာလိုက်လျှင် သင်တို့သည် အပြစ်ပြုကြသည်ဖြစ်၍ ဖောက်ဖျက်ကျူးလွန်သူအဖြစ် ပညတ်တရားအားဖြင့် အပြစ်ဖော်ပြခြင်းကိုခံရမည်။