ရှင်ယောဟန် 6:24 - မြန်မာ့စံမီသမ္မာကျမ်း လူထုပရိသတ်သည် ထိုအရပ်၌ ယေရှုမှစ၍တပည့်တော်တို့ပါ မရှိကြောင်းကိုသိမြင်သဖြင့် ထိုလှေငယ်များပေါ်တက်ပြီးလျှင် ယေရှုကိုရှာရန် ကပေရနောင်မြို့သို့သွားကြ၏။ Common Language Bible လူပရိသတ်သည်ထိုအရပ်တွင်သခင်ယေရှု သည်လည်းကောင်း၊ တပည့်တော်တို့သည်လည်း ကောင်းမရှိကြောင်းကိုသိမြင်သောအခါ ထို လှေများပေါ်သို့တက်၍ကိုယ်တော်ကိုရှာရန် ကပေရနောင်မြို့သို့သွားကြ၏။ Judson Bible ထိုအရပ်၌ ယေရှုမှစသော တပည့်တော်တို့မရှိသည်ကို သိကြသဖြင့်၊ နက်ဖြန်နေ့၌ လှေစီး၍ ယေရှုကိုရှာခြင်းငှာ ကပေရနောင်မြို့သို့ သွားကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း လူထုသည်လည်း ထိုနေရာတွင် ယေရှုနှင့် တပည့်တော်တို့ မရှိကြောင်း သိသောအခါ ရောက်လာသောလှေများပေါ်သို့ တက်၍ ယေရှုကို ရှာရန် ကပေရနောင်မြို့သို့ သွားကြ၏။ မြန်မာ ထိုအရပ်၌ ယေရှုမှစသော တပည့်တော်တို့မရှိသည်ကို သိကြသဖြင့်၊ နက်ဖြန်နေ့၌ လှေစီး၍ ယေရှုကိုရှာခြင်းငှာ ကပေရနောင်မြို့သို့ သွားကြ၏။ |
ကိုယ်တော်ကိုတွေ့လျှင် “လူအားလုံးသည် ကိုယ်တော်ကို လိုက်ရှာနေကြပါသည်”ဟု လျှောက်ကြ၏။
ထို့နောက် သူတို့သည် ပင်လယ်ကိုကူး၍ ဂင်နေသရက်မြို့သို့ရောက်သဖြင့် လှေကိုဆိုက်ကပ်ကြ၏။
ယေရှုပြန်ကြွလာသောအခါ လူထုပရိသတ်တို့သည် ကိုယ်တော်ကိုကြိုဆိုကြ၏။ အကြောင်းမူကား သူတို့အားလုံးသည် ကိုယ်တော်ကိုစောင့်မျှော်နေကြ၏။
ယေရှုကလည်း“အသင်မိန်းမ၊ အဘယ်ကြောင့်ငိုကြွေးနေသနည်း။ မည်သူ့ကိုရှာနေသနည်း”ဟု မေးတော်မူ၏။ မာရိသည် ကိုယ်တော်ကို ဥယျာဉ်စောင့်ဖြစ်သည်ဟုထင်မှတ်၍ “အရှင်၊ အရှင်သည် သူ့ကိုယူသွားခဲ့လျှင် အဘယ်မှာထားသည်ကို ကျွန်မအားပြောပါ။ သူ့ကိုကျွန်မယူသွားပါမည်”ဟု ဆိုလေ၏။
လှေပေါ်တက်ပြီးလျှင် ပင်လယ်တစ်ဖက်ကမ်းရှိ ကပေရနောင်မြို့သို့ ကူးသွားကြ၏။ မိုးချုပ်ပြီဖြစ်သော်လည်း ယေရှုသည် သူတို့ထံသို့မရောက်လာသေး။
သို့သော် တိဗေရိမြို့မှ အခြားလှေငယ်များသည် သခင်ဘုရားကျေးဇူးတော်ချီးမွမ်း၍ လူများမုန့်ကိုစားခဲ့ရာအရပ်အနီးသို့ ရောက်လာကြသောအခါ
ယေရှုကလည်း“သင်တို့အား ငါအမှန်အကန်ဆိုမည်။ သင်တို့ငါ့ကိုရှာကြသည်မှာ နိမိတ်လက္ခဏာများကိုမြင်ရသောကြောင့်မဟုတ်။ မုန့်ကိုစား၍ဝသောကြောင့်သာဖြစ်၏။
ကိုယ်တော်သည် ကပေရနောင်မြို့၌ သွန်သင်တော်မူစဉ် ဤအကြောင်းအရာများကို ဝတ်ပြုစည်းဝေးကျောင်းတွင် မိန့်တော်မူ၏။
ထိုပွဲတော်တွင် ဂျူးလူမျိုးတို့သည် ကိုယ်တော်ကိုလိုက်ရှာလျက် “ထိုသူသည် အဘယ်မှာရှိသနည်း”ဟု မေးမြန်းကြ၏။